Author's Profile Photo

SarPhat Author

2/12/2023

“ပျော့ပျောင်းတဲ့ ခန္ဓာကိုယ် တစ်ခုကြောင့် တိုးတက်ပြောင်းလဲလာနိုင်တဲ့ဘဝ”

3 mins read
Life Style
Health
General Knowledge
“ပျော့ပျောင်းတဲ့ ခန္ဓာကိုယ် တစ်ခုကြောင့် တိုးတက်ပြောင်းလဲလာနိုင်တဲ့ဘဝ”'s photo

HIIT လို့ခေါ်တဲ့ အချိန်ခဏအတွင်း ချွေးထွက် ပင်ပန်း‌စေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီးပြီလား။ဒါတွေ လုပ်ပြီးလို့‌ကော အကုန်ပြီးသွားပြီလို့ ယူဆထားလား။ အကြောလျှော့ လေ့ကျင့်ခန်းတွေကိုရော မဖြစ်မနေ လုပ်ဖြစ်ရဲ့လား။
စိတ်မရှည်တတ်တဲ့သူတွေကနေ အားကစား လေ့ကျင့်ခန်း အမျိုးအစားတွေထဲ ယောဂ ကစားတာထက် လက်ဝှေ့ထိုးတာကို ပိုရွေးပါလိမ့်မယ်။ ချွေးလည်း ထွက်မယ်၊ သန်လည်း သန်မာမယ် မဟုတ်လား။
ဒါပေမယ့် တစ်ဖက်မှာလည်း အကြောလျှော့တာတွေက ငြင်းပယ်လို့မရတဲ့ လေ့ကျင့်ခန်း တွေရဲ့ တစ်စိတ်တစ်ပိုင်းထဲမှာ ပါပါတယ်။ထို့အတူပဲ ပျော့ပြောင်းတဲ့ ခန္ဓာကိုယ်မှာလည်း အကျိုး ကျေးဇူးများစွာ ရှိပါတယ်။အဲ့ဒီလို ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်ရရှိအောင်လည်း အကြောဆန့်၊ အ‌ကြောလျှော့ဖို့ လိုအပ်တာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ဖို့ အချိန်သိပ်မပေးနိုင်ဘူး ဆိုရင်တောင် အကြောဆန့်ဖို့ကို တော့ အချိန်ပေးစေချင်ပါတယ်။ တောင့်တင်းနေတဲ့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်းမာရေး ကောင်းစေတဲ့ အကြောဆန့်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

စိတ်ခံစားမှု ပိုကောင်းလာနိုင်ခြင်း

နေ့စဉ် အကြောလျှော့ လေ့ကျင့်ခန်းတွေဟာ စိတ်ခံစားမှုတွေ ပိုမိုကောင်းလာ စေနိုင်ပါတယ်။ဒါဟာ အချိန်ခဏအတွင်းတော့ မသိသာလာနိုင်ပေမယ့် အချိန်တစ်ခုကြာလာတဲ့ အခါမှာ စိတ်ခံစားချက်တွေ ပိုကောင်းလာတယ် ဆိုတာကို သတိထားမိနိုင်ပါတယ်။

ဒါဟာ ပျော့ပြောင်းနေတဲ့ ခန္ဓာကိုယ်အတွက် နေလို့ကောင်းတဲ့ စိတ်နဲ့ ကိုယ် သက်ဆိုင်နေလို့ လည်း ဖြစ်ပါတယ်။

လုပ်ဆောင်ရည် မြင့်တက်လာခြင်း

အပေါ်က ပြောခဲ့သလိုပါပဲ။စိတ်ခံစားချက်တွေကောင်းလာတာနဲ့အမျှ ကြည်လင်နေ တဲ့အတွက် လုပ်ငန်းခွင်မှာလည်းအကြံဉာဏ်ကောင်းတွေ ထုတ်နိုင်မယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်မယ်။အထက်လူကြီးဆူတာခံရရင်တောင် ကောင်းစေချင်လို့ ဆူတာပဲလို့ တွေးမိမှာပါ။ အကောင်းမြင်စိတ်တွေ များလာသလို သင့်ရဲ့ လုပ်ငန်းခွင်၊မိသားစု စွမ်းဆောင်ရည်တွေလည်း တိုးတက်လာနိုင်ပါတယ်။
လေ့ကျင့်ခန်းပိုင်းမှာပဲ အလားတူပါ။ဘယ်အပြေးပြိုင်ပွဲမှာဖြစ်ဖြစ် မပြေးခင် အကြောလျှော့ တာကို တွေ့နိုင်ပါတယ်။ဒီလိုနဲ့ စိတ်နဲ့ ကိုယ်ရဲ့ လုပ်ဆောင်ပုံတွေဟာ အကြောလျှော့ခြင်းကြောင့် ပိုကောင်းလာပါတယ်။

