Author's Profile Photo

SarPhat Author

3/12/2023

“စိုးရိမ်ပူပန်မှုတွေကို ပြောင်းလဲနိုင်မယ့် ရိုးရိုးရှင်းရှင်း အသက်ရှူနည်း (၃)ခု “

3 mins read
Life Style
Health
General Knowledge
“စိုးရိမ်ပူပန်မှုတွေကို ပြောင်းလဲနိုင်မယ့် ရိုးရိုးရှင်းရှင်း အသက်ရှူနည်း (၃)ခု “'s photo

ဒီဆောင်းပါးကို သင်ဖတ်နေပြီဆိုရင် ခဏလောက်ရပ်ပြီး အသက်ရှူကြည့်ပါ။မျက်လုံးကို မှိတ်ပြီး လေဝင်လေထွက်ကို သတိမူလို့ နှာခေါင်းကို အာရုံထားပါ။လည်ချောင်းတစ်လျှောက်ကနေ အဆုတ်တွေအထိ လေဝင်လေထွက် သွားတာ၊ လေတွေ ရှူထုတ်တဲ့အခါ ပါးစပ်ကနေ ပြန်ထွက်ပြီး သွားတာမျိုးပေ့ါ။

သင်အသက်ရှူတဲ့အခါ နက်နဲပြီး သက်တောင့်သက်သာ ဖြစ်တယ်လို ထင်ပါသလား(သို့မဟုတ် )ပေါ့ပါးပြီး လန်းဆန်းတယ်လို့ ထင်ပါသလား။

စိုးရိမ်ပူပန်မှုတွေ ကြုံနေရတဲ့အခါ ကိုယ့်အသက်ရှူသံကိုတောင် ကိုယ်မဖမ်းနိုင်တော့ဘဲ မြန်ဆန်လွန်းလှတဲ့ အချိန်တွေ ရှိပါတယ်။မောဟိုက်နေတာကြောင့် အသက်ရှူရခက်တဲ့ အခြေအနေ မျိုးကိုလည်း ကြုံတွေ့ရလေ့ရှိပါတယ်။ဒါနဲ့ တခြားဆန့်ကျင်ဘက်မှာတော့ အသက်ကို ခပ်ပြင်းပြင်း လေကို ဝဝလင်လင်ရှူရှိုက်ခြင်းဟာ ရိုးရှင်းပြီး စိတ်ဂဏာမငြိမ်နဲ့ တခြားပြဿနာတွေအတွက် ဖြေရှင်းနည်းကောင်း တစ်ခုဖြစ်ပါတယ်။

?စိုးရိမ်ပူပန်မှုတွေအတွက် အသက်ရှူခြင်းရဲ့ကောင်းကျိုး ?

သိပ္ပံနည်းကျ ခွဲခြမ်း စိတ်ဖြာကြည့်မယ်ဆိုရင် စိတ်ဖိအားတွေဟာ အာရုံကြောစနစ်နဲ့ သက်ဆိုင်လျက်ရှိပါတယ်။စိတ်ဖိအားတွေ ကြုံတွေ့ရတဲ့အခါ ကိုလက်စထရောနဲ့ အက်ဒရီနာလိုင်း ဆိုတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး အသက်ရှူခြင်း လုပ်ငန်းစဉ်ကို မြန်ဆန်စေပါတယ်။ ဒီလိုနဲ့ ခန္ဓာကိုယ်ရဲ့ ခြေလက်တွေထိ လည်ပတ်မှုကို ဖြစ်စေပါတယ်။ဒီလိုနဲ့ ဒေါသထွက်ခြင်း၊ ဆုံးဖြတ်ချက်အမှားများကို မြန်မြန်ဆန်ဆန်လုပ်မိခြင်းတွေလည်း ဖြစ်တတ်ပါတယ်။

ဦးနှောက်ရဲ့ တခြမ်းဟာ ဒီလိုအချိန်မှာ တည်ငြိမ်နေချင်ပြီး စိတ်သက်တောင့်သက်သာ ဖြစ်မှု ကို ရှာဖွေလေ့ရှိပါတယ်။ဦးနှောက်ဖွဲ့စည်းပုံဟာ ကြွက်သားတွေကို နူးညံ့စေပြီး အသက်ရှူခြင်းကို ပြန်လည် နှေးကွေးစေကာ ခန္ဓာကိုယ် ပုံမှန်ပြန်လည်လည်ပတ်စေဖို့ အကူအညီ ပေးပါတယ်။

စိတ်ပညာအမြင်နဲ့ ကြည့်မယ်ဆိုရင်လည်း စိုးရိမ်ပူပန်နေတဲ့အချိန်တွေမှာ အသက်ကို ဝဝ လင်လင် ပေါ့ပေါ့ပါးပါးရှူရှိုက်ခြင်းဟာ “ငါတို့ အဆင်ပြေဖို့ အသက်ရှူနေတာပဲ။ စိတ်လျှော့ ရမယ်။ ငါတို့အဆင်ပြေပါတယ်”ဆိုပြီး ဦးနှောက်ကို တည်ငြိမ်စေပါတယ်။အလားတူ ခန္ဓာကိုယ်ကို လည်း တည်ငြိမ်စေ၊ငြိမ်သက်စေပြီး အကောင်းတွေဆီကို ဦးတည်ဖို့ အားပေးနေသလိုပါပဲ။

