NhaungThakhit(Nway)
အာရောဂျံပရမံလာဘံ ဟုကျန်းမာရေးအကြောင်းပြောလိုက်မည်ဆိုလျှင်အိပ်စက်ခြင်းမှာလည်းတစ်ထောင့်တစ်နေရာကအရေးကြီးအရေးပါနေသည့်အချက်တစ်ချက်ပင်ဖြစ်ပါသည်။
ညအိပ်ပြီဆိုလျှင်လူတိုင်းနီးပါးအိမ်မက်မက်တတ်ကြပါသည်။မက်သည့်အိမ်မက်များကိုလည်းအဓိပ္ပါယ်ကောက်ယူချက်များစွာဖြင့်ကောက်ယူမှူတွေလည်းရှိနေပါသည်။
ဘာကြောင့်အိမ်မက်မက်ရပါသနည်း။
အိမ်မက်မက်ရသည့်အကြောင်းအရာကိုဘယ်လိုဘယ်ပုံကြောင့်ဖြစ်သည်ဟုသိပ္ပံပညာရှင်တွေရဲ့လုံလောက်စွာသက်သေပြမှုတွေကတော့မရှိနေသေးပါဘူး။အများစုကတော့နေ့ဘက်မှာဖြစ်ပေါ်သည့်အကြောင်းအရာများကိုညဘက်မှာပြန်လည်၍ဦးနှောက်ကသတိရသည်ဟု
ယူဆထားကြပါတယ်။
အိပ်စက်ရာမှာCycle (၂)ခုနဲ့အိပ်စက်ကြပါတယ်။
အ့တာတွေက REM ရယ် Non REMရယ်ပါ။
အိမ်မက်အများစုကREMအဆင့်မှာမက်လေ့ရှိကြပါတယ်။Non REMမှာလည်းမက်တတ်ပေမယ့်မသေချာမရေရာတဲ့အိမ်မက်မျိုးပဲမက်ပါတယ်။
အိမ်မက်အများစုဟာအိပ်ပျော်ခါစREMအဆင့်နှင့်နိုးခါနီး(အိမ်မက်အများစုဟာအိပ်ပျော်ခါစREMအဆင့်နှင့်နိုးခါနီး ၁ နာရီအတွင်းမှာအဖြစ်အများဆုံးဖြစ်ပါတယ်။
REMအဆင့်မှာအိမ်မက်အများစုမက်တာဖြစ်လို့အိမ်မက်မမက်ဘူးဆိုရင်REMအဆင့်မရှိလိုက်ဘူးလို့ပြောနိုင်ပါတယ်။ဒါကိုအိပ်ရေးမဝဘူးလို့အကြမ်းအားဖြင့်သတ်မှတ်ပါတယ်။
ခေါင်းစဥ်ကိုပြန်ကောက်ကြပါစို့......
အိမ်မက်မက်တာဟာပုံမှန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုသာဖြစ်ပါတယ်။
ဒီလိုမက်လာတဲ့အိမ်မက်တွေကိုမှတ်မိအောင်လုပ်နိုင်မယ့်အချို့သောနည်းလမ်းတွေလည်းရှိနေပါတယ်။
ဒါတွေကတော့...
ဒီနည်းလမ်းတွေကအများစုကိုမှတ်မိနိုင်မယ်လို်တပ်အပ်မပြောနိုင်ပေမယ့်အနည်းငယ်အသုံးဝင်မယ်လို့ယုံကြည်ပါတယ်။......။
Keep Reading