Monologue By Mon
တစ်ခါတစ်ရံမှာ
ငါတို့က ကိုယ့်ကိုယ့်ကို နှစ်သိမ့်ဖို့မေ့နေတက်ကြတယ်
ဒီနေ့ ပင်ပန်းရင်ပဲဖြစ်ဖြစ်
ဒီနေ့ အဆင်မပြေရင်ပဲဖြစ်ဖြစ်
နင်ဒါလေးတောင် မလုပ်နိုင်ဘူးလား
နင်ဒါကို အဆင်ပြေအောင် မတွေးနိုင်ဘူးလားလို့
ကိုယ့်ကိုယ်ကို ပြောမိတက်ကြပါတယ်
တကယ်တော့ သေချာလေး စိတ်အေးအေးနဲ့ ပြန်တွေးကြည့်ရင်
ဒီထိတောင် ဘဝမှာ လျောက်ခဲ့တာပဲလေ
ဒီထိတောင် ရောက်လာခဲ့တာပဲ
ဒါဟာ တော်လို့ပေါ့
ဒီထိရောက်ဖို့ စိတ်တွေ နဲ့ အရာရာ ရင်းနှီးခဲ့ရတာတွေ ရှိမှာပါပဲ
အဲ့တာကြောင့် စိတ်ကလေး အဆင်မပြေတဲ့အခါ
အရင်ဆုံး မျက်လုံးလေးမှိတ်ပြီး
ပြုံးပြုံးလေးနဲ့ ရွတ်သင့်တာက
နင်ခဏတော့ နားဖို့လိုနေပြီ
ခဏလောက် စိတ်ရော လူပါ နားပြီးမှ
ငါတို့ ပြန်လုပ်ရအောင် ဆိုပြီး
ကိုယ့်ကိုယ်ကို ခဏ နားခိုင်းဖို့ပါပဲ
အနားယူတယ်ဆိုတာ ဘာမှသာမဟုတ်ဘူးထင်ပေမယ့်
ပြသာနာတွေ ရဲ့ 40 ရာခိုင်နှုန်းလောက်က ရှင်းပြီသွားသလိုပါပဲတဲ့
ဘာလို့လဲဆိုတော့ စိတ်မှာ အားရှိသွားလို့ ကြည်လင်သွားလို့ပါတဲ့
နားဖို့လိုရင် နားရဲတဲ့ သတ္တိ ရှိပါစေ .... ?
Keep Reading