Ant Bone Khant Kyaw
▪️ကိုယ့်ဘဝကို ပြန်လည်တည်ဆောက်တဲ့အခါ တော်တော်တော့ အားအင်မွေးရပါတယ်။ ပြတ်သားဖို့လိုသလို၊ သတ္တိရှိဖို့တော့ လိုတယ်။ စွန့်လွှတ်ခဲ့ပြီးတဲ့အရာတွေ အားလုံးကို ပြတ်ပြတ်သားသား ကျောခိုင်းနိုင်ဖို့ လိုတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်တဲ့အခါ How to Being နဲ့ အသစ်တဖန် စတင်ပါ။
▪️Beingဆိုတာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ငိုဆွေးခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ရင်ခုန်စိတ်လှုပ်ရှားခြင်း၊ Positive emotion Or Negative emotion၊ Positive behavior Or Negative behavior. ဒီအရာတွေ ခြုံငုံပြီး အားလုံးပါဝင်နေတဲ့အရာကို Beingလို့ ခေါ်ပါတယ်။ ဖြစ်တည်ခြင်းပေါ့။ ဖြစ်တည်ခြင်းလို့ဆိုလိုက်ရင် သက်ရှိသတ္တဝါတွေအားလုံးကို ခေါ်နိုင်သလို၊ ပိုပြီးအဆင့်မြင့်တဲ့ စကားနဲ့ပြောရရင် အသက်ရှင်သန်နေထိုင်ကြတဲ့ လူတိုင်းဟာ Being ပဲ ဖြစ်တယ်။
?Rebuilding life from within love yourself, unconditionally.
ဘယ်လို အခြေအနေတွေကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေ ယိုင်လဲသွားတဲ့အခါ ကိုယ့်ဘဝကို ကိုယ်တိုင်ပြန်တည်ဆောက်ယူပါ။ အဲဒီလို ပြန်တည်ဆောက်ဖို့ဆိုရင် အကြောင်းပြချက်မရှိ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ လိုတယ်။ လူတိုင်းကိုယ့်ကိုယ်ကို ချစ်ရဲ့လားမေးရင် ချစ်တယ်လို့ ဖြေကြမှာပါ။ ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့သူဆိုတာ ဘဝအတွက် လေးနက်ကောင်းမွန်တဲ့အရာတွေ အမြဲတမ်းတွေးနေ၊ လုပ်နေတဲ့သူကို ဆိုလိုပါတယ်။ တချို့က မလုပ်သင့်တဲ့ အမှားတွေကျူးလွန်ပြီး ဘဝကို နောင်တတွေနဲ့ နေသွားကြတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုတကယ်ချစ်တယ်ဆိုရင် ကိုယ်ချစ်တဲ့အရာတွေ လုပ်နေပါ။
?Release your bottled-up emotions.
ကိုယ်ပိုင်စိတ်ခံစားချက် ကိုယ်စီ လူတိုင်းမှာ ရှိကြပါတယ်။ တချို့ခံစားမှုတွေက နက်ရှိုင်းလွန်းတော့ ချေဖျက်ဖို့ အတော်ခက်ခဲတယ်။ ကိုယ့်ဘဝကိုယ် ပြန်တည်ဆောက်တဲ့အခါ မျိုသိပ်ထားတဲ့ စိတ်ခံစားချက်တွေကို လွတ်မြောက်ခွင့် ပေးနိုင်ဖို့ လိုတယ်။ မိမိက တခြားသူတွေကို နာကျင်အောင် ပြုလုပ်ခဲ့တာလည်း ရှိခဲ့တာပါပဲ။ တခြားသူတွေကြောင့် မိမိကိုယ်တိုင်လည်း စိတ်နာကျင်မှုဒဏ်ရာမျိုးတွေ ရခဲ့တာလည်း ရှိခဲ့တာပါပဲ။ ဒီလို ခံစားချက်တိုင်းကို Release လုပ်နိုင်ဖို့ လိုပါတယ်။ ဒါမှ ကိုယ်ဟာလွတ်လပ်တဲ့သူ အမှန်တကယ်ဖြစ်လာမှာပါ။
?Make time for long walks, along.
ကိုယ့်ဘဝကို ပြန်တည်ဆောက်တဲ့အခါ တစ်ခါတစ်ရံတော့ မိမိတစ်ယောက်တည်း ဖြစ်နေတတ်တယ်။ အဲဒီလိုအချိန်မှာ အထီးကျန်ဆန်သလို၊ အားငယ်သလို သိမ်ငယ်စိတ်မျိုး မလွဲမသွေ ကြုံရမှာပါ။ စိတ်ပျက်မသွားပါနဲ့။ ကိုယ်တစ်ယောက်တည်းလည်း နေတတ်အောင်ကျင့်ပါ။ လူဆိုတာ အဖော်အပေါင်းနဲ့နေရမှ ပျော်ရွှင်တတ်တာမျိုး မဟုတ်လား။ အပေါင်းအဖော်တွေမရှိတော့ရင် ဘဝဟာ အဓိပ္ပါယ်မဲ့ပြီး ပျင်းရိငြီးငွေ့စရာကြီးလို့ အထင်ရှိတတ်ကြတယ်။ ဒါပေမယ့် အပေါင်းအဖော်ဆိုတာလည်း အချိန်တန်ရင် မိမိနဲ့အဝေးဆုံးကို ထွက်သွားကြမှာပါပဲ။ မိမိတစ်ယောက်တည်းဖြစ်နေချိန်မှာ ပိုကောင်းတဲ့အရာတွေ အားသွန်ခွန်စိုက်လုပ်နိုင်ဖို့ အခွင့်အရေးပါပဲ။ အဲဒီလိုဆိုရင် ကိုယ်တစ်ယောက်တည်းဖြစ်နေဦးတော့ ပျော်ရွှင်နေမှာပါ။
?Avoid living beyond your means.
လူဆိုတာ ကိုယ့်မှာရှိနေတဲ့အရှိတရားထက် ကိုယ့်မှာရှိမနေသေးတဲ့အရာတွေက ပိုတန်ဖိုးကြီးနေသလို ဖြစ်တတ်တယ်။ ကိုယ့်ဘဝ၊ ကိုယ့်အဓိပ္ပါယ်နဲ့ ကိုယ်မနေဘဲ တခြားသူဘဝ၊ တခြားသူတွေရဲ့အဓိပ္ပါယ်ပုံစံမျိုး ဖြစ်ချင်လို့ မရဘူး။ အဲဒီလိုမျိုး ဖြစ်အောင်ကြိုးစားနေသ၍ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေက လိုက်ဖမ်းတော့ ပိုပြေးနေပါလိမ့်မယ်။ သူ့ဘဝ၊ သူ့ အဓိပ္ပါယ်နဲ့ တခြားသူတွေ နေချိန်မှာ၊ မိမိလည်း မိမိဘဝ၊ မိမိအဓိပ္ပါယ်နဲ့ နေတတ်ဖို့လိုပါတယ်။
?သူများတွေ Selfie ပုံတင်တာ Like အများကြီးရချိန်မှာ ကိုယ့် Selfie ပုံ Like
Unlock to read this premium article with 100 points.