Author's Profile Photo

SarPhat Author

4/08/2024

လှောင်ပြောင်ခြင်း

1 min read
Life Style
လှောင်ပြောင်ခြင်း's photo

ကျွန်ုပ်တို့အားလုံးမှာ အားနည်းချက်ဆိုတဲ့အရာဟာရှိလေ့ရှိတယ်။ကျွန်မကိုယ်တိုင်မှာလဲရှိတယ်။ကျွန်မကတော့ ကျွန်မအားနည်းချက်ကို မသိလို့လှောင်ပြောင်တာကိုတော့ လက်ခံနိုင်ပေမဲ့ အထပ်ထပ်အခါခါ လှောင်ပြောင်လာရင်တော့ ကျွန်မရင်ထဲမှာ အနည်းနဲ့အများတော့ ခံစားရလာတယ်။
တစ်ချို့တွေကတော့ ဘာရယ်မဟုတ်ပါဘူး
လှောင်ပြောင်လိုက်ကြတယ်
ခံရတဲ့သူတွေကတော့ ဘာမှမဖစ်ပါဘူးဆိုတဲ့စကားလေးကို လက်ကိုင်သုံးရင်း
အတွင်းတစ်နေရာမှာ မသိမသာလေးထိုသိမ်ငယ်စိတ်က ကြီးထွား​လာလေ့ရှိတယ်။
>>>>>
မျက်နှာတည်ဆောက်ပုံမကျခြင်း|နားကြီးခြင်း|မျက်လုံးစောင်းခြင်း|နှာခေါင်းကြီးခြင်း|နှာဖူးပြောင်ခြင်း|ခြေမသန်ခြင်း|နှာခမ်းသေး/ကြီးခြင်း|ဝခြင်း/ပိန်ခြင်းအစရှိသဖြင့် အများကြီးပါ။
ထိုအထဲကမှ ကျွန်မရဲ့အားနည်းချက်က (နှာဖူးပြောင်ခြင်း)ကျွန်မရဲ့အားနည်းချက်ထက်သူများတွေရဲ့အားနည်းချက်ကပိုကြီးချင်ကြီးကြပါလိမ့်မယ် ။ဒါပေမဲ့ ထိုသေးငယ်တဲ့အရာလေးကို ထပ်ခါထပ်ခါ တွန်းအားပေးခံရမယ်ဆိုရင် ခံရတဲ့သူဟာ ကြာလာရင် ခံနိုင်ရည်ရှိချင်မှရှိပါတော့မယ်။ အတွေးဆိုးတွေဝင်လာချင်ဝင်လာပါလိမ့်မယ်။ခံဖူးသူတိုင်းတော့ နားလည်ကြမှာပါ...
ငါစလိုက်တာ နဲနဲပါကွာ မဖစ်စလောက်လေးကို ဘာဖစ်လဲ။ စတဲ့သူတွေကအဲ့လိုတွေးကြပေမဲ့ ခံရတဲ့သူမှာ နားထဲကို ဝင်တာအချိန်ခနလေးကြာပေမဲ့ ထိုစကားကြီးက ရင်ထဲမှာစွဲနေလေပီ...
ကြာလာရင် ကိုယ့်ကိုကိုယုံကြည်မှုပျောက်လာမယ် လူတွေကိုကြောက်လာမယ် လူတောမတိုးရဲတော့ဘူး အမြဲသိမ်ငယ်စိတ်နဲ့ဘဲရှင်သန်နေရမယ်။
ဒါကြောင့် လူတွေကိုပြောချင်တာက လှောင်ပြောင်မယ်ဆိုရင် အရင်တွေးတောပေးစေချင်တယ်။

ငါသာသူ့နေရာမှာသာဆိုရင် ဆိုတဲ့ စိတ်လေးကို သွင်းထားစေချင်တယ်။ ငါရောအဲ့လိုပြောခံရရင်ကြိုက်မလား။ခံနိုင်ရည်ရှိပ့မလား။ ငါပြောလိုက်ရင်သူ ခံစားသွားရမလား...စသဖြင့် တွေးစေချင်တယ်။

လှောင်ပြောင်တယ်ဆိုတာတစ်ခါတစ်လေတော့ပျော်စေချင်လို့ ဆိုတာနားလည်ပေမဲ့ သူများအားနည်းချက်နဲ့ ပြောမှ ပျော်ရွှင်မှုကရလာတာမှမဟုတ်ဘဲ...တစ်ခြားအရာတွေနဲ့ပြောလဲ ပျော်ရွင်ရနိုင်တာဘဲမလား...

ကိုယ်မသိလိုက်ဘဲပြောလိုက်လို့ ထိုသူမျက်နှာပျက်သွားရင် ပြန်တောင်းပန်လိုက်ပါ။ နောင့်နောင် သတိထားပီးမှာ စကားကိုပြောပါ။

"စကားတစ်လုံးက သိပ်ကြောက်ဖို့ ကောင်းတယ်"

သူ့နေရာကိုဝင်ကြည့်ပေးနိုင်ကြပါစေ?

အခုမှစရေးတာမို့လို့ အဆင်မပြေတာတွေရှိပါတယ်။ဖတ်ရတာအဆင်မပြေရင်လဲ တောင်ပန်ပါတယ်။ဖတ်ပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်