Author's Profile Photo

SarPhat Author

3/12/2023

“လမ်းလျှောက်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချရာဝယ်”

2 mins read
Life Style
Health
General Knowledge
“လမ်းလျှောက်ခြင်းဖြင့် 
ကိုယ်အလေးချိန်လျှော့ချရာဝယ်”'s photo

လမ်းလျှောက်ခြင်းကို ပုံမှန်ပြုလုပ်ခြင်းအားဖြင့် အဆီတွေကျဖို့ ခက်ခဲပါသလား။ လွယ်ကူ သလား ဆိုတဲ့ မေးခွန်းကို စာဖတ်သူနဲ့ စာရေးသူတို့ တူတူအဖြေရှာကြည့်ရအောင်။ လမ်းလျှောက် ခြင်းဆိုတာ ပြေးခြင်း၊ကြွက်သားလေ့ကျင့်ခန်းနဲ့ အပြင်းအထန် လေ့ကျင့်ခန်း အချို့ရဲ့ အခြေခံ ပါပဲ။ ဒါကြောင့် လမ်းလျှောက်ခြင်းကို အားကစားတစ်ခုအဖြစ် အသေအချာ အသိအမှတ်ပြုသင့်တယ်လို့ ပညာရှင်အချို့က အကြံပြုကြပါတယ်။အခြား လေ့ကျင့်ခန်းတွေ၊အားကစားတွေလိုမျိုး ကယ်လိုရီ အများကြီး လောင်ကျွမ်းတာမျိုး မဖြစ်စေပေမယ့် ခန္ဓာကိုယ်ရဲ့ ကျန်းမာကြံ့ခိုင်မှုတွေအတွက်အကျိုး ကျေးဇူးတွေ အများကြီး ရှိနေပါတယ်။

?လမ်းလျှောက်ခြင်းအကျိုးကျေးဇူးများ ?

ကျန်းမာရေး ကောင်းမွန်ပြီး လိုအပ်တဲ့ ခန္ဓာကိုယ်အလေးချိန်အတိုင်း ရရှိစေဖို့ တခြားသော လေ့ကျင့်ခန်းတွေအပြင် လမ်းလျှောက်ခြင်း အလေ့အကျင့်ကိုပါ ပြုလုပ်သင့်ပါတယ်။လမ်းလျှောက် ခြင်းအားဖြင့် နှလုံးကျန်းမာရေး ကောင်းမွန်စေပြီး အနာရောဂါများကိုလည်း သက်သာစေပါတယ်။ စွမ်းအင်တွေကိုလည်း တိုးမြှင့်ပေးပြီး စိတ်ခံစားချက်များ ကောင်းမွန်စေနိုင်ပါသေးတယ်။
အကောင်းဆုံးအချက်ကတော့ ပင်ပင်ပန်းပန်း တကူးတက ပြုလုပ်စရာ မလိုအပ်ဘဲ ခန္ဓာ ကိုယ် လှုပ်ရှား ဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ပုံမှန်လှုပ်ရှားတာထက် သတိလေးကပ်ပြီး လမ်းလျှောက် ခြင်း အလေ့အကျင့်ကို စနစ်တကျ မွေးမြူကာ သတိလေးကပ်မယ်ဆိုရင်တော့ ကယ်လိုရီတွေ လောင်ကျွမ်းလို့ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချနိုင်မှာပဲဖြစ်ပါတယ်။

(၁) လှေကား သို့မဟုတ် မတ်စောက်များပေါ်တွင် လမ်းလျှောက်ခြင်း

နှလုံးခုန်နှုန်းမြန်ပြီး အဆီတွေကို လောင်ကျွမ်းစေဖို့အတွက် ပုံမှန်ရိုးရိုးလမ်းမှာလမ်းလျှောက် တာထက် လှေကား၊တောင်ကုန်းစတာမျိုးတွေမှာ လမ်းလျှောက်ခြင်းက သင့် လောင်ကျွမ်း မှုကို ပိုမို ထိရောက်စေနိုင်ပါတယ်။ တင်ပါးကြွက်သား၊ ခြေသလုံး အကြောတွေ ကိုလည်း သက်ရောက်စေ တာကြောင့် ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်လေးကိုပါ ပိုင်ဆိုင်ရရှိစေနိုင်မှာပဲဖြစ်ပါတယ်။

