SarPhat Author
ကျွန်မတို့အာရှနိုင်ငံတွေရဲ့ အလှအပစံနှုန်းအရ အမျိုးသားအမျိုးသမီးတော်တော်များများဟာ အသားဖြူချင်ကြပါတယ်။
အသားဖြူနေရင် လှတယ်လို့ သတ်မှတ်ကြတာများတဲ့ လူအဖွဲ့အစည်းမို့ ဖြူချင်ကြတာ မဆန်းပေမယ့် အန္တရာယ်ဖြစ်လောက်အောင် ဆေးထိုးဆေးသောက်လုပ်ကြတာမျိုးကိုတော့ ကိုယ်ပိုင်အယူအဆအရ အားမပေးလိုပါဘူး။
စျေးကွက်ထဲမှာ ပေါ်နေတဲ့ Glutathione ပါဝင်သောသောက်ဆေးထိုးဆေးတွေဟာ ကျွမ်းကျင်သူနဲ့ကုသခြင်းမဟုတ်တဲ့အခါ ဆေးလွန်ကဲပြီးကျောက်ကပ်ထိတာတွေ၊ အခြားမလိုအပ်သောဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။
ဒါဆို ဖြူချင်တာကို ဘယ်လိုလုပ်ရမလဲ။
ကျွန်မတို့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ရာသီဥတုအရ ကျွန်မတို့ဟာ အသားခတ်လတ်လတ်ရှိကြတာများပါတယ်။ ဒါကြောင့် ဝါဂွမ်းလိုဖြူဖွေးနေတာမျိုးဖြစ်ချင်ရင်တော့ ကျွမ်းကျင်ဆရာဝန်များနဲ့တိုင်ပင်ကာ ပြုပြင်တာမျိုးပြုလုပ်နိုင်ပါတယ်။
ဒါမှမဟုတ် ကိုယ်က သန့်ရှင်းကြည်လင်တဲ့အသားအရေမျိုးရရှိချင်တာဆိုရင်တော့ ကျွန်မဆက်ပြီးပြောပြမယ့် နည်းလမ်းလေးတွေဖတ်ကြည့်လိုက်ရအောင်။
၁။ အသားအရေ ချေးချွတ်ပါ။
စျေးကွက်ထဲက အမျိုးအစားစုံလင်လှတဲ့ Scrub ပေါင်းစုံသုံးကာ ချေးချွတ်နိုင်ပါတယ်။ ဒီလို စခရပ်ဘ်တိုက်ပေးခြင်းက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားကာ အသားအရေကြည်လင်လာစေပြီး ဖြူဝင်းလာစေပါတယ်။
၂။ Lotion စွဲစွဲမြဲမြဲလိမ်းပါ။
ဗိုက်တာမင်ကြွယ်ဝစွာပါတဲ့ လိုးရှင်းတွေက အသားအရေစိုပြေစေပြီး အသားအရေပြုပြင်ပေးတာမို့ ကြည်လင်ဝင်းပစေပါတယ်။
၃။ အသားအရေကို နေနဲ့တိုက်ရိုက်ထိခြင်းရှောင်ပါ။
နေပူထဲထွက်ရင် အသားညိုတတ်တယ်ဆိုတာ ကျွန်မတို့ သိပြီးသားဖြစ်ပါတယ်။ ဒီတော့ နေပူထဲထွက်တဲ့အခါ အသားအရေကို နေရောင်နဲ့တိုက်ရိုက်မထိတွေ့မိအောင် ရှောင်ကျဉ်ပါ။
၄။ နွားနို့သောက်ပါ။
ထူးဆန်းစွာပဲ နွားနို့သောက်တာက တကယ်ကို အသားဖြူလာဖို့ ကူညီပေးနိုင်ပါတယ်။ သို့ပေမယ့် အချိန်ပေးပြီးစွဲစွဲမြဲမြဲလုပ်ဖို့လိုပါတယ်။
၅။ ရေများများသောက်ပါ။
ရေများများသောက်ဖို့က အသားဖြူအောင်ကူညီပေးရုံသာမက ကျန်းမာရေးကိုပါကောင်းစေပါတယ်။ ခန္ဓာကိုယ်က အညစ်အကြေးစွန့်ပစ်ဖို့ အားကောင်းစေပြီး အသားအရေကြည်လင်လာစေပါတယ်။
ကဲ အခုဆိုရင်တော့ သဘာဝနည်းလမ်းများနဲ့ အသားဖြူအောင်လုပ်တဲ့အကြောင်းလေးတွေ သိရှိသွားကြမယ်ထင်ပါတယ်။ နောက်ထပ်ဆောင်းပါးတွေမှာ ထပ်တွေ့ပါမယ်နော်။
Keep Reading