SarPhat Author
ဗုဒ္ဓဘာသာမြန်မာနိုင်ငံဖြစ်နေလို့သာ ဒီခေတ်၊ ဒီကာလ၊ ဒီအခြေအနေကို ဖြတ်ကျော်နိုင်ကြတာ နေမှာပါ။
ဘာကြောင့်လဲဆိုတော့ ဘာသာရေးလုပ်တဲ့ လူအများစုဟာ စိတ်ရှည်တယ်။ သည်းခံတယ်။ တင်းတိမ်ရောင့်ရဲတတ်ကြတယ်။
တစ်နေ့ကပဲ အသိမိတ်ဆွေနဲ့ ဖုန်းပြောတော့ သူက ဘာပြောလဲဆိုတော့ ဒီခေတ်၊ ဒီကာလမှာ ကိုယ့်အိမ်မှာကိုယ်နေပြီး တစ်နေ့ထမင်း (၃)နပ်မှန်နေတာကိုပဲ ကျေးဇူးတင်ရမယ်။
ဒီခေတ်၊ ဒီကာလမှာ start-up (ကနဦး) လုပ်မယ့် လုပ်ငန်းတွေ၊ စတင်အကောင်အထည်ဖော်မယ့် လုပ်ငန်းတွေ အကုန်ရပ်ထားရပါတယ်။ ဒေါ်လာဈေးတွေ အရမ်းတက်နေတော့ ဘာမှကို မလုပ်ရဲဘူး။ ဒီတိုင်း တစ်နေ့ကို ထမင်း (၃)နပ်စားပြီး ငြိမ်ငြိမ်နေနေရပါတယ်။ ဒီခေတ်၊ ဒီကာလမှာ ဒီနည်းလမ်းက အကောင်းဆုံးဖြစ်မှာပါ။
ဒီခေတ်၊ ဒီကာလမှာ ကုန်ဈေးနှုန်းကြီးမြင့်နေတော့ ပိုက်ဆံစုရဖို့ မျှော်လင့်လို့ မရပါဘူး။ လူတွေဟာ ပိုပြီး ချွေတာလာရပါတယ်။ ထမင်းနပ်မှန်အောင်ကိုပဲ မနည်းရုန်းကန်နေကြရပါတယ်။
သူနဲ့ ဖုန်းတစ်နာရီလောက်ပြောပြီးတော့ နေရတာ စိတ်သက်သာလာတယ်။ နေရ၊ ထိုင်ရ အဆင်ပြေလာတယ်။ စိတ်တွေလည်း လျော့လာတယ်။
ဒီခေတ်၊ ဒီကာလမှာ ဘာမှလုပ်လို့ မကောင်းပါလား။ လက်ရှိလုပ်နေတဲ့ အလုပ်ကိုပဲ ကျစ်ကျစ်လစ်လစ်ဖြစ်အောင် လုပ်ရမယ်။ လက်ရှိကိုပဲ version (မူ) ကို upgrade (အဆင့်မြင့်) ရမယ်။
ဒီလိုနဲ့ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်အပြီးမှာတော့ အရင်ကလည်း ပစ္စည်းဖိုးကို kpay နဲ့ ရှင်းနေကြကို အဲနေ့မှာတော့ ကိုယ်လည်း kpay လွဲလိုက်တော့ ညီမလေး kpay တွေ မလွဲသေးနဲ့။ ခဏထိန်းသိမ်းထားပေးပါအုံးဆိုတော့ ဒီဘက်ကနေ ကိုယ်က လွဲလိုက်ပြီးပြီ။ နောက် kpay လွဲမယ်ဆို အစ်မကို ကြိုပြောပေးပါ။ ငွေသားရရင်တော့ ပိုကောင်းတယ်ဆိုတော့ လူက လုံးလုံးစိတ်ဓါတ်ကျသွားတယ်။ စိတ်လည်း ညစ်သွားတယ်။
အရင်ကလည်း kpay က % တွေ ဘာတွေက လှုပ်ခတ်တတ်တယ်ဆိုတာကို ရှေ့မှာလည်း ကြုံခဲ့ဖူးတော့ ဒါဟာ ရေရှည်ထိ မသွားဘူးဆိုတာကိုလည်း ကြိုတွက်ထားပြီးသားပါ။
ဒါပေမယ့် လူတွေရဲ့ သဘောသဘာ၀က ငွေသား မကိုင်ချင်တော့ဘူး။ အလွယ်တကူနဲ့ လျင်မြန်တာကိုပဲ ကြိုက်ကြတယ်။ ငွေသားဆို လုပ်ရ၊ ကိုင်ရ ခက်တယ်။ နည်းနည်းကျန့်ကြာလာနိုင်တယ်။
သို့သော်လည်းပဲ ဒီခေတ်၊ ဒီကာလက စိတ်ရှည်ရတယ်။ သည်းခံရတယ်။ ဒီအခြေအနေက ပိုပြီးလည်း စိတ်ရှည်ရတယ်။ ပိုပြီးလည်း သည်းခံရတယ်။
ခင်ခင်ချော
Keep Reading