Author's Profile Photo

Maru

3/08/2024

ကျေးဇူးတင်လွှာ

1 min read
Life Style
ကျေးဇူးတင်လွှာ's photo

"အမေ သမီးစာရေးပြီးတင်ချင်တယ် လိုင်းတွေလည်းမရဘူး ဒီပြည်တွင်းစစ်ကြီးဘယ်တော့ပြီးမှာလဲအမေ"

"သမီးရယ် Mytel ရတယ်တော့ကြားတယ် အမေ မနက်ဖြန်သွားဝယ်ကြည့်ပေးမယ်"

"တကယ်လားအမေ ပျော်လိုက်တာ"

"သမီးရေ မြို့ထဲဘာဆိုင်မှမရှိတော့ဘူး ဝယ်မရတော့ဘူး"

"ဟင် ဒါဆိုသမီးစာမရေးရတော့ဘူးလား တင်လို့မရတော့ဘူးပေါ့?"

"အမလေး ဝယ်မရပေမယ့် သူငယ်ချင်းဆီကငှားခဲ့ပေးတယ် ရော့"

"အိုးး ပျော်လိုက်တာအမေရယ် ဟီး"

"အမေ Mytel လိုင်းကလည်း ရလိုက်မရလိုက်နဲ့ ဟိုးးလသာဆောင်ပေါ်တက်မှလိုင်းကရတာ ဒါတောင်မရချင်ဘူး အခါတစ်ရာလောက်တင်နေမှရတာ"

"သမီးရယ် ကြိုတင်ရေးထား လိုင်းရရင်တင် အဲလိုလုပ်"

အမေ ဒီအမေဆိုတဲ့စကားလုံးနဲ့ပူဆာမိခဲ့ပါတယ်။
ပူဆာခဲ့သလို အမေကလည်းရအောင် ဖြည့်ဆည်းပေးခဲ့တယ်။
ဝါသနာကိုအရင်းတည်ပြီးဖြစ်ပေါ်လာတဲ့ ရည်မှန်းချက်လေးကို အမေက မရမကအဘက်ဘက်မှ ပံ့ပိုးပေးခဲ့ပါတယ်။
ကိုယ်ရဲ့ မျက်ရည်နဲ့မျက်ခွက်မျက်နှာလေးကို အမေက ပြုံးရွှင်စေခဲ့တယ်။

မေမေရေ ကျေးဇူးပါရှင်??
စကားလုံးတွေနဲ့ဖော်ပြလို့မရတဲ့ထိ ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်နော်အမေ အာဘွား မွမွမွ???

ဒီJulyလအတွင်း တင်ခဲ့တဲ့ဆောင်းပါးတွေဟာ မရရအောင်ကြိုးစားတင်ခဲ့ရတဲ့ ဆောင်းပါးလေးတွေဆိုလည်းမမှားပါဘူး။
အမေရဲ့ကြိုးစားပေးမှုတွေကြောင့်ပဲ တင်နိုင်ခဲ့ခြင်းပါ။

တချို့သောဆောင်းပါးတွေဟာ ရင်ထဲကကြောက်ကြောက်လန့်လန့်နဲ့ လသာဆောင်ပေါ်တက်ပြီးတင်ခဲ့ရတဲ့ဆောင်းပါးတွေလည်းရှိခဲ့ပါတယ်။

ဒီလိုကျွန်မဘက်က ကြိုးစားတင်ခဲ့ရသလို
စာဖတ်သူလေးတွေကလည်း ကျွန်မရဲ့စာတွေကို အမြဲမပျက်ဖတ်ရှုပေးခဲ့ကြပါတယ်။ဖတ်ရှုတဲ့အပြင် မှတ်ချက်ပေးမှုလေးတွေကြောင့်လည်း ကြိုးစားချင်စိတ်တွေနဲ့ မျှော်လင့်ချက်တွေဟာ မပျောက်မပျက်ရှိနေခဲ့ခြင်းပါ။

ကျေးဇူးပါရှင် စာဖတ်သူလေးတို့ရေ
စာဖတ်သူလေးတွေရဲ့ ဖတ်ရှုအကြံပေးမှုတွေကြောင့် ဒီလမှာလည်း Top 2ဝင်ခဲ့ပြန်ပါတယ်။ရှေ့ဆက်ပြီးတော့လည်း ကြိုးစားသွားပါမယ်ရှင်။

ညီမတို့ရဲ့ အနာဂတ်တွေတွက်အခွင့်လမ်းတွေ ဖွင့်ပေးတဲ့ Sarphat အဖွဲ့သူအဖွဲ့သားတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင်။

ရှေ့ဆက်ပြီးတော့လည်း အကောင်းဆုံးဆောင်းပါးတွေနဲ့ တွေ့ဆုံကြပါမယ်နော်?

သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...

August.3.2024.Sat(31:40)
ᗰᗩᖇᑌ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်