SarPhat Author
ကျွန်တော်က တစ်နေ့ကို screen time ''၁၀ နာရီ'' လောက် ရှိပါတယ်။ အမြဲ phone screen နဲ့ထိတွေ့နေရတော့ မျက်စိညောင်းတာတွေ အောင့်တာတွေ ခဏခဏဖြစ်ပါတယ်။ ဒါကိုသက်သာစေမယ့် နည်းလေးတစ်ခုကို တွေ့ခဲ့ရပြီး တကယ်ထိရောက်တာမို့ ပြန်မျှဝေလိုက်တာပါ။ ဒီနည်းလေးက လုပ်ရတာလည်း လွယ်ကူပြီး ကျွန်တော်ကိုယ်တိုင်လည်း လက်တွေ့လုပ်နေတာမလို့ လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ အခုပြောပြမယ့် နည်းလေးကတော့ 20-20-20 rule
လို့ ခေါ်ပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ screen time မိနစ် ၂၀ ပြည့်တာနဲ့ ပေ ၂၀ လောက်အကွာအဝေးက အရာဝတ္တု တစ်ခုခုကို စက္ကန့် ၂၀လောက် စိုက်ကြည့်ရမှာပါ။
ဟုတ်ပါတယ် ၂၀မိနစ် ၂၀ပေ ၂၀စက္ကန့်ပါ။ ခက်ခက်ခဲခဲလည်း မဟုတ်တာမို့ လိုက်လုပ်ကြည့်ကြပါနော်။ ကျွန်တော်တို့ခန္ဓာကိုယ်က ဘယ်အစိတ်အပိုင်းမဆို တန်ဖိုးကြီးတာမလို့ တန်ဖိုးထားကြပါလို့ ပြောချင်ပါတယ်။
Tiktok က ဆရာဝန်တစ်ယောက် ပြောပြထားတာကိုတွေ့လို့ Google ကနေ ပြန်ရှာကြည့်ပြီး မျှဝေလိုက်တာပါ။ 20-20-20 rule လို့ ရိုက်ရှာလိုက်ရင် သူနဲ့ ဆက်စပ်တဲ့အရာတွေပါ တွေနိုင်ပါတယ်။ အကျိုးရှိသော နည်းလေးတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
Trisa(ထရီစာ)
Keep Reading