အထိအခိုက် ကာကွယ်နိုင်ခြင်း

ကျွန်မတို့တွေ သတိမထားမိတတ်တာက ပုံမှန်အချိန်တွေမှာ လူတွေရဲ့အကြောတွေ တောင့်တင်းနိုင်တာကိုပါပဲ။သင်က ‌GYMကို အသွား၊ကားမောင်း သို့မဟုတ် ဆိုင်ကယ်မောင်းလာ ရလို့ ပခုံးတွေက တောင့်တင်းနေမယ်။အဲ့ဒီအခါ အကြောမလျှော့ဘဲ ဝိတ်မ သို့မဟုတ် ပြင်းထန်တဲ့ လေ့ကျင့်ခန်း တစ်ခုခုကို လုပ်မိမယ်ဆိုရင် တောင့်တင်းနေတဲ့ အကြောတွေ၊အဆစ်အမြစ်‌တွေမှာ နာကျင်သွားနိုင်သလို ဒဏ်ရာရနိုင်ပါတယ်။

အကြောလျှော့လိုက်ခြင်း အားဖြင့် သွေးတွေက ကြွက်သားတွေဆီ ရောက်သွားတာပါ။ ကြွက်သားတွေကို နွေးထွေးစေပြီး အဆစ်အမြစ်တွေနဲ့ အရွတ်တွေအတွက် ချောဆီသဖွယ် ပြုမူပါတယ်။
အကြောလျှော့ပြီးပြီ ဆိုတာနဲ့ စွမ်းအင်ကုန်ပြီး မြန်ဆန်တဲ့ လေ့ကျင့်ခန်းတွေကို စတင်လုပ်ကိုင်နိုင်ပါပြီ။

ကြွက်သား နာကျင်မှုတွေကနေ ကာကွယ်ပေးနိုင်ခြင်း

ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတစ်ခုခု မပြုလုပ်ခင် သွေးပူလေ့ကျင့်ခန်းတွေပြုလုပ်တာက နောက်နေ့မှာ ကြွက်သားနာကျင်မှုတွေကနေ သက်သာစေတာပါ။ ဒါ့အပြင် လေ့ကျင့်ခန်း လုပ်ပြီး တိုင်း အကြောဆန့်မယ်ဆိုရင် ကြွက်သားတွေ နွေးထွေးပြီး ပျော့ပြောင်းလာမှာ ဖြစ်လို့ပါပဲ။
ကာဒီရို(cardio)လေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်းမှာ အကြောဆန့်လိုက်ခြင်းအားဖြင့် ပိုရှည်ပြီး ပိုသွယ်လာသလိုလည်း ခံစားရနိုင်ပါတယ်။
ကြွက်သားတွေကို သွေးတွေ ရောက်ရှိသွားခြင်းအားဖြင့် အဆစ်အမြစ်တွေထဲမှာ ချော်ရည်တွေရောက်ရှိသွားပြီးမတော်တဆဖြစ်တတ်တဲ့အဆစ်လွဲ၊အဆစ်နာ၊အရွတ်ဒဏ်ရာရ‌ခြင်းတွေက ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

စိတ်တည်ငြိမ်စေခြင်း

အသက်ကို ပြင်းပြင်းရှူ၊ခန္ဓာကိုယ်ကို ဖြည်းဖြည်းလေး လှုပ်ရှားပြီး စိတ်အေးချမ်းစေဖို့ကို အဓိက အားထုတ်ရတာဖြစ်လို့ လေ့ကျင့်ခန်း တစ်ခု ဆိုပေမယ့်လည်း စိတ်ရောခန္ဓာပါ အေးချမ်းပါ တယ်။ဒါကြောင့် စိတ်ရော ကိုယ်ပါ အေးချမ်းတဲ့ အကြောလျှော့ခြင်းပါ။

စိတ်ပင်ပန်းမှုတွေကို လျှော့ချပေးခြင်း

အကြောလျှော့နေစဉ်အတွင်းမှာ တည်ငြိမ်နေတဲ့ စိတ်တွေကြောင့် စိတ်ဖိစီးမှုတွေကိုလည်း အလိုလိုလျှော့ချပြီးသား ဖြစ်ပါတယ်။‌ တစ်ချိန်တည်းမှာပဲ သွေးဖိအားတွေကို လျှော့ကျစေပြီး နှလုံးသွေးခုန်နှုန်း မှန်စေတယ်လို့လည်း လူသိများပါတယ်။
စိတ်ဖိအားများလာပြီး စိတ်ပင်ပန်းလာပြီဆိုရင် ခန္ဓာကိုယ်တွေပါ တင်းရင်းလာပြီး နာကျင်ကိုက်ခဲမှုတွေ ဖြစ်လွယ်ပါတယ်။ ခန္ဓာကိုယ် သွက်လက်ပေါ့ပါးပြီး စိတ်လန်းဆန်းနေဖို့ အကြောလျှော့လေ့ကျင့်ခန်းတွေကို နေ့တိုင်း လုပ်သင့်တာပါ။

