Author's Profile Photo

မြ (စံကားဝါမြေ)

3/08/2024

"ကျွန်မအသက် ကျွန်မအရွယ် ဘဝများ" (Book Review)

2 mins read
Book Review
"ကျွန်မအသက် ကျွန်မအရွယ် ဘဝများ" (Book Review)'s photo

မြရဲ့ ဒီနေ့ဆောင်းပါးလေးမှာတော့ "ကျွန်မအသက် ကျွန်မအရွယ် ဘဝများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးသားသွားမဲ့ အကြောင်းအရာတွေအတွက် မြန်မာနိုင်ငံမှ အသက်အငယ်ဆုံး (ကိုရီးယား - မြန်မာ) နှစ်ဘာသာဖြင့် ပင်ကိုယ်ရေးဝတ္ထုတိုများကို ရေးသာထုတ်ဝေထားသော စာရေးဆရာမလေး ပြည့်စုံကြွယ်ရဲ့ အတ္ထုပ္ပတ္တိလေးနဲ့ ပထမဦးဆုံး အစချီချင်ပါတယ်ရှင်။

ဆရာမလေးပြည့်စုံကြွယ်ဟာဆိုရင် ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါပြီး စာရေးဆရာမတစ်ဦးဖြစ်ချင်ခဲ့တဲ့သူလေးပါရှင်။ ဆရာမလေးက အသက် (၉)နှစ်ကနေ (၁၃)နှစ်အတွင်းမှာ အပြင်ကို အသွားအလာနည်းခဲ့တဲ့အတွက် အိမ်ထဲမှာပဲ စာပေအများအပြားကို ဖတ်ရှုလေ့လာနေခဲ့ပါတယ်တဲ့ရှင်။

ဆရာမလေးပြည့်စုံကြွယ်ရဲ့ ပထမဦးဆုံး စာအုပ်လေးကတော့ "တစ္ဆေတစ်ကောင်ရဲ့ အချစ်" ဆိုတဲ့ ဘာသာပြန်စာအုပ်လေးကို (အင်္ဂလိပ် - မြန်မာ) နှစ်ဘာသာဖြင့် ဆရာမလေးအသက် (၁၁)နှစ်အရွယ်မှာ ဘာသာပြန်ဆိုခဲ့ပြီး (၁၃)နှစ် အရွယ်မှာတော့ ထုတ်ဝေဖြန့်ချိခဲ့ပါပြီတဲ့ရှင်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် စာပေအရာမှာ ဆရာမလေးပြည့်စုံကြွယ်ရဲ့ ထူးချွန်ပြောင်မြောက်မှုက အစွမ်းပကား အတော်ကို ကြီးမားတာပဲနော်။

မြကတော့ ဆရာမလေးပြည့်စုံကြွယ်ရဲ့ ပထမဦးဆုံး ဘာသာပြန် စာအုပ်လေးကို မဖတ်ကြည့်ရသေးပါဘူးရှင်။ ဘာ့ကြောင့်လဲဆိုတော့ ခေါင်းစဉ်ကြားပြီး ကြောက်လို့ပါ။ မြက စာပေအကုန်အစုံ ဖတ်ပါတယ်။ သို့သော် သရဲကြောင်းဆိုရင်တော့ ရှောင်ပါတယ်ရှင်။ စိတ်ထဲမှာ တွေးတွေးပြီး ပုံပေါ်လာနေလို့ပါရှင်။ ဒါပေမယ့် မြက ဆရာမလေးပြည့်စုံကြွယ်ရဲ့ အရေးအသားလေးတွေကို သဘောကျနှစ်ခြိုက်မိလို့ မြ ရင့်ကျက်လာတဲ့ တစ်နေ့ကြရင် ဆရာမလေးရဲ့ "တစ္ဆေတစ်ကောင်ရဲ့ အချစ်" ဆိုတဲ့ ဘာသာပြန်စာအုပ်လေးကို ကြိုးစားပြီးတော့ ဖတ်ကြည့်ဦးမှာပါရှင်။

ဆရာမလေးပြည့်စုံကြွယ် အသက်(၁၄)နှစ်မှာ ဒုတိယမြောက် စာအုပ်လေးဖြစ်တဲ့ ယခု မြ Book Review ရေးသွားမဲ့ "ကျွန်မအသက် ကျွန်မအရွယ် ဘဝများ" ဆိုတဲ့ စာအုပ်လေးကို (ကိုရီးယား - မြန်မာ) နှစ်ဘာသာဖြင့် ထုတ်ဝေရေးသားနိုင်ခဲ့သော မြန်မာနိုင်ငံမှ ပထမဦးဆုံး စာရေးဆရာမလေးတစ်ယောက်ပါပဲရှင်။