စိုးရိမ်ပူပန်ခြင်းတွေ လျှော့ချကာ ခန္ဓာနဲ့ စိတ် တည်ငြိမ်အေးချမ်းစေဖို့ ဒီဆောင်းပါးမှာ သင့်ကို လမ်းညွှန်ပေးချင်တဲ့ အကောင်းဆုံး အသက်ရှူနည်း(၃)ခုရှိပါတယ်။

(၁)Box အသက်ရှူနည်း

Box အသက်ရှူနည်းဟာ ပင်လယ်ခရီးသွား သင်္ဘောသားတွေ စိတ်တည်ငြိမ်ဖို့နဲ့ အာရုံ စူးစိုက်နိုင်ဖို့ အများဆုံး အသုံးပြုတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ဒီအသက်ရှူနည်းလေးကို လုပ်ဆောင်မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ အဆုတ်ထဲက လေတွေကို ကုန်အောင် အပြင်ကို ရှူထုတ်ရပါမယ်။အဲ့ဒီနောက် လေးစက္ကန့်အသက်ရှူ ၊လေးစက္ကန့်ခေတ္တရပ်ထားပြီး လေးစက္ကန့်ပြန် ထုတ်ရပါမယ်။
နောက်လေးစက္ကန့် ပြန်အောင့်ထားပြီး ရှူ၊နား၊ထုတ်၊နား ပုံစံမျိုးနဲ့ သွားပါတယ်။ သင်စိတ် တည်ငြိမ်တဲ့အထိ ထပ်ခါထပ်ခါ အကျော့ကျော့ပြုလုပ်နိုင်ပါတယ်။အနားလေးဖက်ရှိတဲ့ ဘူးပုံစံကို မြင်ယောင်စေမိမယ့် တစ်ကြိမ်မှာ လေးခါ အသက်ရှူနည်းပဲ ဖြစ်ပါတယ်။
အသက်ရှူနေစဉ်အတွင်းမှာ စိတ်ဖိအားနဲ့ ပူပန်မှုတွေကို မိမိနဲ့ အတူ ပါသွားတယ်လို့ သဘောထားပြီး ဖြေလျော့မှုတွေ ပြုလုပ်လို့ စိတ်ထဲ တင်းထားတာတွေ လျော့ကျစေဖို့ လိုအပ်ပါ တယ်။ပွင့်လင်းပြီး ဖွင့်ဟထားသလို ခံစားချက်နဲ့ ပြုလုပ်စေချင်ပါတယ်။

(၂)၅-၅-၇ အသက်ရှူနည်း

၅-၅-၇ အသက်ရှူနည်းဟာ အပေါ်မှာ ပြောပြခဲ့တဲ့ Box အသက်ရှူနည်းနဲ့ ခပ်ဆင်ဆင် ပါပဲ။ဒါပေမယ့် ရေတွက်ပုံ ကွဲပြားခြားနားသွားပါတယ်။ ၅စက္ကန့်အသက်ရှူ၊ ၅ စက္ကန့် ရပ်ထားပြီး ၇စက္ကန့် အသက်ရှူထုတ်ရပါမယ်။လေပြန်ထုတ်တဲ့အချိန်မှာ သက်ပြင်းရှည်ကြီး တစ်ခု ပြုလုပ်ဖို့ လိုအပ်ပြီး ဖြစပေါ်နေတဲ့ စိတ်အနှောင့်အယှက်တွေ အားလုံးဟာာသက်ပြင်းရှည်နဲ့အတူ မျောပါသွား ပြီလို့ ယူဆလို့ရပါတယ်။ အသက်ရှူနေစဉ် ရေတွက်ချိန်မှာ ဖြည်းဖြည်းနဲ့ မှန်မှန်ရေတွက်နေဖို့ လိုအပ်ပြီး စနစ်တကျ အသက်ရှူနေဖို့လည်း လိုအပ်ပါတယ်။

