Author's Profile Photo

Noon (နွန်း)

30/07/2024

Heart Attack (နှလုံးရောဂါ)?

2 mins read
Health
Book Review
Education
Heart Attack (နှလုံးရောဂါ)?'s photo

Heart Attack (နှလုံးရောဂါ) ♥️


အခုခေတ်နောက်ပိုင်းမှာ‌တော့

နှလုံးရောဂါ ကို အစာအိမ်‌ရောဂါ ဖြစ်တာနဲ့ သိပ်မသည်းကွဲတာတွေ ဖြစ်လာပါတယ်


နှလုံးရောဂါကြောင့် ရုတ်တရက်သေဆုံးမှုတွေ ဖြစ်လာတတ်ပါတယ်

ဗဟုသုတ အနေနဲ့ မှတ်သားစေဖို့ အကျဉ်းချုပ်လေးတော့လုပ်ပေးထားပါတယ်ရှင်
??

နှလုံးရောဂါ

၂၀၂၀ ခုနှစ်စစ်တမ်းတွေအရဆိုရင် လူ ၁ သိန်းမှာ ၂၁၉.၄ ဦးနှုန်းအသက်ဆုံးပါးစေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး လူသေနှုန်းမြင့်မားတဲ့
ရောဂါတွေထဲမှာ နံပါတ် ၁ ဖြစ်ပါတယ်။

နှလုံးရောဂါရဲ့ လက္ခဏာတွေက အချိန်အတန်ကြာမှ သိသိသာသာပြသလာတတ်ပါတယ်။

နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေက အမျိုးအစား အမျိုးမျိုးရှိပြီး
နှလုံးဆိုင်ရာ ပြဿနာများ (Cardiovascular Problems) လို့ခေါ်ဆိုကြပါတယ်။?

? ရောဂါလက္ခဏာများ


1. နှလုံးစည်းချက်မမှန်ရောဂါ


Arrhythmias ဟာ နှလုံးစည်းချက် ပုံမှန်မဖြစ်တော့တဲ့ ရောဂါဖြစ်ပါတယ်။ စည်းချက် မြန်တာ၊ နှေးတာ အပေါ် မူတည်ပေမယ့်

လက္ခဏာ
???

အားအင်ချိနဲ့ပြီး ပျော့ခွေလာ၊
နှလုံးခုန် နှေးလာတာ ဒါမှမဟုတ် မြန်လွန်းလာ၊
သွေးခုန်နှုန်း နှေးလာ၊
မကြခဏ မူးဝေနေတတ်၊
ခေါင်းမူး၊
ရင်ဘတ်အောင့်ခြင်း


2.နှလုံးသွေးကြောကျဉ်းရောဂါ

Atherosclerosis ဖြစ်တဲ့အခါ ခြေဖျားလက်ဖျားတွေဆီ သွေးလျှောက်တာနည်းသွားတတ် ?

လက္ခဏာ
??

အသက်ရှူရခက်၊
ရင်ဘတ်အောင့်၊
ခြေတွေလက်တွေ အေးလာ၊
ခြေတွေလက်တွေ ထုံကျဉ်လာ၊
အကြောင်းအရာ မယ်မယ်ရရမရှိပဲ နာကျင်ကိုက်ခဲလာ၊
ခြေထောက်နဲ့ လက်တွေ အားယုတ်လျော့လာ



3.မွေးရာပါ နှလုံးရောဂါ


Congenital heart defects လို့ ခေါ်တဲ့ မွေးရာပါနှလုံးရောဂါရဲ့ လက္ခဏာတွေကတော့ မွေးကင်စအချိန်မှာရော အရွယ်ရောက်လာချိန်မှာပါ ပြသတတ်ပါတယ်။

လက္ခဏာ
???