(၂)သွက်သွက်လက်လက် လျှောက်ပါ

မြန်မြန်လမ်းလျှောက်လေ၊ ကယ်လိုရီတွေ လောင်ကျွမ်းရလေပါပဲ။ပထမဦးဆုံး ပုံမှန်လမ်း လျှောက်မယ့် လမ်းကြောင်းတစ်ခုကို ရှာဖွေသင့်ပါတယ်။ရောက်ရှိနိုင်မယ့် ပုံမှန်ကြာချိန်ကိုမှတ်သား ထားပြီး နောက်အကြိမ်တွေမှာ ဘယ်နှမိနစ် စောစောရောက်မလဲ ဆိုတာကို တွက်ချက်ရင်း စိန်ခေါ်မှုတွေ ပြုလုပ်နည်းဟာ ပျော်ရွှင်စရာကောင်းမယ်လို့ မျှော်လင့်ပါတယ်။

(၃) ခွန်အားအနည်းငယ်ပေါင်းထည့်ပါ

လမ်းလျှောက်ခြင်းနဲ့ ပေါင်းစပ်ရနိုင်တဲ့ ခုန်ခြင်း၊ရှေ့တိုးနောက်ဆုတ်လမ်းလျှောက်ထိုင်ခြင်း (lunges)စတာတွေကို လုပ်တောင်ခြင်းဟာ လမ်းလျှောက်ခြင်းအပြင် ကြွက်သားတွေ ရရှိဖို့ အရေးကိုပါ အပိုထပ်ဆောင်းပေးလိုက်သလိုပါပဲ။ကြွက်သားရရှိဖို့ လှုံ့ဆော်မှုများလေ၊ ကယ်လိုရီ တွေ လောင်ကျွမ်းလေပဲဖြစ်ပါတယ်။ခုံတစ်ခုံ (သို့မဟုတ်) မြက်ခင်းတစ်ခုကို ရှာဖွေပြီး ထိုင်ထ လေ့ကျင့်ခန်း၊ဒိုက်ထိုး လေ့ကျင့်ခန်း စတဲ့ ခွန်အားသုံးလေ့ကျင့်ခန်းတွေကိုပါ ကြိုက်သလို ပေါင်းစပ် ပြုလုပ်နိုင်ပါသေးတယ်။

(၄) သီချင်းနားထောင်ပါ

တက်ကြွစေတဲ့ သီချင်းတွေကို နားထောင်ခြင်းဟာ လူ့စိတ်ကို တက်ကြွစေပြီး မသိလိုက် ချိန်မှာပဲ လမ်းလျှောက်မြန်စေနိုင်ပါတယ်။ ဒီလိုနဲ့ ကယ်လိုရီပိုလောင်ကျွမ်းရနိုင်ပြီး နောက်ဆုံး တွေ့ ရှိထားတဲ့ လေ့လာမှု တစ်ခုအရ သီချင်းမြူးမြူးကြွကြွ နားထောင်ခြင်းဟာ လုပ်ဆောင်ရည် တိုးမြှင့် လာစေပြီး စိတ်ဓာတ်ခွန်အားကိုလည်း မြှင့်တင်ပေးပါတယ်။

(၅) ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ရှားမှုပြုလုပ်ပါ

ခြေထောက်တွေကိုပဲ မလှုပ်ရှားစေဘဲနဲ့ လက်တွေကိုပါ အလိုက်သင့် ရွှေ့ထားတာဟာ လမ်းလျှောက်ခြင်း အရှိန်ကိုလည်း မြန်လာစေပြီး နှလုံးခုန်နှုန်းကိုပါ မြန်စေနိုင်ပါတယ်။

