Author's Profile Photo

SarPhat Author

5/08/2024

''သူများ အားကျအောင် မကြိုးစားပါနဲ့ ကိုယ့်ကိုယ်ကို အားရအောင်ကြိုးစားပါ''

1 min read
Culture
Art
18 Again
''သူများ အားကျအောင် မကြိုးစားပါနဲ့
ကိုယ့်ကိုယ်ကို အားရအောင်ကြိုးစားပါ'''s photo

အားလုံးပဲမင်္ဂလာပါ
ကျွန်တော်ခေတ်သျှားလူပါ။

ကျနော်ဒီနေ့ရွေးချယ်ရေးသားဖြစ်တာကတော့ လူငယ်အများစုရဲ့အယူအဆ တစ်ချို့ကိုပြုပြင်နိုင်အောင် ပြောပြရေးသားခြင်းဖြစ်ပါတယ်။ ။

တိုးတတ်လာတာနဲ့အမျှ လူငယ်တော်တော်များများဟာ ကြိုးစားချင်စိတ်အလွန်ပြင်းပြလာတာကိုတွေ့မြင်ရပါတယ်။ သို့ပေမယ့် အချို့သောလူငယ်တွေက ဘာအတွက်ကြိုးစားနေတယ်ဆိုတာကို တိတိကျကျမသိကြဘူး။

စာဖတ်သူလဲ ကြိုးစားနေတဲ့လူတွေထဲက တစ်ဦးအဖြစ်ပါဝင်နေတယ်ဆိုရင် ''ဘာအတွက်ကြိုးစားနေတာလဲ''ကျနော်မေးချင်ပါတယ်။

လူငယ်တွေရဲ့ကြိုးစားချင်စိတ်ကို လေ့လာကြည့်တဲ့အခါမှာ အကြောင်းပြချက်နှစ်မျိုးဖြစ်ပေါ်နေတာတွေ့ရပါတယ်။

နံပါတ်တစ်

  • ဖွံ့ဖြိုးတိုးတတ်လာတာနဲ့အမျှ လူ့အဖွဲ့အစည်းထဲမှာလည်း အသုံးဝင်စေတဲ့ပစ္စည်းကိရိယာတွေပေါ်ကြွယ်ဝလာတယ်။ ဥပမာ-ယာဥ်တွေနဲ့ အဝတ်အထည်ဆိုပါစို့..
  • Social media အားကောင်းလာတာနဲ့အမျှ လူ့အကြိုက်တွေဟာလဲ Trendတစ်ခုအနေနဲ့နေရာယူ ခေတ်စားလာကြတယ်။
  • ဒီပစ္စည်းကိုသုံးရင် ခေတ်မှီတယ် ၊ဒီပစ္စည်းကိုဝယ်ရင် လူအထင်ကြီးတယ် ၊ဒီပစ္စည်းကိုကိုင်နိုင်ရင် လူအထင်မသေးဘူး စသ​​ဖြင့်

ကိုယ့်ကိုမြင်သူတိုင်းအားကျရအောင် ပြုလုပ်လာကြတယ်။

အဲ့ဒီလိုလူမျိုးက''သူများ အားကျအောင်ကြိုးစားတဲ့လူ''


နံပါတ်နှစ်
ရောင့်ရဲတင့်တိမ်တာပေါ့၊ သုံးနိုင်တယ်ဖြုန်းနိုင်တယ် ထုတ်မပြတာ
ဒီဆောင်းပါးကို ကျနော်ရေးချင်ခဲ့တဲ့Motiအစကိုစာဖတ်သူကိုပြောချင်ပါတယ် ။

  • သူမနာမည်က Alice K ပါ။ (သူမခွင့်ချက်မပါဝင်နေလို့ Dataအစုံအလင်ကိုမရှင်းပြနိုင်တာ စာဖတ်သူနားလည်ပေးပါ။) သူမက လူတိုင်းအမြင်ကပ်ခံရတဲ့လူဖြစ်ခဲ့တယ်၊ လူတိုင်းမကြည်ဖြူတဲ့ပုံစံမျိုးသူနေထိုင်ခဲ့တယ်။သို့သော် သူမက လူတွေကိုမထိခိုက်စေခဲ့ပါဘူး။ Alice ကို မရှိဆင်းရဲ့သားအဖြစ်သမုတ်ခဲ့ကြတယ်၊ သို့ပေမယ့်သူမလုပ်စရာကိစ္စတွေကိုအကောင်းဆုံးပြုလုပ်ခဲ့တယ်။

နောက်ဆုံးမှာတော့ ဘယ်သူမှမသုံးနိုင်တဲ့ပစ္စည်းတစ်ခုကို သူမအတွက်ချိုချဥ်ဖိုးလောက်သာကြိုးစားပြနိုင်ခဲ့တယ်။ လူ့သဘာဝအရ ဝေဖန်တိုက်ခိုက်ဖို့ရန် ပျော့ကွက်ရှာရင်း သူမရဲ့ကြိုးစားခဲ့တဲ့ ခြေလမ်းတွေကခိုင်မာနေတာမို့ ယခုအချိန်မှာ လူအများအားကျနေရတဲ့ အ.အောင်မြင်ဆုံးမြန်မာပြည်ပွားမိန်းမသားတစ်ယောက်အဖြစ်ရပ်တည်နေနိုင်တာပါပဲ။ ။

Alice Kလို လူမျိုးကတော့ ''ကိုယ့်ကိုယ်ကိုအားရအောင်ကြိုးစားတဲ့လူ''


ကဲ..စာဖတ်သူရော နားပွင့်သွားပြီထင်ပါတယ်။

သူတစ်ပါးအားကျအောင်ကြိုးစားနေတဲ့လူရဲ့ခြေလှမ်းက မြန်နေခဲ့ပေမယ့် ကိုယ့်ကိုယ်ကို အားရအောင် ကြိုးစားနေတဲ့လူရဲ့ခြေလှမ်းလောက်တော့ ခိုင်မာစွာရပ်တည်နိုင်စွမ်း မရှိဘူးဆိုတာ မြဲမြဲမှတ်ထားပါ။


ဟုတ်ကဲ့ ကျနော်ခေတ်သျှားလူ ပါ။

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