Minal
'အာရောဂျံ ပရမံ လာဘံ” ဆိုတဲ့စကားကို လူတိုင်းကြားဖူးကြမှာပါ။ကျန်းမားချင်သည် လာဘ်ကြီးတစ်ပါးဆိုတဲ့စကားကအမှန်ဆိုတာ လူတိုင်းအသိပါဘဲ။
နေမကောင်းဖြစ်တယ်ဆိုတာ အရွယ်သုံးပါးမရွေးဖြစ်တတ်ပါတယ်။ကလေးငယ်ဖြစ်ရင်တော့ မိဘတွေကဂရုစိုက်ပေမဲ့။လူငယ်တွေနဲ့ လူကြီးပိုင်ကတော့ ကိုယ်ဘာသာဂရုစိုက်ကြပါတယ်။
ဘာပဲဖြစ်ဖြစ် နေမကောင်းဖြစ်တာနဲ့ အကုန်းလုံးခံစားရတာပါဘဲ။ခံစားရသလို ဆုံးရှုံးရတာတွေရှိတာမို့ ဘယ်လိုနေထိုင်စားသောက်ရင် ကျန်းမားပျော်ရွှင်ရမလဲဆိုတာမျှဝေခြင်းဖြစ်ပါတယ်။
လူငယ်တွေနေမကောင်းဖြစ်ရင် ဖြစ်နေတဲ့အခြေအနေပေါ်မူတည်ပြီဆုတ်ယုတ်သွားတာတွေအများကြီပါ။နိုင်ငံခြားကိုပညာတော်သင်သွားမည့်သူတွေ၊ အလုပ်ခရီးသွားရမည့်သူတွေဆို ပိုလို့တောင်အရေးကြီးပါတယ်။ဘာတစ်ခုမှ လွဲချော်လို့မရသလို နည်းနည်းမှအလွဲမခံတဲ့ ဒီကျန်းမားရေးကို ငယ်စဥ်ကတည်းကဂရုစိုက်သင့်ပါတယ်။
ငယ်စဥ်ကတည်းကလို့ပြောလိုက်လို့ တွေးစရာရှိပါတယ်။တစ်ချို့ဆို ဆင်းရဲတဲ့သူတွေကငွေကြေးမတတ်နိုင်လို့ဆေးရုံဆေးခန်းမသွားဘဲ ဘာမှမဖြစ်သလိုနေကြပါတယ်။ချမ်းသားသူတွေကတော့ ငွေသည်သာအရာရာမို့ အများကြီးထည့်မပြောတော့ပါဘူး။ဆင်းရဲလို့၊အဆင်းမပြေလို့ဆိုပြီးဒီတိုင်မထားလိုက်ပါနဲ့ တစ်ချို့ဆေးခန်းတွေမှာဆရာဝန်တွေကို ကိုယ့်ဘက်ကအဆင်မပြေတဲ့အကြောင်းတွေပွင့်ပွင့်လင်းလင်းပြောပြီး (၆)လတစ်ကြိမ်တော့ပြနိုင်အောင်ကြိုးစားပါ။ယခုခေတ်ဆို ပရဟိတဆေးခန်းတွေလည်ရှိပါတယ်။ဒါကတော့ လူကြီးမင်းတော့ကြိုက်နှစ်သက်ရာပြနိုင်ပါတယ်။
စာရေးသူကျွန်မဆို လူငယ်တစ်ယောက်ပါဘဲ။ထမင်းလေးပုံမှန်မစားမိတာနဲ့ သွေးပေါင်ကျရောဂါတန်းခံစားရတော့ပါဘဲ။စာဖတ်သူများကိုအသိပေးချင်တာနဲ့ဒီဆောင်းပါးလေးရေးပြီ အသိပေးမျှဝေခြင်းဖြစ်ပါတယ်။
ယခုခေတ်လူငယ်တွေဟာ အပြင်စားတွေ၊မာလာရှမ်းကောတို့ရှမ်းခေါက်ဆွဲတို့လို့အပြင်စားတွေစားနေကြပါတယ်။အပြင်စားတွေကဘယ်လောက်အရသားရှိရှိ မိမိတို့ရဲ့လက်ရှိbodyကိုတော့အားမဖြစ်စေပါဘူး။
ငယ်ငယ်ကသင်ရတဲ့ဆန်အကြောင်း၊ဆန်ရဲ့အကျိုးပြုပုံတွေသိလောက်မှာပါ။အစားအဟာရချို့တဲ့လို့ဖြစ်ဖြစ်၊ဓာတ်မတည့်တဲ့အရာတွေစားမိတဲ့အခါမှာလည် ကျွန်မတို့ရဲ့bodyကိုထိခိုက်စေပါတယ်။
မြန်မာနိုင်ငံမှာနေရင်တော့ ဒီအချက်လေးတွေလုပ်ပြီးကိုယ့်ကျန်းမားရေးကိုဂရုစိုက်စေချင်ပါတယ်။
ဒီလိုဆိုရင်တော့ ကျန်းမားပြီစိတ်ချမ်းသားလို့ စိတ်သွားတိုင်ကိုယ်ကအမြဲပါနေမှာပါ။
စာဖတ်သူပရိတ်သတ်အားလုံးကိုအစဥ်လေးစားချစ်ခင်လျက်🤍
လူငယ်တိုင်းပျော်ရွှင်လွတ်လပ်ကြပါစေ🍀🍀
8:55 PM 17.3.25
Minal မိငယ်
Keep Reading