Juno
လူဆိုတာ နောင်တရသင့်လား ?
လူဆိုတာ နောင်တရသင့်လားဆိုတဲ့မေးခွန်းအပေါ်မှာ
ကိုယ့်အမြင် ၊ သူ့အမြင် စသည်ဖြင့် အမြင်များစွာ ရှိကြပါတယ်။
ဘယ်သူက မှန်တယ် ၊ မှားတယ်ဆိုတာကို
ထောက်ခံတာမျိုး မရှိတဲ့အတွက်
စာရေးသူတစ်ယောက်အနေနဲ့ကတော့
" လူဆိုတာ နောင်တရသင့်ပါတယ် " ဆိုတဲ့ ဘက်ကပါ။
ဘာကြောင့်လဲဆိုရင် လူဆိုတာက
အမှားနဲ့မကင်းတဲ့ လူစားမျိုးပါ။
နောင်တရသင့်တယ်ဆိုတဲ့ ကိစ္စကို မပြောခင်မှာ
နောင်တမရသင့်ဘူးဆိုတဲ့ဘက်ကနေ
ကိုယ့်အမြင်ကိုလည်း အနည်းငယ် ရေးသားဖော်ပြချင်ပါတယ်။
နောင်တရတယ်ဆိုတာ မကောင်းဘူး ၊ မဖြစ်သင့်ဘူး၊
နောင်တ မရအောင်
ကိုယ်ပြောမဲ့စကားကို မပြောခင် ၊
ကိုယ်လုပ်ရတော့မဲ့အရာကို မလုပ်ခင်မှာ
ကြိုတင်စဥ်းစားသင့်တာ မှန်ပါတယ်။
လူဆိုတာက ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်မှုတွေပဲ ရှိရှိ
အမှားဆိုတဲ့ အရာလေးတွေကို
မထင်မှတ်ပဲ လုပ်တတ်ကြပါတယ်။
အမှားနဲ့ကင်းတဲ့သူဆိုတာ ခပ်ရှားရှားပါ ၊
နောင်တကင်းအောင် နေထိုင်ရင်တော့ ကောင်းပါတယ်။
တချို့လူတွေအနေနဲ့က နောင်တရရင်
ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တွေမြင်ပြီး
နောင်တဆိုတဲ့နွံကနေ ရုန်းမထွက်နိုင်ပဲ နေထိုင်သွားတတ်ကြပြီး
ရှေ့မဆက်နိုင်ကြတာတွေ ရှိလို့ နောင်တ မရသင့်ဘူး စသည်ဖြင့် ပြောတတ်ကြပါတယ်။
ကိုယ့်အနေနဲ့ကတော့ နောင်တရသင့်တယ်လို့ မြင်မိတယ်။
ဘာကြောင့်လဲဆိုရင် ကိုယ်ကအပြစ်တခုလုပ်မိတယ်ပဲထား
အဲ့အရာကို ထပ်လုပ်မိခါနီးမှာ သတိထားမိပြီး
"ဪ ငါဒီလိုလုပ်လိုက်ရင်တော့ အရင်တခါလို ထပ်ဖြစ်မှာ" ၊ ငါဒီအရာကို ထပ်လုပ်မဲ့အစား
စဉ်းစားဆင်ခြင်နောင်တရပြီးတော့မှ
အမှားကို ပြင်ဆင်သင့်တယ် / ပြင်ဆင်မယ်နိုင်လို့ မြင်မိလို့ပါ။
နောင်တရပါ ( နောင်တဆိုတာ ရသင့်ပါတယ် )
နောင်တရမှ အမှားတွေကို မြင်နိုင်မယ် ။
လူဆိုတာ အမှားနဲ့မကင်းဘူး ၊
မင်းဟာ အမှားနဲ့ကင်းတဲ့သူဆိုရင် မင်းဟာ လူမဟုတ်တော့ဘူး ။
အမှားတွေလုပ်ခွင့်ရှိတယ် ဒါပေမဲ့
အမှားတွေကို ထပ်ခါထပ်ခါ မလုပ်မိဖို့ လိုပါတယ်။ )
ကျွန်မတို့အရှေ့တိုင်းနဲ့အနောက်တိုင်း
မတူတာက ဘာလဲဆိုရင်
ကျွန်မတို့အရှေ့တိုင်းက လူတွေက
သူတို့ရှေးလူကြီးတွေ ငယ်ငယ်ကတည်းက
ကျင့်သုံးလာခဲ့တဲ့ နည်းစနစ်အတိုင်း
သူတို့ ကလေးတွေကို သုံးစေချင်ကြတယ်။
ဒီအတွက်ဆိုရင် ဒါပဲ
ဒါအတွက်ဆိုရင် ဒါပဲ
အတွန့်မတက်နဲ့
ဒါသည်သာ အမှန်
ကလေးတွေက ဝေဖန်ထောက်ပြကြတဲ့အခါ
မင်းတို့ဟာ အမှား စသည်ဖြင့်
အမှန်ကို အမှားထင်တတ်ကြတယ်။
အမှားလုပ်မိရင် အမှန်ဖြစ်အောင်ဆိုပြီး ဖုံးဖိတတ်ကြတယ်။
အမှားတွေများလာတဲ့အခါမှာ စိတ်တွေ လုံခြုံမှု မရှိတော့ဘူး ၊ အမြဲတမ်း စိတ်တွေထိတ်လန့်ပြီး
ကြောက်လန့်နေတတ်ကြတယ်။
အနောက်တိုင်းနိုင်ငံတွေမှာတော့ အဲ့လို မဟုတ်ပါဘူး ၊
ကြိုက်သလောက်မှားခွင့်ရှိတယ် ။
အထူးသဖြင့် သိပ္ပံပညာရှင်တွေကို ကြည့်ရင် ပိုသိသာပါတယ်။
သူတို့လိုချင်တဲ့အဖြေတွေ မရမချင်း
အမှားတွေများစွာ ပြုလုပ်ပြီးကြမှ
လိုချင်တဲ့အဖြေကို ရကြတာပါ။
လူဆိုတာ နောင်တရသင့်ပါတယ်၊
နောင်တရတိုင်းတော့ ကောင်းတာ မဟုတ်ပါဘူး
နောင်တရပြီး ဆင်ခြင်ဖို့လည်း လိုပါသေးတယ်။
ကိုယ့်ရွေးချယ်မှု ၊ ကိုယ့်ဆုံးဖြတ်ချက်တွေကို လေးစားပါ ။
စာဖတ်သူတွေအနေနဲ့လည်း
ကိုယ်နောင်တရမဲ့ ကိစ္စမျိုးမှာလည်း
ရွေးချယ်မှု မှန်ကန်ကြပါစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Juno
6_8_2024 ?
Keep Reading