SarPhat Author
အလေးမခြင်းပြုလုပ်မယ်ဆိုရင် ကြွက်သားထုတွေ ဖြစ်လာတယ်လို့ အများစုက တွေးမြင် ယောင်တတ်ကြပါတယ်။ပထမဦးဆုံး မှားနေတဲ့ ဒီအချက်ကို မေ့ထား
သင့်ပါတယ်။
Cardio လေ့ ကျင့်ခန်းတွေမှာ သူ့အကျိုးနဲ့သူ ရှိပါတယ်။အလေးမခြင်းက ကြွက်သားထု တည်ဆောက်ခြင်းကို တိုးတက်စေရုံသာမကဟော်မုန်းညီမျှစေခြင်း၊အစာခြေဖျက်မှုစနစ်ကောင်းစေခြင်း၊အရိုးကျန်းမာရေး တိုးတက်စေခြင်းအပြင် ခန္ဓာကိုယ်ကို ပြောင်းလဲစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။
Cardio နဲ့ ခွန်အားလေ့ကျင့်ခြင်း(Strength Training)-အမျိုးသမီးများ ဟော်မုန်းညီမျှဖို့ အတွက် ဘယ်ဟာ ပိုကောင်းသလဲ ?
Cardio လေ့ကျင့်ခန်းက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများပါတယ်။ ဟော်မုန်းညီညွတ် မျှတစေဖို့အတွက် ဆိုရင်တော့ ခွန်အား လေ့ကျင့်ခြင်းက ပိုကောင်းစေပါတယ်။Cardio လေ့ကျင့် ခန်းတွေဟာ နှလုံးကျန်းမာရေးအတွက် ကောင်းစေပေမယ့် အလေးမခြင်းလို ဟော်မုန်းညီညွတ် စေဖို့ ကောင်းကျိုးပြုနိုင်မှာတော့ မဟုတ်ပါဘူး။Cardio လေ့ကျင့်ခန်းတွေနဲ့ မတူဘဲ ခွန်အား လေ့ကျင့်ခန်းတွေဟာ ကြွက်သားကို ညီညွတ်စေပြီး ခန္ဓာကိုယ် စွမ်းအင်ကို ပိုကောင်းမွန်စေနိုင်ပါ တယ်။ဒါကြောင့် အမျိုးသမီးတို့အတွက် အဓိက အကျိုးကျေးဇူးကြီး တစ်ခုလည်း ဖြစ်ပါတယ်။
▶️အက်စရိုဂျင် ညီမျှမှု
အမျိုးသမီးကျန်းမာရေးအတွက် အသက်သွေးကြောတစ်ခုလို အရေးကြီးတဲ့ ဟော်မုန်းဟာ အက်စရိုဂျင်ဟော်မုန်းဖြစ်ပြီး အမျိုးသမီးများ မျိုးပွါးရေးနဲ့ ကျန်သော ကျန်းမာရေးတွေမှာ များစွာ အထောက်အပံ့ဖြစ်ပါတယ်။
အလေးမခြင်းက အက်စရိုဂျင်ပမာဏကို လည်ပတ်မှုကို ညီညွတ်မျှတစေသလို ဟော်မုန်း မညီမျှမှုဖြစ်ပါက အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။
▶️အင်ဆူလင်တုံ့ပြန်မှုကို တိုးတက်စေခြင်း
ခွန်အားလေ့ကျင့်ခန်းတွေက အင်ဆူလင်တုံ့ပြန်မှုကို တိုးတက်လာစေပါတယ်။သွေးတွင်း သကြားဓာတ်ကို မျှတစေတယ်။အင်ဆူလင်တုံ့ပြန်မှုတိုရတက်လာခြင်းဆိုတာ ခန္ဓာကိုယ်က အင်ဆူ လင်ဓာတ်ကို အကျိုးရှိစွာ အသုံးချနိုင်ခြင်းကိုပဲ ဆိုလိုပါတယ်။အလေးမ ခွန်အားလေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်မယ်ဆိုရင် အင်ဆူလင်ခုခံအားကောင်းလာပြီး ဟော်မုန်းပြဿနာတွေ ဖြစ်တော့မှာ မဟုတ်ပါဘူး။
အလေးမခြင်းဟာ အမျိုးသမီးတွေအတွင် အထက်ပါ ညီညွတ်မျှတမှုကိုပေးပြီး အောက်ပါ အခြင်းအရာတွေကို ကောင်းမွန်စေနိုင်ပါတယ်။