ဆရာမလေးရဲ့ အားသာချက်ကတော့ နိုင်ငံခြားဘာသာစကားလေ့လာတဲ့အခါမှာ လပိုင်းနဲ့ သင်ယူတတ်မြောက်လွယ်သူ‌လေး ဖြစ်ပါတယ်ရှင်။ ဆရာမလေးပြည့်စုံကြွယ်က ယခုအချိန်မှာ English, Korean, Spanish ဆိုတဲ့ ဘာသာစကား(၃)မျိုးကို ရေးနိုင်၊ ပြောနိုင်၊ ဖတ်နိုင်ပြီး ကျွမ်းကျင်အဆင့်ကို ရောက်ရှိနေသူတစ်ဦး ဖြစ်ပါတယ်ရှင်။

ဟောဒီ "ကျွန်မအသက် ကျွန်မအရွယ် ဘဝများ" စာအုပ်လေးထဲမှာဆိုရင်

◆ လွဲမှားခဲ့သော ခြေလှမ်းတစ်စုံ
◆ သူငယ်ချင်း
◆ အသက်နှင့်ရင်း၍
◆ ကြောက်စိတ်
◆ အနှင်း
◆ မျက်နှာဖုံး
◆ ဒံပေါက် ဆိုတဲ့ ဝတ္ထုလေးတွေ ပါဝင်ပါတယ်ရှင်။

ဒီစာအုပ်ထဲမှာဆိုရင် မြတို့ လူငယ်တွေအတွက် ပညာပေးအခန်းတွေ အများကြီး ပါဝင်ပါတယ်ရှင်။ ယခုလို အပြိုင်အဆိုင်များတဲ့ခေတ်မှာ တစ်ယောက်နဲ့တစ်ယောက် မနာလို ပြိုင်ဆိုင်မှုတွေကနေ ရလာမယ့် အကျိုးဆက်တွေ၊ ကိုယ့်အတွက် ထိခိုက်‌နစ်နာစေမယ့် အမှားမျိုးတွေ၊ လူတစ်ယောက်ကို အပေါ်ယံကြည့်ရုံနဲ့ သူ့ရဲ့ အတွင်းစိတ်က ဘာတွေတွေးနေမလဲ၊ ဘယ်လိုလူမျိုးလဲဆိုတာတွေကို ဆုံးဖြတ်နိုင်မယ့် နည်းလမ်းတွေအပြင် ဆောင်ရန်၊ ရှောင်ရန်တွေကိုပါ ထည့်သွင်းရေးသားထားတာမို့ လူတိုင်းအတွက် မဖြစ်မနေကို ဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်လို့ Recommended ပေးချင်ပါတယ်ရှင်။

ဒီစာအုပ်ရဲ့ Book Reviewလေးကတော့ မြ ဖတ်ကြည့်ပြီး မြတွေးနိုင်သလောက် တွေးကြည့်ပြီးတော့ မြရဲ့ အမြင်လေးကို ရေးသားမျှဝေထားတာ ဖြစ်ပါတယ်ရှင်။ စာဖတ်သူလေးတို့ ဖတ်ကြည့်တဲ့အခါမှာလည်း မြနဲ့ မတူညီတဲ့ အတွေး‌အမြင်တွေ ဖြစ်ပေါ်ကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်ရှင်။ စာဖတ်သူလေးတို့ ဒီစာအုပ်လေးကို ဖတ်ပြီးသွားတဲ့အချိန်မှာလည်း မြနဲ့ အမြင်ချင်း ဖလှယ်ဆွေးနွေးနိုင်ဖို့ရာ

Telegram Username = @Author_Mya_Kyaukpadaung_5581

Telegram Bot = @MyaKnowledgeLibrary27102006_bot

တို့မှာ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင်။

ဆရာမလေးပြည့်စုံကြွယ်ရဲ့ "ကျွန်မအသက် ကျွန်မအရွယ် ဘဝများ" စာအုပ်လေးကို ဖတ်ရှုလိုပါက "ပြည့်စုံကြွယ်စာပေ"ရဲ့ Facebook Page Messengerမှာ သွားရောက်ဝယ်ယူနိုင်တဲ့ပြီး 10% Discountပါ ရပါသေးတယ်ရှင်။

ပြည့်စုံကြွယ်စာပေတိုက် Facebook Page Link

https://www.facebook.com/profile.php?id=61554350531150

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
3.8.2024(Saturday)

Keep Reading

အင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဂျပွေး ရှင်ကုသလဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂)