မောင်ရှင်းသန့်(ရွှေညာမြေ)
ကမ္ဘာ့နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီးက အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ နိုင်ငံရေးဆိုင်ရာ အဆိုအမိန့်တွေကို စုစည်းတင်ပြထားတဲ့ စာအုပ်လေးပါ။
အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ဖတ်ရှုရမှာဖြစ်လို့ အဆိုအမိန့်တွေကို ဖတ်ရှုရင်း နိုင်ငံရေးအတွေးခေါ်ဆိုင်ရာ အင်္ဂလိပ်စာအသုံးအနှုန်း၊ဝေါဟာရတွေကိုလည်း တစ်ခါထဲ လေ့လာနိုင်ပါတယ်။
- နိုင်ငံရေးသဘောတရား
- အတွေးအခေါ်သဘောတရား
- နိုင်ငံရေးယန္တရား
- နိုင်ငံရေးနှင့်ပက်သက်ရာပက်သက်ကြောင်း
- လောကဇာတ်ခုံ
ဆိုပြီး ခေါင်းစဉ်ကြီး ခြောက်ခုခွဲပြီး တူရာတူရာစုပြီး တင်ပြပေးထားပါတယ်။
ဒီထဲက အချို့ကို ကျွန်တော်ဖတ်ပြီး ကြိုက်မိတဲ့စာသာလေးတွေကို
ထုတ်နှုတ်ပြရရင်
• The only stable state is the one in which all men are equal before law. (Aristotle)
ဥပဒေရဲ့ရှေ့မှောက်မှာ လူအားလုံး တန်းတူရည်တူရှိမှသာ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံဖြစ်မယ်။ (အရစ္စတိုတယ်)
• Poverty is the mother of crime. ( Marcus Aurelius )
ဆင်းရဲမွဲတေခြင်းဟာ ရာဇဝတ်မှုရဲ့မိခင်ဖြစ်တယ်။
( မားကပ်စ် အော်ရိးလိယပ်စ် )
• A nation of sheep will beget a government of wolves. ( Edward R. Murrow )
သိုးတွေနေတဲ့ တိုင်းပြည်မှာ ဝံပုလွေအစိုးရပဲ ရမှာပေါ့။ ( အက်ဒွပ် အာရ်၊ မားရိုး)
ဒီစာအုပ်က တစ်ထိုင်ထဲဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်တော့ မဟုတ်ပါဘူး။
လက်လှမ်းမီရာမှာထားပြီး သတိရရင် ကောက်လှန်ကြည့်ပြီး ရောက်တဲ့နေရာကနေ စဖတ်လို့ရပါတယ်။
အချို့အဆိုအမိန့်တွေက ကိုယ်ပဲလိုက်မမီလို့လားမသိ နားမလည်ဘူး။
အချို့ကြတော့လည်း ကိုယ့်နိုင်ငံနဲ့ ချိန်ထိုးပြီးဖတ်မိလို့လားမသိဘူး
လက်မခံချင်စရာတွေလည်း ပါပါတယ်။
မည်သို့ပင်ဆိုပါစေ။ ဒီစာအုပ်လေးကို ဖတ်ခြင်းအားဖြင့်
လူအသီးသီးရဲ့ နိုင်ငံရေးနဲ့ပက်သက်တဲ့ ခံယူချက်တွေ
အတွေးအခေါ်တွေကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
#မောင်ရှင်းသန့်(ရွှေညာမြေ)
#TheReader #စာဖတ်သူ
Keep Reading