(၁)ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ ကောင်းမွန်လာခြင်း
ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ အကြောင်းပြောကြတဲ့အခါ အလေးမခြင်းဟာ အမျိုး သမီးတွေကို ကျစ်လျစ်တိကျတဲ့ ခန္ဓာကိုယ်ပုံစံ ရှိစေတယ်ဆိုတဲ့ အချက်ကို ငြင်းဆိုနိုင်မှာ မဟုတ်ပါဘူး။အမျိုးသမီးတွေအတွက် ကြွက်သားရှိလာမှာ ဆိုပေမယ့် ထုအကြီးကြီး ဖြစ်နေမှာ မဟုတ်ပါဘူး။အစာအာဟာရမှီဝဲမှု စနစ်မကျရင် ပိုလို့တောင် ကြွက်သားထု မဖြစ်ပေါ်နိုင်ပါသေး တယ်။အမျိုးသားတွေမှာ တက်စရိုတုန်း ပမာဏ မြင့်တာကြောင့် ပိုသိသာထင်ရှားတဲ့ ကြွက်သား တွေက မြင်ရဖွယ်ရှိတာကြောင့်လည်း ဖြစ်ပါတယ်။အမျိုးသမီးတွေမှာ တက်စရိုတုန်း ပမာဏ လျော့နည်းတာကြောင့် ကြွက်သားတွေကို ကျစ်လျစ်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ပိုတိကျပြီး ကျစ်လျစ် ပေါ်လွင်တဲ့ သွင်ပြင် ရှိနိုင်တာပဲ ဖြစ်ပါတယ်။
(၂)အရိုးကျန်းမာရေး ကောင်းမွန်လာခြင်း
အလေးမခြင်းကြောင့် အရိုးကျန်းမာရေးကောင်းမွန်စေနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါ တယ်။အမျိုးသမီးတွေအတွက် အရိုးပွခြင်းနဲ့ အရိုးသိပ်သည်းဆ လျော့နည်းခြင်းက ဖြစ်တတ်တဲ့ ရောဂါတွေ ဖြစ်တာကြောင့် အရိုးကျန်းမာရေး တိုးတက်လာစေဖို့အတွက် အလေးမသင့်ပါတယ်။ အလေးမတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ချိန်မှာ အရိုးအပေါ်ထားတဲ့ဖိအားဟာ အရိုးတစ်သျှူး သစ်ဖြစ်ပေါ်လာဖို့ ကူညီပေးတဲ့အပြင် အရိုးသိပ်သည်းဆကို မြင့်တက်စေနိုင်ပါတယ်။ဒါဟာ အရိုးကွဲအက်ခြင်းနဲ့ အရိုးပွရောဂါ ဖြစ်နိုင်ချေကိုလျော့ကျစေတာပဲ ဖြစ်ပါတယ်။ဆက်လက်ပြီး အကျိုးဆက်အနေနဲ့ အရိုးကျန်းမာရေး ကောင်းမွန်လာပြီး ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာရေးကိုပါ ကောင်းမွန်လာစေနိုင်မှာ ဖြစ်ပါတယ်။
(၃)အစာခြေဖျက်မှုနှုန်း တိုးမြှင့်လာခြင်း
အစာခြေဖျက်မှုကောင်းအောင် ဘာလုပ်ရမလဲ။ရိုးရှင်းတဲ့ အဖြေကတော့ အလေးမဖို့ပါပဲ။ အလေးမခြင်းက အစာခြေဖျက်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။Cardio လေ့ကျင့်ခန်းက ကယ်လိုရီ တွေ လောင်ကျွမ်းစေပေမယ့် ကြွက်သားထုသေးသေးလေးတွေ ဖြစ်လာဖို့ အလေးမခြင်းက ကူညီ ပေးနေမှာဖြစ်ပါတယ်။ထို့အတူ အစာခြေဖျက်မှုနှုန်းကိုလည်း တိုးမြှင့်စေနိုင်မှာပါ။
