Author's Profile Photo

ပြာလဲ့ရီဝေ

30/07/2024

ရာသီစိတ်

1 min read
Life Style
Education
History
ရာသီစိတ်'s photo

ရာသီစိတ်လို့ ခေါင်းစဉ်လေး ပေးထားပါသည်။ အမျိုးသမီးများ ရာသီလာခါနီးအချိန် ဖြစ်‌လေ့ရှိသော စိတ်ခံစားမှု ဖြစ်ပါသည်။ အမျိုးသမီးများ ရာသီလာစဉ် စိတ်ခံစားမှုအပြောင်းအလဲများသည် လူမှု ဆက်ဆံရေးကို နှောင့်ယှက်တက်ပါသည်။

ကျွန်မကိုယ်တိုင်လည်း ရာသီမလာခင် တစ်ပတ်ခန့် အလိုတွင် စိတ်ခံစားမှု အတက်အကျများစွာ ဖြစ်တက်ပြီး မိသားစုနှင့် အတိုက်အခံ၊မကျေမလည်တွေ ပြောမိတက်ပါသည်။ ပုံမှန်ဆို ကျော်သွားနိုင်သည့်အရာကို တအားခံစားလွယ်ပြီး ထိခိုက်လွယ်နေတက်ပါသည်။

ရာသီမလာခင် တစ်ပတ် သို့မဟုတ် နှစ်ပတ်ခန့်တွင် အမျိုးသမီး အများစုသည် လက္ခဏာ အချို့ကို ခံစားရတက်ပါသည်။ ခန္ဓာကိုယ်ပိုင်း ၊ စိတ်ခံစားမှုပိုင်း ၊ အပြုအမူပိုင်းတို့၌ အပြောင်းအလဲများ ခံစားကြရပါသည်။ ဆေးဘက်ဆိုင်ရာမှာ Premenstrual Syndrome ( PMS ) ဟု သတ်မှတ်ပါသည်။

ခန္ဓာကိုယ်ပိုင်း အတွက်ဆိုလျှင် ရင်သားများ ကြီးလာခြင်း၊ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေလက် အဆစ်များ နာကျင်ခြင်း၊ ဝမ်းဗိုက် မအီမသာဖြစ်ကာ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းများ ဖြစ်လေ့ရှိကြပါသည်။

ဒေါသဖြစ်လွယ်ခြင်း၊ ဝမ်းနည်းလွယ်ခြင်း၊ ခံစားလွယ်ခြင်း၊ မကျေမနပ် ခံစားရခြင်း စသည့် ခံစားမှုပိုင်းတွင်လည်း ပြောင်းလဲတက်ကြပါသည်။

ကျွန်မတို့သည် မိသားစုကြား၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်းကြား သည်းခံသင့်သည့်အရာ သည်းခံ ၊ အ‌လျှော့အတင်း လုပ်ရင်း ဆက်ဆံရေး အဆင်ပြေနေပေမယ့် တစ်ချိန်မှာ လုံးဝ မခံနိုင် ဆတ်ဆတ်ထိမခံ ဖြစ်လေ့ရှိကြပါသည်။ တစ်ခါတစ်လေ ထိုအချိန်က ရာသီလာခါနီး အချိန် ဖြစ်နေတက်ပါသည်။ ထိုအချိန်တွင် အမျိုးသမီးတို့သည် စိတ်ထိခိုက်လွယ်ပါသည်။ ဝမ်းနည်းလွယ် ခံစားလွယ်ကာ ဒေါသလည်း ထွက်လွယ်နေတက်ကြပါသည်။ ဘာမျှ မဟုတ်သည့် အရာလေးကနေ အကြီးအကျယ် ဘဝင်မကျလည်း ဖြစ်သွားတက်သလို အရင်က သည်းခံနိုင်နေသော အရာတွေဟာ အခုမှ ပိုပြီး နာကျင်ခံစားစေနိုင်ပါသည်။ တစ်ကယ်တော့ ဤ ခံစားချက်တို့သည် ဤအချိန် တစ်ပတ် ကာလအတွင်းမှာ ဖြစ်လာကြပြီး ရာသီစတင်သည့်အခါမှာ ပျောက်ပြယ်ပြီး သက်သာသွားတက်ကြပါသည်။

သို့သော် ဤအချိန်လေးမှာ ပြောလိုက် ဆိုလိုက် ဒေါသထွက်လိုက်မိသည့်အခါ ၊ သို့တည်းမဟုတ် တအားထိခိုက်ကြေကွဲ ခံစားနေရသည့်အခါ လူမှု ဆက်ဆံရေးတွေ ပျက်ပြားလာစေပါသည်။ တစ်ဖက်ကလည်း ဒါကို မသိထားသည့်အခါ နှစ်ဦးနှစ်ဖက် အမြင်လွဲမှား ရန်စကား များကြရပါတော့သည်။

သို့ဖြစ်ပါ၍ မိမိကိုယ်တိုင်က ဤအချိန်ဆိုရင် မိမိ၏ စိတ်သည် ထိခိုက်လွယ်လာတက်သည်၊ ဒေါသထွက်လွယ်လာတက်သည်၊ မကျေမနပ်ခံစားမှုတွေ ပိုပြီး ခံစားရတက်သည်၊ သည်းခံစိတ်များ လျော့ပါးတက်သည် စသဖြင့် သတိထားပေးမယ်ဆိုလျှင် ခံစားမှုများကို သက်သာစေနိုင်မည်ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း ထိုစိတ်ခံစားချက်များက ထိန်းမရ ဖြစ်တက်ကြပါသည်။ တစ်ဖက်လူက နားလည်မှု ပေးနိုင်ပါက ဆက်ဆံရေးများကို ပိုပြီး ထိန်းသိမ်းနိုင်ပါမည်။ ဥပမာ အမျိုးသားက မိမိ၏ ဇနီးသည် ရာသီလာခါနီးအချိန်တွင်တော့ စိတ်ဆတ်တက်သည်၊ ဝမ်းနည်းလွယ်သည်၊ အကျကောက်တက်သည် စသဖြင့် သိနားလည်ပေးမည်ဆိုပါက တစ်ဖက်နှင့်တစ်ဖက် အကျိုးရှိမည် ထင်ပါသည်။

အထက်တွင် ပြောခဲ့သည့်အတိုင်း ကျွန်မကိုယ်တိုင်လည်း ရာသီမလာခင်အချိန်တွင် စိတ်ဓာတ်ကျလွယ် ဒေါသထွက်လွယ်ပြီး စိတ်ညစ်ညူးလွယ်လှပါသည်။ စကားကလေး တစ်ခွန်းကိုပဲ တအားခံစားလွယ်ပြီး ယူကြုံးမရခံစားနေမိတက်ပါသည်။ အခုတော့ ရာသီလာခါနီး စိတ်တွေ ဆတ်နေပါ့လား၊ ခံစားမှုတွေ မြင့်တက်နေပါ့လား ဟု သတိကလေးထားလိုက်သည့်အခါ နက်နက်နဲနဲ မထိခိုက် မခံစားရတော့ဘဲ စိတ်ကို သက်သာစေပါသည်။ ကျွန်မသည် စိတ်များမွန်းကြပ် ခံစားရသည့်အခါ ရာသီမလာခင် တစ်ပတ်အလို အချိန်လေးများလားဟု ပြန်ပြန်တွေးမိပါတော့သည်။ဟုတ်နေသည်ဆိုလျှင် ထိုခံစားမှုများ သက်သာလျော့သွားတက်ပါတော့သည်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး