Author's Profile Photo

Reviews by Benevolent

8/07/2025

လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာ

1 min read
Life Style
General Knowledge
History
လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာ's photo

တစ်ခါက ရုရှားစာရေးဆရာကြီးလီယိုတော်စတွိုင်း(Leo Tolstoy)ဟာ ရထားနဲ့ခရီးထွက်ခွါဖို့ ဘူတာတစ်ခုမှာ စောင့်နေခဲ့တယ်။ ရထားကထွက်ဖို့ အချိန်နည်းနည်းပဲလိုတော့မယ့်အချိန်မှာ ဘူတာရုံအရာရှိက လက်မှတ်လာစစ်တယ်။ တော်စတွိုင်းက သူ့ကိုယ်သူ "သာမန်လူတန်းစား" (Third Class)ခရီးသည်အဖြစ် စာရင်းသွင်းထားတယ်။ သူ့အဆောင်အယောင်က ချမ်းသာတဲ့သူပုံစံဖြစ်နေတာကြောင့် အရာရှိက သူ့ကို ပထမတန်း (First Class) ခန်းမှာပဲ ထိုင်ခိုင်းပါတယ်။ ဒါပေမယ့် တော်စတွိုင်းက ငြင်းဆိုလိုက်တယ်။ အဲ့ကာလ ရုရှားမှာဝတ်စားဆင်ယင်ပုံစံကို ကြည့်ပြီး လူတန်းစားခွဲခြားလေ့ရှိတဲ့အချိန်လို့ပြောရမယ်။

"ငါ့လက်မှတ်မှာ Third Class လို့ပါတယ်၊ ငါ Third Class မှာပဲ ထိုင်မယ်" လို့တော်စတွိုင်း ဇွတ်ပြောတယ်။ အရာရှိကလည်း "အဲ့လိုလုပ်လို့မရလို့ပါဘူး၊ ဆရာကို ပထမတန်းမှာအခမဲ့စီးခွင့်ပေးပါမယ်။ "

ဒါကို တော်စတွိုင်းက လက်မခံသေးဘူး။ဒါနဲ့ အချိန်ကြာစွာ တစ်လှည့်စီးငြင်းခုံကြတယ်။စကားသံများက တဖြည်းဖြည်းဘူတာရုံအတွင်းဆူညံလာတယ်။

နောက်ဆုံးရထားထွက်သွားတော့တာပဲ။ အဲ့အခါမှ တော်စတွိုင်းက ရထားနောက်ကနေ ပြေးလိုက်ရင်း "ငါ့ခရီးစဉ်ထိုင်ရမှာက Third Class ပါ..."အော်ပြောနေခဲ့တယ်။ ဒါပေမယ့် ရထားကမမီတော့ဘူး။

ဒီဖြစ်ရပ်က အကြောင်း

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း

Unlock to read this premium article with 100 points.