(၃)ဝမ်းဗိုက်အသက်ရှူနည်း

အသက်ရှူနည်းလမ်းတွေအားလုံးဟာ စိတ်ကို တည်ငြိမ်စေဖို့ ကျင့်စဉ်တွေလို့ တင်စားနိုင်ပါ သေးတယ်။အဲ့ဒီထဲက အကောင်းဆုံးနည်းလို့ ယူဆထားကြတာကတော့ ဝမ်းဗိုက်အသက်ရှူနည်းပဲ ဖြစ်ပါတယ်။ဝမ်းဗိုက်အတွင်း လေဖောင်း၊လေပိန် ရှုမှတ်သလိုပါပဲ ။လေတွေ ရင်ဘတ်ကို ဖြတ်သန်း စေပြီး တဝလေကို ရှူသွင်းမယ်။ရှူသွင်းလိုက်၊ပြန်ထုတ်လိုက်တိုင်းမှာ နိမ့်လိုက်၊မြင့်လိုက်ဖြစ်နေတဲ့ ဝမ်းဗိုက်ကို သတိထားမိပြီး လေရှူသွင်း၊ လေပြန်ထုတ်တာကနေ သင့်ခန္ဓာကိုယ်နဲ့ စိတ်ကို သက်တောင့် သက်သာ အနေအထား ပြနါည်ရောက်ရှိစေတာကို သတိမူမိမယ့် နည်းလမ်းကောင်း လေးတစ်ခုပဲ ဖြစ်ပါတယ်။

အပြင်ထွက်ပါ

သဘာဝပတ်ဝန်းကျင်ဟာ တည်ငြိမ်မှုကို ပေးစွမ်းပါတယ်။ဖိစီးမှုတွေ ကြုံနေရတယ်လို့ ကိုယ့်ကိုကိုယ် ယူဆမိပြီဆိုရင် အပြင်ထွက်ပြီး ရာသီဥတုနဲ့အတူ စီးမျောသင့်ပါတယ်။ နေအလင်း ရောင်ကို လက်ချောင်းလေးတွေနဲ့ ခံစားတာ သို့မဟုတ် ပတ်ဝန်းကျင်မှာ ရှိတဲ့ ကျေးငှက်သာရကာ အသံတွေ နားထောင်တာ၊ကောင်းကင်မှာ ရွေ့မျောနေတဲ့ တိမ်တွေကို ကြည့်တာ အစရှိသဖြင့် ပြုလုပ်နိုင်ပါတယ်။
အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ အပြင်မှာထိုင်၊မျက်လုံးတွေကို မှိတ်လိုက်ပြီး အထက်ပါ အသက်ရှူနည်းလမ်းတွေထဲက တစ်မျိုးကို လုပ်ဆောင်တာပဲဖြစ်ပါတယ်။

ကိုယ့်ကိုကိုယ် ချစ်စိတ်မွေးပါ

စိုးရိမ်ပူပန်မှုတွေ ရှိတဲ့အခါ စိတ်လည်း ပင်ပန်းရသလို ကိုယ့်ကိုကိုယ်လည်း ဖိအားတွေ ပေးမိတာသဘာဝပါပဲ။အပြင်ကရတဲ့ ဖိအားတွေကြောင့် “ငါထိုက်တန်ရဲ့လား။ ငါအဆင်ပြေပါ့ မလား”ဆိုပြီး တွေးမိကာ ကိုယ့်ကိုကိုယ် အပြစ်တင်တတ်ကြပါတယ်။သင့်မှာ တခြားလုပ်နိုင်တာ တွေ အများကြီး ရှိတာကို မမေ့ပါနဲ့။ကို
ကိုယ့်ကိုကိုယ် တွန်းအားမပေးဘဲ ခံစားချက်တွေကို လက်ခံဖို့ ကြိုးစားကြည့်ပါ။ စိတ်အဆင် မပြေဖြစ်မှု တွေကို လက်ခံပြီး အတိတ်က အမှားကြောင့်မဟုတ်ဘူး။အနာဂတ်မှာလည်း ဒီလိုတွေ တစ်ထစ်ချ ဖြစ်လာမယ် မဟုတ်ဘူးတွေးလို့ လက်ရှိအချိန်ကို အာရုံစိုက်ဖို့ ကြိုးစားကြည့်စေ ချင်ပါတယ်။
အသက်ရှူ လေ့ကျင့်ခန်းတွေနဲ့အတူ တရားထိုင်ခြင်းကို ပြုလုပ်တာကလည်း ဖြေရှင်းနည်း ကောင်းတစ်ခု ဖြစ်စေမှာပါ။

အချိန်မရွေး နေရာမရွေး လေ့ကျင့်လေ အကျိုးများလေ

အသက်ရှူ လေ့ကျင့်ခန်းတွေဆိုတာ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။နေ့စဉ် ဘဝမှာ ပြုလုပ်နိုင်လေ ပိုကောင်းမွန်လေ ဖြစ်ပြီး မနက်ခင်း လုပ်ငန်းဆောင်တာတွေမှာ တည့်သွင်း လုပ်ဆောင်တာမျိုး၊ရေချိုးနေချိန်မှာလည်း လုပ်ဆောင်နိုင်ပါတယ်။
စိတ်ထောင်းကိုယ်ကြေဆိုတဲ့ စကားအတိုင်း စိတ်ကို သက်တောင့်သက်သာ ဖြစ်စေဖို့က အရေးအကြီးဆုံးပါပဲ။ လုံခြုံတယ်၊ အဆင်ပြေတယ် ခံစားရဖို့ အသက်ကို ဝဝရှူသင့်ကြောင်း စေတနာ စကားပါးလိုက်ပါရစေ။ ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း