Author's Profile Photo

SarPhat Author

2/12/2023

“လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်အချိန်တွေက အကောင်းဆုံးဖြစ်မလဲ”

3 mins read
Life Style
Health
General Knowledge
“လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်အချိန်တွေက အကောင်းဆုံးဖြစ်မလဲ”'s photo

လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်အချိန်က အကောင်းဆုံး ဖြစ်မလဲဆိုတာကို သင်သိပြီးပြီလား။ သင်မသိသေးလည်း ကိစ္စမရှိပါဘူး။ဒီမေးခွန်းဟာ အားကစားလောကမှာ အမေးများဆုံး မေးခွန်း ဖြစ်ပြီး အကောင်းဆုံးအချိန်မှာ လေ့ကျင့်ခန်းလုပ်တာကလည်း အကျိုးကျေးဇူးအများကြီး ရှိပါ တယ်။

လူတစ်ယောက်မှာ အချိန်အလိုက် စွမ်းအင်ပမာဏတွေကလည်း ပြောင်းလဲနေပြီး သေချာ စနစ်တကျ ကြိုးစားခြင်းအားဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိသိသာသာ မြင်တွေ့ရနိုင်ပါတယ်။

‌ဘယ်အချိန်လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးလဲဆိုတာကို ရှာဖွေကြည့်ပေမယ့် တိကျတဲ့ အဖြေရှာမတွေ့တာကြောင့် စာရေးသူလည်း စိတ်ညစ်ခဲ့ရတဲ့ အချိန်တွေ ရှိပါတယ်။သိပ္ပံပညာနဲ့ လူ့ခန္ဓာကိုယ်တွေဟာ ထူးခြားဆန်းကြယ်ပြီး လေ့လာရင်လေ့လာသလို လူအမျိုးမျိုး၊ အတွေး အထွေထွေ ရှိနေနိုင်လို့ပါပဲ။

ဒီဆောင်းပါးလေးမှာတော့ နံနက်လေ့ကျင့်ခန်းလုပ်ခြင်း၊ ည‌နေ လေ့ကျင့်ခန်း လုပ်ခြင်းရဲ့ကောင်းကျိုး၊ဆိုးကျိုးတွေကို ခွဲခြမ်း စိတ်ဖြာပေးသွားပါ့မယ်။သဘာဝရဲ့ အချိန် နဲ့ သင့်ရည်ရွယ်ချက်အလိုက် ဘယ်အချိန် လေ့ကျင့်ခန်းလုပ်မယ်ဆိုတာကို သင်ကိုယ်တိုင် ရွေးချယ်ဆုဲးဖြတ်နိုင်ပါတယ်။

နံနက်လေ့ကျင့်ခြင်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးများ

(၁)ကျန်းမာသော ရွေးချယ်မှုများ ပိုလုပ်နိုင်ခြင်း
ဘာလို့ လေ့ကျင့်ခန်း တစ်ခုကို စွဲစွဲမြဲမြဲ လုပ်နိုင်ကြလဲ ဆိုတာကို မလုပ်နိုင်သူ‌တွေက အံ့ဩကြပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်နိုင်ဖို့အတွက် သောက်ဆေးမရှိပါဘူး။ နံနက်ပိုင်း လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် ဆာလောင်ခြင်းတွေကို ထိန်းချုပ်နိုင်ပြီး ကျန်းမာရေးအတွက် မကောင်းတဲ့ အစားအစာတွေကို စားသုံးမှု လျှော့ချနိုင်ခြင်းအပြင် တစ်နေ့တာလုံး လန်းဆန်းနိုင် ပါတယ်။ဒါဟာ လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့တဲ့ သုတေသန ရလဒ် တစ်ခုပါ။
အမျိုးသမီးတွေဟာ နံနက်ပိုင်း ၄၅ မိနစ်ကြာ လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် နေ့လည်ခင်း အချိန်တွေမှာ အရသာရှိတဲ့ စားသောက်ဖွယ်ရာပုံတွေ ပေါ်လာပါကလည်း စိတ်ကို ထိန်းနိုင်ခြင်း အကျိုးကို တွေ့ရှိခဲ့ရပါတယ်။

(၂)ရှင်းလင်းတဲ့အစာအိမ်နှင့် အဆီကျလွယ်ခြင်း

နံနက်ပိုင်း လေ့ကျင့်ခန်းမလုပ်ခင် နံနက်စာ မစားသုံးတာက ကယ်လိုရီ ပိုကျလွယ်စေ ပါတယ်။ ဒါပေမယ့် လူတိုင်းအတွက် ဒီအကြောင်းအရာက မှန်မနေနိုင်ပါဘူး။ အစာအိမ်ရောဂါ ရှိသူတွေအဖို့ ၊အိပ်ရာ နိုးနိုးချင်း နံနက်စာ စားတတ်သူတွေအဖို့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။

(၃) ကောင်းကောင်းအိပ်ပျော်ခြင်း

လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်း အပူချိန်ကို ထိန်းညှိပေးနိုင်တယ်ဆိုတဲ့ အချက်ကို မကြာသေးခင်ကမှ တွေ့ရှိထားကြပါတယ်။ဒါ့အပြင် အာရုံကြောစနစ်ကို လှုံဆော်ပေးပြီး ပြင်းပြင်း ထန်ထန် လေ့ကျင့်ခန်း လုပ်ထားသူတွေဟု နှစ်ခြိုက်စွာ အိပ်ပျော်လေ့ ရှိကြပါတယ်။ အဆိုပါ အကြောင်းရာတွေကြောင့် နံနက်ခင်းလေ့ကျင့်ခန်းတွေက သဘာဝရဲ့ အိပ်ဆေးဆိုတာကို အားလုံးသိရှိပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။


(၄) ကြွက်သား တည်ဆောက်ရေး

ခန္ဓာကိုယ်ရဲ့ တက်စတိုစတုန်း(testosterone) ပမာဏ အမြင့်မားဆုံးအချိန်ဟာ နံနက် ချိန်ခါပဲ ဖြစ်ပါတယ်။ ၎င်းဟော်မုန်းဟာ ကြွက်သားတည်ဆောက်ရမှာ ကူညီပေးတာကြောင့် နံနက

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်

Unlock to read this premium article with 10 points.