Default Profile Photo

SarPhat User

29/07/2024

နီမိုးနန်အကြောင်း (ဋ)

1 min read
Life Style
Art
နီမိုးနန်အကြောင်း (ဋ)'s photo

၂၀၁၉၀၁၀၅
ဒီမနက် နိုးလာတော့ ကြယ်ကလေးကို လိုက်ရှာတာ ကြယ်ကလေးက သစ်ရွက်တွေကြား ပုန်းနေတာ
နိုးနေတာပဲဆိုပြီး လေ့ကျင့်ခန်းယူဖို့ ထထိုင်လိုက်တော့မှာ ကြယ်ကလေးကို တွေ့တာ
မနက် ၄ နာရီခွဲ
အိပ်ရာထ မနေ့က ဝယ်လာတဲ့ ကျောက်ဖရုံသီးကို ရှာလိုက်တာ
ရေခဲသေတ္တထဲ ရောက်နေတာပဲ
ကျောက်ဖရုံသီးကို အရည်ကြိတ်၊ မောနင်းဒရင်းအနေနဲ့ သောက်ပါတယ်၊ အရည်က အေးနေတယ်၊ အအေးရည် မသောက်ဖြစ်တာ ကြာပြီပဲ။
စာဖတ်ချင်တာ ဖတ်ရမဲ့ အကြောင်းအရာတွေစုံတယ်
အချိန်နဲ့ ရက်ခွဲပြီး ဖတ်ရမယ်လို့ စဥ်းစားမိတယ်။
မနက်ပိုင်းမှာ လွှတ်တော် ဥက္ကဌနဲ့ အဖွဲ့ အိမ်ကို ဝင်လာတယ်။
တခဏ လေးပဲ၊ လက္ဘက်ရည်သောက်ချိန်တောင် မရလိုက်ပါဘူး။
(ခုပြန်တွေးကြည့်ရင် ဒါဟာ တကယ့် ဂုဏ်ယူစရာပါပဲ)
အိမ်အလုပ်တွေ လုပ်တယ်၊ ဖုန်းဆက်ရမဲ့ သူတွေဆီ ဆက်ရတယ်၊ အဝေးက မိဘဆွေမျိုးတွေဆီ။
ယူကျုဗွီဘလော့တွေကို ပိုကြည့်ဖြစ်နေတယ် (ကမ္ဘာအနှ့ံက ကိုယ်လို အမျိုးသမီးတွေ အိမ်မှာနေရင်း ဘာလုပ်ကြသလဲဆိုတာ)
နေ့လည်စာ ကစ်ဒနီပဲကို ချက်တာ၊ ကိုက်လန်ကြော်နဲ့၊ ကြက်သားဟင်းကိုတောင် မစားဖြစ်လိုက်ဘူး။
ရှေ့ဆက် ငါးလောက်ပဲ စားဖြစ်မလားပဲ။

၂၀၁၉၀၁၀၆
ဒီနေ့မနက် အိပ်ရာနိုးတော့ အချိန် ၆ နာရိဖြစ်သွားတယ်
စာရေးဖို့ နောက်ကျတာပေါ့။ (စာရေးချိန် မနက် ၉ နာရီ)
အပြေးလေ့ကျင့်ခန်းအတွက် ပန်းခြံဖက်ထွက်ခဲ့တယ်၊ အပြန် ခြံထဲက ပန်းတွေခူးတယ်၊
ကြက်ဥနဲ့ ကွေကာအုတ်နဲ့ဟာ မနက်စာ
စန္ဒယားတီးတယ်။ Scarborough Fair ကို တီးနေတာ တစ်ပတ်ရှိပြီပဲ။
အိပ်တာ မနက်ဖက်မှာ လူသေတွေ မြင်မက်တယ်၊ ညတုန်းက အသိတယောက်ရဲ့ အသုဘ ပုံရိပ်ကို ကြည့်မိလို့ဖြစ်မယ်။
နေ့လည်ဖက် မြို့ထဲထွက်ဖြစ်တယ်၊ မီလိယဟိုတယ်မှာ ကော်ဖီသောက်တယ်။ မြန်မာပလာစာမှာ လက်ပတ်နာရီ ကြိုက်တဲ့ဒီဇိုင်းတွေ့လို့ ဝယ်လိုက်တယ်၊ ‘ဘယ်ရင်’ တဲ့၊ ဒိန်းမတ်နိုင်ငံလုပ်ဘရန်း။
မြန်မာအမျိုးသမီးကြား ခေတ်စားနေတဲ့ ‘ရန်ဂွတ်” အိတ်တစ်လုံးလဲ ဝယ်ဖြစ်တယ်။ (နောက်တော့ မကြိုက်တာနဲ့ ကြိုက်တယ် ပြောတဲ့ ဆွေမျိုးတစ်ယောက်ကို ပေးလိုက်တယ်)
မြန်မာပလာစာ အင်ဒီယတက်ကာမှာ ဒန်ပေါက်နဲ့ ပဲဟင်း၊ နံပြားဆိတ်သားစားဖြစ်ကြတယ်။ တော်ဝင်လမ်းထဲက ‘သည် မာရင်ဒါ’ ဆိုင်လောက်တော့ အရသာ မပြည့်စုံဘူး။
ညနေခင်း ‘ယောဂ’ လေ့ကျင့်ခန်း လုပ်ဖြစ်တယ်။
နေ့ခင်းက ဆိတ်သားကြောင့် သွားနာနေရတယ်။
အသားမစားဖို့ ဆင်ခြင်ပေမဲ့ တခါတရံ စားဖြစ်သွားတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်