Author's Profile Photo

Ami(Stellari)

4/08/2024

အဆင်မ‌ပြေမှုတွေ လျှော့ချကြရအောင်

1 min read
Life Style
General Knowledge
အဆင်မ‌ပြေမှုတွေ လျှော့ချကြရအောင်'s photo


ကျွန်မတို့ဟာ နေ့စဥ်နေ့တိုင်း လုပ်နေကြ နိစ္စဓူ၀ကိစ္စတွေကို အမြဲမပျက် လုပ်ဆောင်ကြရပါတယ်။ အဲဒီကိစ္စတွေကနေလည်း စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာတွေ ရရှိကြတတ်တယ်။ တစ်ခါတစ်လေဆိုရင် ကိစ္စသေးသေးလေတွေကိုလည်း ခေါင်းအလေးခံတွေးလို့ တစ်နေကုန် စိတ်ညစ်နေတတ်ကြတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကျွန်မတို့ နေ့စဥ်ကြုံတွေ့ရတတ်တဲ့ ပြဿနာတွေကို အတတ်နိုင်ဆုံး လျှော့ချပြီး ကျန်ရှိတဲ့ တစ်နေ့တာကို အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့အတွက် အလေ့အကျင့်အချို့ကို ဖော်ပြပေးလိုပါတယ်။

၁) တရားထိုင်ပါ။
မနက်ခင်း ဘာမှမလုပ်ခင်ဘဲဖြစ်ဖြစ် အားလုံးပြီးစီးသွားလို့ အိပ်ရာမ၀င်ခင်ဘဲဖြစ်ဖြစ် ၅မိနစ်၊ ၁၀မိနစ်လောက် တရားထိုင်ကြည့်ပါ။ ဘာမှမတွေးဘဲနဲ့ ကိုယ်ရဲ့ ၀င်လေထွက်လေကိုပဲ ဂရုစိုက်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သိသိသာသာ stressတွေ လျော့ကျလာတာကို ခံစားမိမှာပါ။

၂) စိတ်ပူပန်ဖို့၊ စိတ်ညစ်ဖို့အချိန်ကို သပ်သပ်ပေးပါ။
ဟုတ်ပါတယ်။ နေ့စဥ် အချိန်တစ်ခုပေးပြီး ကိုယ်စိုးရိမ်တာတွေ၊ မကျေနပ်တာတွေ၊ စိတ်ရှုပ်တာတွေ မှန်သမျှကို စာအုပ်ထဲမှာဖြစ်ဖြစ် ချရေးဖို့အတွက် အချိန်တစ်ခုပေးပါ။ အဲ့အချိန်ပြီးသွားရင်တော့ အဲ့မကောင်းတဲ့ စိတ်ခံစားချက်မှန်သမျှကို စွန့်ပစ်လိုက်ပြီး စိတ်ခံစားချက်ကောင်းကောင်းနဲ့ လုပ်စရာရှိတာကို ဆက်လုပ်ပါ။

၃) စနစ်တကျရှိရှိ နေထိုင်ပါ။
ပြောချင်တော့ planနဲ့ လုပ်တတ်တဲ့ နေထိုင်မှုပုံစံပါ။ တစ်နေ့စာကို To-do-listရေးထားမျိုးပေါ့နော်။ အဲ့လိုစီစဥ်ပြီးနေကြည့်ပါ။ အဲဒီအခါကျရင် အချိန်မမှီတာ၊ လုပ်စရာတွေ လွတ်သွားတာဆိုတာမျိုး မရှိတော့ပါဘူး။ ဒီတော့ ပြဿနာတစ်ခု လျော့သွားမှာပါ။

