Author's Profile Photo

Maru

3/08/2024

အရေးကြီးသောသူငယ်ချင်းဆက်ဆံရေး

1 min read
Life Style
General Knowledge
18 Again
အရေးကြီးသောသူငယ်ချင်းဆက်ဆံရေး's photo

"ဗလငါးတန်"ထဲက မိတ္တဗလ( မိတ်ဆွေကောင်းနဲ့ပြည့်စုံခြင်း)ဟာ ကျွန်မတို့တွေတွက်အရေးကြီးလှပါတယ်။ကိုယ်ကိုယ်တိုင်ကလည်း သူငယ်ချင်းကောင်း ဖြစ်ရပါမယ်။ ကိုယ်ပေါင်းတဲ့သူဟာလည်း ကောင်းတဲ့သူငယ်ချင်းဖြစ်ရပါမယ်။

အရပ်ထဲပြောနေကြစကားလေး တစ်ခွန်းရှိပါတယ်။ "ဘယ်လောက်ဆိုးတဲ့သူနဲ့ပေါင်းပေါင်း ကိုယ်ကိုယ့်ကိုယ်ထိန်းနိုင်ရင် မပျက်ဆီးဘူး"။ ဒီစကားကို သင့်အနေနဲ့ဘယ်လိုထင်ပါသလဲ။

အခုနောက်ပိုင်း သူငယ်ချင်းဆက်ဆံရေးတွေကို ကြည့်ကြည့်လိုက်ပါ။ဆဲတတ်တဲ့သူတွေနဲ့ပေါင်းတဲ့သူဟာ ဆဲတတ်လာတယ်။ဆဲရတာကို ရှက်စရာလို့မမြင်တော့ဘူး။ Blameတတ်တဲ့သူတွေနဲ့ ပေါင်းတဲ့သူတွေဟာ Blame လာကြတယ်။ ကိုယ်အဖြစ်ရှိမရှိ မစဉ်းစားကြတော့ဘူး။

ကျွန်မနဲ့သိတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။
ကောင်မလေးက အနေတအားအေးပါတယ်။ နောက်ပိုင်းသူ့မှာ သူငယ်ချင်းအသစ်တွေရှိလာပါတယ်။သူငယ်ချင်းအသစ်တွေရှိလာတဲ့ချိန်ကစပြီး သူကအရင်ပုံစံနဲ့မတူတော့ပါဘူး။အရင်ကဆို သူရှိနေရင်တောင် ရှိနေတယ်လို့မသိရတဲ့ထိ ငြိမ်လွန်းလှပါတယ်။နောက်ပိုင်းမှာ attention တွေရှာလာတယ်။အပြောအဆိုတွေ အမြင်မလှတော့ဘူး။ လူတွေကို blame လာတယ်။အမြင်မကြည်စရာ ပုံစံလေးဖြစ်လာပြီး နောက်ပိုင်းသူ့ကိုအရင်ကပေါင်းတဲ့ သူငယ်ချင်းတွေဟာ ရှောင်လာကြပါတယ်။

ဒါဟာဘာကြောင့်လဲ။သူ့သူငယ်ချင်းအသစ်တွေကြောင့်လား။ မဟုတ်ပါဘူးနော်။ သူကိုယ်သူမထိန်းနိုင်လို့ပါဘဲ။ လူဆိုတာဆွယ်ရင် ပါသွားတာများပါတယ်။ ဘယ်လောက်ဆိုးတဲ့သူနဲ့ပေါင်းပေါင်း ကိုယ်ကိုယ့်ကိုယ်ထိန်းနိုင်ရင် မပျက်ဆီးဘူး" ဒီစကားဟာ လူတိုင်းတွက်မှန်မနေပါဘူး။

ဒါ‌ကြောင့်သူငယ်ချင်းထားတော့မယ် ခင်မင်တော့မယ်ဆိုရင်

-ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်လားဆန်းစစ်ပါ။
-ဆွယ်ရင်ပါမယ့်ထဲပါလားသုံးသပ်ပါ။

ကိုယ့်ကိုယ့်ကိုယ်ထိန်းနိုင်တယ်ဆိုရင် ပေါင်းပါ။

မထိန်းနိုင်ဘူးဆိုရင်ရော မပေါင်းရတော့ဘူးလား။ မဖြစ်မနေ အားနာလို့ပေါင်းရမယ်ဆိုရင်ရော ဘယ်လိုလုပ်ရမလဲ။ ကျွန်မတို့တွေဘဝမှာ မလွှဲသာမရှောင်သာ ဆက်ဆံရေးတွေရှိပါတယ်။ ဒီလို‌ဆက်ဆံရေးတွေကို ပေါင်းရမယ်ဆိုရင်

-လမ်း‌ပေါင်းဆိုလမ်းပဲပေါင်းပါ။
လမ်းပေါင်းဆိုလမ်းပဲပေါင်းပါဆိုတာက သူဟာအိမ်ထိခေါ်ပြီးပေါင်းဖို့ အဆင်မပြေတဲ့သူပါပဲ။ ဒီလိုလူတွေကို အိမ်ထိခေါ်ပေါင်းရင်တော့ သင့်အပြစ်ပါပဲ။(မေးထူးခေါ်ပြောသဘော)

-လိုတာထက်မရောပါနဲ့။
လိုအပ်တာထက်ပိုပြီး ‌ရောနှောရင် ကိုယ့်ကိုအသုံးချလို့ရတဲ့သူ လုပ်စားလို့ရတဲ့သူလို့ထင်မှတ်ကြပါလိမ့်မယ်။

-အားမနာပါနဲ့။
အားနာခြင်းက လုံးဝမကောင်းတာ အားလုံးအသိပါပဲ။ အားနာလို့ ကိုယ်ကလိုက်လျောရင် သူ့အပြစ်မဟုတ် ကိုယ့်အပြစ်ပါပဲ။

အတတ်နိုင်ဆုံး ဆင်ခြင်ပြီးပေါင်းပါ။ပေါင်းသင်းဆက်ဆံ‌ရေးဟာအ‌ရေးကြီးပါတယ်။ မကောင်းတဲ့သူငယ်ချင်းအယောက်တစ်ရာရှိခြင်းထက် ကောင်းတဲ့သူငယ်ချင်းတစ်ယောက်ရှိတာက ပိုတန်းဖိုးရှိပါတယ်။

ကိုယ်ကကောင်းမှလည်း တပါးသူကလည်းကောင်းမှာပါ။လူတိုင်း သူငယ်ချင်းကောင်းဖြစ်ဖို့ကြိုးစားသင့်ပါတယ်။အပြန်အလှန်ကူညီဖေးမရင်း ကောင်းတဲ့ဘဝတွေကိုထူထောင်လိုက်ပါ။

သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...

August.3.2024.Sat(15:44)
ᗰᗩᖇᑌ




Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)