SarPhat Author
"သူများတွေချစ်တာကို မယူခင် ကိုယ့်ကိုကို ပြန်ချစ်တတ်အောင် အရင်သင်ယူသင့်တယ်"
ကျွန်မတို့အားလုံးက အချစ်ခံချင်ကြတာ သဘာဝပါဘဲလေ ဒါပေမဲ့အားလုံးမေ့နေတာက ကိုယ့်ကိုကိုမှမချစ်ဘဲ သူများချစ်တာကြ လိုချင်နေကြလေရယ့်။
လူတိုင်းက သူများကိုတော့မေတ္တာတွေ အချစ်တွေ ပေးကြတယ်။သူများတွေအတွက်ဘဲ စဥ်းစားပေးကြတယ်။ငါဒီလိုလုပ်လိုက်လို့များ သူတို့ဝမ်းနဲသွားမလား။ငါကိုကြိုက်ဖို့ ငါအချစ်ခံရဖို့ ငါပြောင်းလဲပေးလိုက်ရမလား...စသဖြင့် ပေါ့။
ဒါပေမဲ့ ကိုယ့်ကိုကိုချစ်ဖို့ရောမတွေးမိဘူးလား။သူများချစ်ကြိုက်ဖို့ပြောင်းလဲပေးဖို့ရောလိုလို့လား။ငါလုပ်ပေးလိုက်ရင် ငါပျော်ရပ့မလား။သူများပျော်တာဘဲလိုအပ်တာလား ငါပျော်ဖို့လဲလိုသေးတယ်မလား။သူတို့က ငါလိုအပ်တဲ့အချိန်ငါရှေ့ ရဲရဲဝန့်ဝန့်ကြီးကာကွယ်ပေးကြမှာလား။
အင်းတစ်ချို့ကတော့ ကာကွယ်ပေးချင်ပေးကြမှာပါ ဒါပေမဲ့ရှားတယ်မလား
သူများတွေအတွက်စဥ်းစားတာ ခနထားပီး
ကိုယ့်ကိုကိုချစ်ပြစ်လိုက်စမ်းပါကွယ်
ကိုယ်ပျော်မဲ့အရာတွေကိုတစ်ခါလောက် လုပ်ပစ်လိုက်စမ်းပါ
ကိုယ့်နှလုံးသားရဲ့ ညွှန်ရာကိုဘဲ လိုက်လိုက်စမ်းပါ။
ဒါပေမဲ့ ကိုယ့်ရဲ့ပျော်ရွှင်မှုက တစ်ခြားသူကိုထိခိုက်စေမယ်ဆိုရင်တော့ရှောင်သင့်တယ်။
ကျွန်မလဲတစ်ခါလောက် ဒေါ်သ မောဟ တွေကိုလက်လွှတ်ပီး
ကျွန်မသဘောကျရတဲ့ ပင်လယ်ကြီးစီ ကျွန်မရဲ့ဝမ်းနဲ့မှု ပျော်ရွှင်မှုတွေကို အော်ပြောပြလိုက်ချင်မိသည်။
စာဖတ်သူတို့ရှင့် ကျွန်မရေးတာလေးကိုဖတ်ပေးလို့ကျေးဇူးတင်ပါတယ်နော်။ကျွန်မရေးတာက လိုအပ်နေတာမို့ နားလည်ပေးစေချင်ပါတယ်ရှင့်။ကျန်မလည်းဆက်ကြိုးစားရအုန်းမှာပါရှင့် ။ကျေးဇူးပါ။
ကိုယ့်ကိုကိုတော့ ချစ်ပေးကြပါအုန်းနော်
Keep Reading