Author's Profile Photo

ပြာလဲ့ရီဝေ

29/07/2024

ငိုလိုက်ရယ်လိုက် ရှေ့ဆက်လိုက်

1 min read
Life Style
Personal Development
Health
ငိုလိုက်ရယ်လိုက် ရှေ့ဆက်လိုက်'s photo

ဩဂုတ်လဆီသို့ အချိန်တွေ ရွေ့လာခဲ့ပါပြီ။
ဇူလိုင်လအတွင်း တစ်ကယ် ပျော်ရွှင်ကြည်နူးစရာလေးတွေ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် စိတ်ညစ်ညူးစရာတွေလည်း အများကြီး ခံစားခဲ့ရပါတယ်။ ဒီတစ်လ အတွင်းမှာကိုပဲ စေ့စေ့တွေးကြည့်လိုက်တော့ အမျိုးမျိုး ဖြတ်သန်းခဲ့ရပါတယ်။

စိတ်ဆင်းရဲနေရသောအခါက ဘယ်လိုမှ မခံနိုင်တော့သလိုအထိ ခံစားခဲ့ရတယ်။ ခံစားရင်း ခံစားရင်း တောင့်ခံရင်း တောင့်ခံရင်းနဲ့
ပျော်စရာနဲ့ ကြုံလာခဲ့ရပါတယ်။ အဲ့ဒီအချိန်ကျပြန်တော့ ပျော်မိပြန်ပါလေရော။ ဘဝကို ကြည်လင်စွာ ခံစားမိပြန်ရော။

ဒီလကနေ အသိကလေးရရှိမိပါတယ်။
စိတ်ညစ်စရာတွေ ကြုံနေရင်း စိတ်ညစ်ရင်း ဆက်လက်ပြီး ရှေ့ဆက်သွားမယ်။ တောင့်ခံသွားမယ်။ ပျော်စရာလေးတွေ ရောက်လာနိုင်ပါတယ်။


စိတ်ညစ်စရာများကိုတော့ အကျယ် မပြောလိုတော့ပါ။ ဒီကာလမှာ လူတိုင်းဟာ အခက်အခဲကိုယ်စီတွေကို ထမ်းပိုးနေကြရပါတယ်။

ပျော်စရာလေးကိုတော့ ဝေမျှပါရစေ။ ပျော်စရာကို ဝေမျှရင် နှစ်ဆ ပျော်ရသည်မလား။

ပထမတစ်ခုက ရွှေအသစ် မဂ္ဂဇင်းမှာ ပထမအဆင့် ၁၂ ပဒဒ် အရွေးခံရခြင်းကြောင့် အင်မတန် ပျော်ရွှင်ခဲ့ရပါသည်။

ဒုတိယ တစ်ခုက " " page ကနေ စာအုပ် မဲပေါက်ခဲ့ပါတယ်။ Giveaway ရခဲ့ပါတယ်။

ဘဝကို ပျော်စရာချည်းရယ်လို့ မသတ်မှတ်ဘဲ ငိုလိုက် ရယ်လိုက် ရှေ့ဆက်ကြရအောင်လားရှင့်။


29.7.2024

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေရွာရိုးကိုးပေါက်‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးအကျပ်ထဲမှာ ချောင်ကြည့်ခြင်းအထက်တန်းစားနှင့်အောက်တန်းစားအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာ