Author's Profile Photo

Tainlwhar

6/08/2024

"ထက်မြတ်တဲ့မိန်းမသားတွေဟာ"

1 min read
Life Style
Personal Development
"ထက်မြတ်တဲ့မိန်းမသားတွေဟာ"'s photo

ထက်မြတ်တဲ့မိန်းမသားတိုင်းဟာ ဒူးရင်းသီးနှင့်တူကြတယ်...

ဒူးရင်းသီးရဲ့ ပုံပန်းသွင်ပြင်ကိုတော့ သူငယ်တန်းအရွယ်က "ဒူရင်းသီးနှင့်နာနတ်သီး"ပညာပေးကဗျာလေးကို သင်ခဲ့ရတာကြောင့်သိပြီးကြလိမ့်မယ်လို့ ထင်မြင်မိတယ်။

ဒူးရင်းသီးကိုအပြင်ပန်းကကြည့်ရင် စူးချွန်တွေနဲ့ဖုံးကွယ်ထားပြီး လူတစ်ချို့အတွက်တော့ သူ့ရဲ့အနံ့ဟာလည်း စူးရှပြင်းထန်နေတတ်တယ်။

သို့ပေမဲ့လည်း ဒူးရင်းသီးကိုတကယ်နှစ်သက်သူကသာလျှင် သူ့ရဲ့အနံ့ကိုခံနိုင်ပြီး အတွင်းထဲက ဝါဝါ၀င်း၀င်းနဲ့အသားပြည့်ပြီး အရသာရှိတဲ့အနှစ်ကိုစားနိုင်ကြလိမ့်မယ်။

အဲ့လိုပါပဲ...ထက်မြတ်တဲ့မိန်းမသားတိုင်းဟာ အပြင်ပန်းကြည့်ရင် ခက်ထန်မာကျောပုံပေါက်ပြီး မနာလိုမုန်းတီးသူတွေကလည်းပေါများတတ်တာကြောင့် တော်ရုံလူဆိုမကပ်ရဲပဲရှိန်နေတတ်ကြတယ်။

ဒါပေမဲ့...အဲ့ဒီမိန်းကလေးကို တကယ်ချစ်မြတ်နိုးပြီး သူမရဲ့အချစ်နဲ့ထိုက်တန်သူသာလျှင် ဒီမိန်းကလေးရဲ့နူးညံ့ဖော်ရွေတဲ့ အတွင်းစိတ်ရင်းအမှန်ကိုသိပြီး သူမရဲ့အရာရာကိုတန်ဖိုးထားပေလိမ့်မယ်...??

#Tainlwhar

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်