SarPhat Author
ကျွန်တော်တို့ကြောက်တဲ့ အချက်(၄) ချက်ရှိတယ်။
1. Fear of change
2. Fear of unknown
3. Fear of success
4. Fear of failure
1. ပြောင်းလဲရမှာကြောက်တယ်
ဆံပင်အရှည်နဲ့တောက်လျှောက်နေလာတော့ ဆံပင်အတိုညှပ်လိုက်ရင် လိုက်ပါ့မလား ဆိုပြီး မပြောင်းလဲဖြစ်တော့ဘူး။ နေရာအသစ်မှာအဆင်ပြေပါ့မလား။ လူသစ်တွေနဲ့အဆင်ပြေပါ့မလား။ မသိရင် နားမလည်ရင်ဘယ်လိုလုပ်မလဲ။ အဆင်ရောပြေပါ့မလား။ အခုအတိုင်းလေးပဲကောင်းပါတယ်ဆိုပြီး ပြောင်းလဲဖို့ကို မသိချင်ယောင်ဆောင်လိုက်တတ်ကြပါတယ်။ တော်ပါပြီ။
2. မသိသေးတာတွေကိုကြောက်တယ်
မစားဖူးသေးတဲ့ဆိုင်အသစ်ကို တစ်ယောက်တည်းဝင်ထိုင်စားရမှာကြောက်တယ်။ ဆိုင်ရောက်တိုင်း ပုံမှန်စားနေကြအရာလေးပဲမှာပြီး Menu အသစ်စမ်းစားဖို့ကို စိတ်က သိပ်ခွင့်မပြုသေးဘူး။ အရသာမသိသေးတော့ အဆင်မပြေမှာကြောက်လို့။
3. အောင်မြင်မှာကြောက်တယ်
အောင်မြင်ရင် လူတွေက ဝိုင်းဆွဲချလိမ့်မယ်။ မကောင်းပြောကြမှာကိုကြောက်တယ်။ မိသားစုကိုအချိန်မပေးနိုင်တော့ဘဲဖြစ်လိမ့်မယ်။ သူငယ်ချင်းတွေနဲ့အနေဝေးသွားလိမ့်မယ်။ တိုက်ခိုက်ခံရလိမ့်မယ်။ မအောင်မြင်လည်းရတယ်၊ ပုံမှန်လေးပဲကောင်းတယ်။
4. ရှုံးနိမ့်မှာကြောက်တယ်
စာမေးပွဲဖောင်တင်ထားတာ မအောင်ရင် စာမေးပွဲကြေးနှမြောစရာကြီး။ အရမ်းကြိုးစားပြီးမှ အဆင်မပြေရင် လွဲချော်သွားရင် ပင်ပန်းတာပဲအဖတ်တင်မယ်။ ရှုံးနိမ့်မှာကြောက်တယ်။
ထိုကြောက်တဲ့အချက်လေးချက်က ကျွန်တော်တို့အားလုံးဆီမှာဖြစ်ပေါ်လေ့ရှိတာ ပုံမှန်ပါပဲ။
အဲ့အချက်တွေကို ကိုယ့်ကိုယ်ကိုဆွဲချခြင်း (self sabotage) ဆိုပြီးလည်းခေါ်လေ့ရှိပါတယ်။
ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုသင်ပေးရမှာတစ်ခုက အကယ်၍ ကြောက်တဲ့စိတ်ဖြစ်ပေါ်လာပြီဆိုရင် အပေါ်က အချက်တစ်ခုခုနဲ့လည်း ငြိနေပြီဆိုရင် သေချာပေါက် ကိုယ့်ကိုယ်ကိုပြောပြပေးပါ။
You can do it.. why not .. just do it !!!
Keep Reading