၄) စိတ်ညစ်စရာတွေ လိုက်မရှာနဲ့။
ဆိုရှယ်မီဒီယာပေါ်က တက်လာသမျှက အမှန်တွေချည်း မဟုတ်ဘူးဆိုတာ သိမှာပါ။ အဲလိုမဟုတ်တဲ့ သတင်းတွေ၊ ကိစ္စတွေကြောင့် စိတ်တွေ ပိုညစ်ထွေးရပါတယ်။ မဆီမဆိုင် ဒေါသ ဖြစ်တာတွေလည်း ရှိပါတယ်။ ဒါကြောင့် လိုင်းသုံးတဲ့အချိန် လျှော့ကြည့်ပါ။ ပြီးတော့ ကိုယ်နဲ့ ပေါင်းသင်းလို့မရအောင် ဆိုးတဲ့သူတွေကိုလည်း တက်နိုင်သမျှ ရှောင်ပါ။ သူတို့နဲ့ဆက်ဆံရတာက ကိုယ့်အတွက် အကျိုးမရှိနေမှ‌ေတာ့ စိတ်ရှုပ်မခံပါနဲ့။ ကုန်ကုန်ပြောရရင် ကိုယ့်အတွက် အကျိုးမရှိစေဘဲ အလကား စိတ်ညစ်စေမယ့်အရာတွေကို ရှောင်ကြဥ်လိုက်တာ အကောင်းဆုံးပါ။

၅) ကိုယ့်ကိုယ့်ကို အနားပေးပါ။
စိတ်အပန်းဖြေဖို့ အချိန် သက်သက်ထားထားပါ။ အဲ့အချိန်မှာ ကိုယ့်စိတ်ကို တကယ်relaxဖြစ်စေမယ့်အရာတွေပဲ လုပ်ပါ။ ၀ါသနာတွေ လုပ်တာဖြစ်ဖြစ်၊ စာဖတ်တာပဲဖြစ်ဖြစ်လုပ်ပါ။ ဒါမှမဟုတ် အများကြီးမတွေးဘဲ စိတ်ပျော်စေမယ့်အရာတွေဖြစ်ဖြစ်၊ ကောင်းတာလေးတွေ တွေးကြည့်ပါ။ အပေါ်ကပြောသလို ဆိုရှယ်မီဒီယာကိုတော့ မသုံးစေချင်ပါဘူး။ တကယ်ကို toxic ဖြစ်စေလို့ပါ။ အချိန်ကုန်မှန်းမသိ ကုန်စေပါတယ်။

၆) အဆိုးမြင်စိတ်တွေကို ပြောင်းလဲပါ။
စိုးရိမ်စိတ်တွေ၊ စိတ်ညစ်တာတွေကို ကောင်းတဲ့အမြင်ဖြစ်အောင် ပြောင်းလဲကြည့်ပါ။ ဥပမာ- စီးပွားရေးတစ်ခုကို စလုပ်ကြည့်ချင်ပေမဲ့ အရှုံးပေါ်မှာ ကြောက်နေမိတယ်။ ဒါဆို စိုးရိမ်စိတ်။ အဲတော့ ဘာလုပ်လို့ရမလဲဆိုရင်၊ တွေးကြည့်ပေါ့နော်။ ကိုယ်လုပ်မယ့်အရာက အခုခေတ်အခြေအနေနဲ့ အဆင်ပြေနိုင်မလား။ မပြေနိုင်ရင် ဘယ်လို ပိုကောင်းအောင် ပြောင်းလို့ရမလဲဆိုတာမျိုးပါ။ စိတ်ညစ်တယ်ဆိုလည်း ကိုယ့်ကို ဘာက စိတ်ညစ်စေတာလဲ။ ဘာလို့လဲ။ အမှန်တကယ်‌ရော ကိုယ်နဲ့ ဆိုင်တဲ့ဟာ ဟုတ်ရဲ့လား။ အဲ့လို လက်တွေ့ကျတဲ့ မေးခွန်းတွေ မေးကြည့်ပြီး စိတ်ညစ်တာကို ဖြေလျှော့ပါ။

အဆင်မပြေမှုတွေကတော့ လူတိုင်းလိုလို နေ့တိုင်းနီးပါး ကြုံနေရမှာပါ။ လုပ်ယူပြောင်းလဲပစ်လို့ မရတာတွေ၊ မဖြစ်သေးတဲ့ အရာတွေကြောင့်နဲ့ မိမိရဲ့ စိတ်ကို မညစ်ထွေးစေပါနဲ့။ တက်နိုင်သမျှ စိတ်အေးချမ်းစွာနဲ့ အကောင်းဆုံးကြိုးစားလုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်ရှင့်။


အဆင်ပြေနိုင်ကြပါစေ။
-အေမီ(စတယ်လာရီ)-
-4 August 2024, 7:22 pm-

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)