Honey cho
ရှေးပညာရှိတွေက ပြောကြတယ်
ဘဝမှာလူရယ်လို့ဖြစ်လာရင်
ဘယ်အရာမဆို အပေါ်
သည်းခံ၊သည်းခံတဲ့လေ
တကယ်ပဲ သည်းခံတိုင်း
အရာရာအဆင်ပြေမှာလား
ကိုယ့်ရဲ့သည်းခံမှုကို သူတို့ကအသိအမှတ်ပြုပေးကြမှာလား
ဒါပေမဲ့ ဘဝမှာ
သည်းခံခြင်းဟာ အောင်မြင်ခြင်းဆိုတဲ့ဆောင်ပုဒ်
သုံးမရတဲ့နေရာတွေ၊လူတွေလည်းရှိနေပါသေးတယ်။
ကိုယ့်ရဲ့ သည်းခံမှု၊ခွင့်လွှတ်မှုကို အခွင့်ရေးရယူပြီး
သည်းခံမှန်းသိလို့ ရောင့်တက်ပြီးစော်ကားလာရင်တော့
အရူး အရူးဆိုတိုင်း အိမ်ဦးခန်းတက်ပြီး ချီးပါခံလို့တော့မဖြစ်ဘူးမဟုပါလော။
ဘဝမှာ အေးစက်လွန်းလို့ကောင်းတာဟာ
ရေကလွဲရင်မရှိသလို
လူ့ဘဝမှာလည်း သည်းခံခြင်းရှိတိုင်းလည်း
လူပီသတယ်မခေါ်နိုင်ပါဘူး။
တစ်ချို့က တော့ ကြောက်လို့သည်းခံကြတယ်
တစ်ချို့ကတော့ ရှက်လို့သည်းခံကြတယ်
တစ်ချို့ကတော့ သည်းခံမှုကိုlimit ထားကြတယ်
Limit ထားတဲ့သည်းခံမှုကသာကမ္ဘာပေါ်မှာ
အကောင်းဆုံးသောနည်းလမ်းတစ်ခုပါ။
ကမ္ဘာပေါ်မှာ ဘယ်လောက်ဘဲတစ်ဖက်သားကချမ်းသာပါစေ
ဘယ်လောက်ဘဲဆင်းရဲပါစေ
ထိုစည်းစိမ်ဥစ္စာတွေထက် သူ့ရဲ့အပြုအမူ
အပြောအဆို အနေအထိုင်တွေကသာ
သူဟာ ဘယ်လိုလူဆိုတာကို သတ်မှတ်တာပါ
အပေါ်ယံရုပ်ရည်၊စည်းစိမ်ဥစ္စာဓနနဲ့အောင်မြင်မှုတွေဟာ
မင်းထိုသူရဲ့ ပင်ကိုယ်စရိုက်မှန်ကိုခဏကာပေးထားရုံပါဘဲ။
မင်းသည်းခံတာများရင် မင်းဟာ
တကယ့်ကို ငနုံ၊ငအ၊ငဒူလို့သာ
လူတွေကလက်မှတ်ပေးမှာပါ
မင်းကိုဘယ်သူကမှ ခန္တီတရားကြီးမားလှပါချေရဲ့
လို့
လူအယောက်တစ်ရာမှာ တစ်ယောက်တောင်ပြောဖို့မသေချာပါ။
ဒါကြောင့် တိုတောင်းလှတဲ့ဘဝမှာ
သည်းခံသင့်သလောက်ဘဲ သည်းခံကြဖို့
ကိုယ့်မှာလည်း စိတ်ခံစားချက်တွေ၊လိုအင်တွေ
ရှိတယ်ဆိုတာကိုလည်း တသ်ဖက်သားမြင်အောင်
ထုတ်ပြကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
Keep Reading