အမျိုးသမီးတွေအတွက် အသက်ကြီးလာတာနဲ့အမျှ အစာခြေဖျက်မှုက နှေးကွေးလာ တတ်ပါတယ်။ဒီလိုနဲ့ ကိုယ်အလေးချိန်တိုးလာမယ်။ စွမ်းအင်လျော့နည်းလာမယ်။သို့ပေမယ့် အလေးမလေ့ကျင့်ခန်းကိုပါ တခြားလေ့ကျင့်ခန်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင်တော့ အစာ ခြေပြဿနာအပြင် ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေပါ ကောင်းမွန်လာနိုင်မှာ ဖြစ်ပါတယ်။
(၄)နာတာရှည်ကျန်းမာရေး ပြဿနာဖြစ်နိုင်မှု အလားအလာ လျှော့ချပေးခြင်း
အလေးမခြင်းကြောင့် အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ ဆီးချိုရောဂါ၊နှလုံးရောဂါ ဖြစ်နိုင် ခြေကို လျော့နည်းစေပါလိမ့်မယ်။
(၅)မိမိကိုယ်ကို ချစ်မြတ်နိုးမှုနဲ့ ယုံကြည်မှု တိုးမြင့်လာခြင်း
ခန္ဓာကိုယ်ကို ကျုံ့သွားစေမယ့်အစား သန်မာစေဖို့ အာရုံစိုက်ခြင်းဟာ အမျိုးသမီးတွေ အတွက်မထင်မှတ်ထားလောက်တဲ့ အပြောင်းအလဲတစ်ရပ်ဖြစ်နိုင်ပါတယ်။အလေးမခြင်း ပြုလုပ် ပြီး စွမ်းအားမြှင့်တင်နိုင်သလို စိတ်ကျန်းမာ ကြံ့ခိုင်လာနိုင်ပါတယ်။ကောင်းမွန်တဲ့ ခန္ဓာကိုယ် ပုံရိပ် နဲ့အတူ စိတ်ကျန်းမာရေးလည်း ကောင်းမွန်လာနိုင်ပါတယ်။
(၆)ဖိအားလျော့နည်းလာခြင်းနဲ့ စိတ်ခံစားချက် ကောင်းမွန်လာခြင်း
ဖိအားလျော့နည်းပြီး စိတ်ခံစားချက်ကောင်းမွန်စေဖို့ဆိုရင် သုတေသနက ရှင်းရှင်းလင်း လင်း ထောက်ပြထားပါတယ်။အလေးမခြင်းက စိတ်ခံစားမှုကောင်းစေတဲ့ အန်ထရိုဖင်ဟော်မုန်း ထွက်လာစေပြီး စိတ်ဖိစီးမှုကို သက်သာပြေစေတာကြောင့် စိတ်သက်တောင့်သက်သာ ဖြစ်စေနိုင် မှာ ဖြစ်ပါတယ်။
(၇)အိပ်ရေးတိုးတက်လာခြင်း
သုတေသနအရ အလေးမခြင်းကြောင့် နောက်ထပ် အကျိုးပြုနိုင်တဲ့ အချက်တစ်ချက် ကတော့ အိပ်ရေး ကောင်းမွန်စေဖို့ အထောက်အကူပြုနိုင်တယ်ဆိုတာပါပဲ။၂၀၂၂ သုတေသန ရလဒ်တွေအရ အလေးမခြင်းက ခန္ဓာကိုယ်စွမ်းအားလောင်ကျွမ်းမှု၊ပုံမှန်လည်ပတ်မှုကို ဖြစ်ပေါ် စေတာကြောင့် အိပ်စက်မှုကောင်းမွန်စေတယ်လို့ သိရပါတယ်။
ဟော်မုန်းညီမျှမှု၊ အစာခြေဖျက်ကောင်းမွန်မှု၊ အရိုးကျန်းမာရေး ကောင်းမွန်မှုတွေအပြင် အမျိုးသမီးတွေ အပေါ်မှာ အလေးမခြင်းရဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်စေရုံသာမက စိတ်ကျန်းမာရေး၊အိပ်ရေးနဲ့ စိတ်ခံစားချက်တွေ ကောင်းမွန် စေဖို့ အလေးတုံးတွေယူပြီး အလေးမ လေ့ကျင့်ခန်း စတင်လေ့ကျင့်သင့်ပြီလို့ အကြံပြုလိုက် ပါရစေ။
Keep Reading