အရေပြား ပြာနှမ်းတာ၊
ခြေဖျားလက်ဖျားတွေ ရောင်ရမ်းတတ်တာ၊ အသက်ရှုရခက်တာ၊ အသက်ရှူကျပ်တာ၊ မောပန်းနွမ်းနယ်တာ၊ အားအင်ကုန်ခမ်းနေတတ်တာ၊နှလုံးခုန်နှုန်းပုံမှန်မဟုတ်တာ


4.နှလုံးသွေးကြောဆိုင်ရာ(CAD)


CAD ဖြစ်ရတဲ့အကြောင်းအရင်းက နှလုံးနဲ့ အဆုတ်ထဲကို အောက်ဆီဂျင်ပြည့်ဝတဲ့ သွေးစီးဝင်မှုအားနည်းတာကြောင့်ဖြစ်ပါတယ်။

လက္ခဏာ
???
ရင်ဘတ်အောင့်တာ၊
ရင်ဘတ် သက်သောင့်သက်သာမရှိတာ၊ရင်ဘတ်မှာ ဖိအားများနေသလို/ အညှစ်ခံထားရသလို ခံစားရတာ၊
အသက်ရှူရခက်ခဲတာ၊မအီမသာဖြစ်ပြီး ပျို့အန်ချင်နေတာ၊အစာမကြေဘူးလို့ ခံစားရတာ



5.နှလုံးကြွက်သားဆိုင်ရာ


Cardiomyopathy က နှလုံးကြွက်သားတွေ တောင့်တင်းတာ (သို့) လိုအပ်တာထက်ပိုပြီး ကြီးထွားလာတာ (သို့) အားနည်းတာတွေကြောင့်ဖြစ်ရတာပါ။

လက္ခဏာ
???

မောပန်းနွမ်းနယ်နေတာ၊ခန္ဓာကိုယ်ဖောနေတတ်တာ၊ခြေဖဝါး၊ ဒူးနဲ့ ခြေထောက်တွေ ဖောရောင်နေတတ်တာ၊အသက်ရှူရခက်တာ၊သွေးခုန်နှုန်း အလွန်လျင်မြန်နေတာ



6.နှလုံးပိုးဝင်ခြင်း


နှလုံးပိုးဝင်တာကို Endocarditis ဒါမှမဟုတ် Myocarditis လို့လည်း ခေါ်ပါတယ်။

လက္ခဏာ
???

ရင်ဘတ်အောင့်တာ၊ချောင်းဆိုးတာ၊အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေတာ၊ဖျားတာ၊ချမ်းတုန်တာ၊အရေပြားတွေ ယားယံတာ



7.အမျိုးသမီးတွေမှာ ပြသတတ်တဲ့ နှလုံးရောဂါလက္ခဏာများ?


အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ အတန်ငယ်ကွဲပြားတဲ့ လက္ခဏာတွေပြသနိုင်တယ်ဆိုတဲ့အချက်ပါပဲ။
ပြီးတော့ အမျိုးသားတွေထက်လည်း အမျိုးသမီးတွေက နှလုံးရောဂါပိုဖြစ်တတ်ပါတယ်။


အမျိုးသမီးတွေက Heart Attack ပိုဖြစ်တတ်ပြီးတော့ ရင်ဘတ်အောင့်တာနဲ့ ရင်တုန်တာက အဖြစ်များတဲ့ လက္ခဏာတွေပါ။

ဒါပေမယ့် ပူပင်သောကများတာ၊ အိပ်စက်ရခက်တာ၊ အကြောင်းပြချက်မယ်မယ်ရရမရှိပဲ မောပန်းနွမ်းနယ်နေတတ်တာတွေ ၊စိတ်ဓာတ်ကျတာ၊ သွေးဆုံးတာတွေလည်း ခံစားရတယ်လို့ဆိုပါတယ်။

ကြုံရတတ်တဲ့ လက္ခဏာ
???

မူးဝေတာ၊ ဖြူဖတ်ဖြူရော်ဖြစ်တာ၊အသက်ရှူရခက်တာ၊ အသက်ကို ဖြည်းဖြည်းခြင်းရှူသွင်းနေရတာ၊
အားအင်ချိနဲ့ပြီး ပျော့ခွေလာတာ၊
မူးမိုက်လဲကျတာ၊ပျို့တက်တာ၊အန်တာ၊မေးရိုးနာကျင်တာ၊ နောက်ကျောနာကျင်တာ၊ အစာမကြေတာ၊ချွေးအေးတွေထွက်တာတွေ ဖြစ်တတ်ပါတယ်။

Heart Attack နဲ့ပတ်သက်ပြီးတော့ နွန်းက တော်တော်စိတ်ဝင်စားပါတယ်





#crd_hello_ဆရာဝန်

#Noon


Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)