(၆) အပိုင်းအခြားသတ်မှတ်ပါ

လမ်းလျှောက်ရာမှာ တဆက်တည်း ခပ်မြန်မြန် လမ်းလျှောက်တာထက် အချိန်အပိုင်း အခြားလေးတွေနဲ့ သတ်မှတ်ထားတာလည်း အကျိုးရလဒ်ကောင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဥပမာ ဆယ်မိနစ်ခန့် လမ်းအမြန်လျှောက်ပြီး ၃၀ စက္ကန့်ခန့် ဖြည်းဖြည်း လမ်းပြန်လျှောက်ခြင်း မျိုးပါ။ဒီလို အပိုင်းအခြားနဲ့ လမ်းလျှောက်ခြင်းဟာ ပုံမှန်လမ်းလျှောက်ခြင်းထက် ကယ်လိုရီ တွေကို ၂၀ ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။

(၇)ကြွက်သား _ စိတ် ဆက်သွယ်မှုကို သတိထားပါ

လမ်းလျှောက်ခြင်း အပါအဝင် လေ့ကျင့်ခန်းတွေကို ပြုလုပ်ရာမှာ သတိတရားရှိရှိ ပြုလုပ် ခြင်းအားဖြင့် ကြွက်သားဖြစ်ပေါ်မှုကို တွန်းအားဖြစ်စေပါတယ်။ခြေလှမ်းတစ်ခုစီတိုင်းမှာ လှုပ်ရှား နေပါလားဆိုတဲ့ အသိရှိလေ ခန္ဓာကိုယ်က လောင်ကျွမ်းလိုက်တဲ့ ကယ်လိုရီတွေကို သိရှိလေ ဆိုပြီး တိုက်ရိုက် ချိတ်ဆက်နေပါတယ်။


(၈) ပြိုင်ဆိုင်ပါ

သူငယ်ချင်းမိတ်ဆွေတစ်ယောက်ယောက်နဲ့ အတူပြုလုပ်သင့်ပြီး ဘာတွေ ဖြစ်ရမယ်ဆိုပြီး ရည်မှန်းချက် သတ်မှတ်ထားသင့်ပါတယ်။သင်ပျင်းနေချိန်တွေမှာ သူက ဆွဲခေါ်ပြီး သူပျင်းနေ ချိန်မှာ သင်ကဆွဲခေါ်လို့ နေ့စဉ် လမ်းလျှောက်ခြင်းအားဖြင့် ကယ်လိုရီတွေ လောင်ကျွမ်းနိုင်ပါတယ်။

(၉) အကြောလျှော့ခြင်းနဲ့ အဆုံးသတ်ပါ

လမ်းလျှောက်မှုအဆုံးမှာ အကြောလျှော့ခြင်းနဲ့ ကြွက်သားတင်းရင်းမှုတွေကို ဖြေလျှော့ ခြင်းဟာ ထိခိုက်ဒဏ်ရာရမှုမှ ကင်းဝေးစေပြီး ခန္ဓာကိုယ်နေထိုင်မှုစနစ်ကောင်းလာစေကာ သွေး လည်ပတ်မှုကို လှုံ့ဆော်ပေးလို့ ကြွက်သားတွေကို ပိုမိုသက်ရောက်စေနိုင်မှာပါပဲ။

ဘဝမှာ အကောင်းဆုံး နေထိုင်ခြင်းအတွက် လမ်းလျှောက်ခြင်း

နံနက်ခင်း နေထွက်ချိန်တွေမှာ လမ်းလျှောက်ခြင်း အရသာဟာ တစ်နေ့တာလုံး အကြံဉာဏ် ကောင်းတွေ ဖြစ်ပေါ်စေတတ်သလို ညနေခင်း လေပြည်လေညှင်းကို ရှူရှိုက်ကာလမ်းလျှောက်ခြင်း ကလည်း စိတ်အနားယူ အပန်းဖြေစေနိုင်ပါတယ်။
လမ်းလျှောက်ခြင်း အလေ့အကျင့်ကို စနစ်တကျ မွေးမြူရင်း ၊ ထိထိရောက်ရောက် လုပ် ဆောင်ရင်း အဆီလောင်ကျွမ်းခြင်းနဲ့ အတူ ဆန္ဒရှိကြတဲ့ ပန်းတိုင်တွေ ရောက်ရှိနိုင်ကြပါစေ။ ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)