ကိုယ်နေဟန်ထား မှန်ကန်မှု

ပျော့ပျောင်းမှုတွေ မရှိတော့ဘူးဆိုရင် ကြွက်သားတွေဟာ တင်းရင်းနေမယ်။ဥပမာ အချိန် သုံးနာရီကြာ‌သည်အထိ ကွန်ပျူတာစကရင်ကိုပဲ ထိုင်ကြည့်နေမယ်၊ထိုင်သုံးနေမယ် ဆိုပါစို့။ အဲ့ဒီအချိန်မှာ တင်းရင်းနေတဲ့ ပုခုံးနဲ့ နောက်ကျောကြွက်သားတွေကို ခံစားနိုင်ပါတယ်။ထို့အတူ အရွတ်နဲ့ ကြွက်သားနာကျင်မှု ဒဏ်တွေ ဖြစ်သွားနိုင်ပါတယ်။
ထို့အတူ ကားအကြာကြီး စီးမီးတဲ့အခါမျိုး၊ ထိုင်ခုံမှာ ထိုင်နေတဲ့ ကြာတဲ့အခါမျိုးမှာဆိုရင် ကြွက်သားတွေကို ဆန့်ပေးပြီး ခန္ဓာကိုယ် ပျော့ပျောင်းပေးဖို့ လိုအပ်ပါတယ်။

ခါးနာ၊နောက်ကျောနာ ရောဂါများကို သက်သာစေခြင်း

အခုအချိန်မှာ ခါးနာ၊နောက်ကျောနာ ရောဂါဆိုတာ လူတိုင်းလိုလိုမှာ ရှိနေတတ်တာမျိုးပါ။ Pilates၊ယောဂနဲ့ တခြားလေ့ကျင့်ခန်းတွေကို အ‌ခြေခံတဲ့ ‌အကြောလျှော့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ခြင်းအားဖြင့် ကြွက်သားတွေကို သန်မာစေပါတယ်။သန်မာလာတဲ့ ကြွက်သားတွေက နံရိုးတွေကိုလည်း အထောက်အကူပြုပေးပြီး ကျိုးပဲ့ခြင်း၊ထိခိုက်နာကျင်မှုတွေကနေ ကာကွယ်ပေး ပါတယ်။
‌ခါးနာ၊ကျောနာ ဖြစ်နေတဲ့အခါမျိုးမှာဆိုရင်လည်း အကြောလျှော့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်း အားဖြင့် အမြန် သက်သာလာတာကို တွေ့ရပါတယ်။

ခေါင်းကိုက်ရောဂါတွေကို ပျောက်ကင်းသက်သာစေခြင်း

ခေါင်းကိုက်ရောဂါတွေဆိုတာ ရေဓာတ်ကင်းမဲ့တဲ့အခါ၊စိတ်ဖိစီးမှုတွေ ရှိနေတဲ့အခါမျိုးမှာ ဖြစ်ပေါ်တတ်တာပါ။ဒါကြောင့် အကြောလျှော့လိုက်ခြင်းဖြင့် ခေါင်းကိုက်ခြင်းရောဂါကို သွယ်ဝိုက် ဖြေရှင်းလို့ရပါတယ်။ခေါင်းကိုက်ခြင်းရောဂါကို ဖြစ်စေတဲ့ ဖိအားတွေကိုလည်း လျှော့ချနိုင်ပြီး တချို့လေ့ကျင့်ခန်းတွေဆိုရင် ကိုယ်ခံအားစနစ်ကိုပါ တိုးစေနိုင်ပါတယ်။
ဆဲလ်တွေကနေ သွေးလည်ပတ်မှုကောင်းလာတာကြောင့် ရောဂါတွေကို အလွယ်တကူ တိုက်ထုတ်နိုင်ပြီး ဦးနှောက်အတွင်း သွေးလည်ပတ်မှုတွေ‌ရှိတာကြောင့်ခေါင်းကိုက်ရောဂါတွေကို အမြန်ဆုံး သက်သာစေမှာ ဖြစ်ပါတယ်။

??ပျော့ပျော့ပျောင်းပျောင်း ခန္ဓာကိုယ် ပိုင်ဆိုင်တဲ့သူတွေဆိုရင် တကယ်လေးစားစရာပါ။ ကိုယ်ကျန်းမာ‌ရေး ကို အထောက်အကူပြုပြီး မိနစ်အနည်းငယ်ပဲကြာနိုင်တဲ့၊တကယ်ထိ‌ရောက်တဲ့ စိတ်သက်သာရာရစေတဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေကို အချိန်အနည်းငယ်ပေးလို့ ကြိုးစားကြည့်စေချင်ပါတယ်။

YouTube မှာလည်း beginner level ကစလို့ရှာဖွေ လေ့ကျင့်နိုင်သလို အပြင် လေ့ကျင့်ခန်းရုံတွေမှာလည်း ဆရာဝန် ကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးမှုနဲ့ ပျော့ပျောင်းပေမယ့် စိတ်ရောကိုယ်ပါ သန်မာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ််။ဒါကြောင့် ခန္ဓာကိုယ်ပျော့ပျောင်းဖို့ ကြိုးစားကြည့်ရအောင်နော် ….

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်