Author's Profile Photo

WANA THU

25/07/2024

ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ ဒီစာအုပ်တွေဖတ်ပါစို့

3 mins read
Personal Development
Book Review
General Knowledge
ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ ဒီစာအုပ်တွေဖတ်ပါစို့'s photo

ပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာစေဖို့ မဖြစ် မနေဖတ်ရမဲ့ စာအုပ် (၈) အုပ်

ဘဝအောင်မြင်တိုးတက်ဖို့အတွက် အပေါင်းအသင်း မိတ်ဆွေတွေကလဲ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ပါတယ်။

ဒါကြောင့် ကိုယ့်ဘဝအတွက် အထောက်အကူဖြစ်နိုင်မဲ့ မိတ်ဆွေတွေနဲ့ ရေရှည်ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ ဖတ်သင့်တဲ့ စာအုပ် (၈) အုပ်ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

PDF Link တွေဟာလည်း မိနစ် ၃၀ စာ ဘာသာပြန်အနှစ်ချုပ်တွေမလို့ ကိုယ့်ရဲ့စာဖတ်ချိန်တွေကို အကျိူးရှိရှိအသုံးချနိုင်မှာဖြစ်ပါတယ်။

၁။ Give and Take

PDF - https://t.me/black_white_Library/17295

အောင်မြင်သူတစ်ယောက် ဖြစ်ဖို့အတွက် အလုပ်ကြိုးစားမှု၊ ကိုယ်ရည်ကိုယ်သွေး၊ ကံကောင်းမှု စတဲ့ အချက်သုံးချက် လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီသုံးချက်အပြင် တစ်ခြားအရေးကြီးတဲ့ အချက်တစ်ချက် လိုအပ်ပါသေးတယ်။ အဲ့ဒါကတော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံပုံပါပဲ။

ဒီစာအုပ်မှာ ပေးတတ်သူနဲ့ ယူတတ်သူတို့ကို နှိုင်းယှဉ်ပြထားပြီး၊ နည်းမှန်လမ်းမှန်နဲ့ ပေးတတ်သူတစ်ယောက်ဖြစ်အောင် နည်းလမ်းတွေ ညွှန်ပြထားတာကြောင့် ဘဝမှာ တိုးတက်အောင်မြင်လိုသူတိုင်း ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

၂။ Social Intelligence

PDF - https://t.me/black_white_Library/17200

လူမှုအသိဉာဏ် (သို့မဟုတ်) လူမှုဉာဏ်ရည်ဟာ ရှုပ်ထွေးပွေလီလှတဲ့ လက်ရှိခေတ်စနစ်ကြီးမှာ အသက် ရှင်ရပ်တည်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်တစ်ခုဖြစ်ပြီး စိတ္တသုခနဲ့ ကာယသုခ ရရှိမှုအပေါ် အများကြီး သက်ရောက်မှုရှိနေပါတယ်။

Social Intelligence စာအုပ်မှာ ပျော်ရွှင်တဲ့ဘဝတစ်ခုရရှိဖို့အတွက် အရေးပါလှတဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းတွေကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာ လမ်းညွန်ပေးမဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

၃။ Never Eat Alone

PDF - https://t.me/black_white_Library/17224

Never Eat Alone စာအုပ်မှာ အောင်မြင်မှုတွေရဲ့ 85% ဟာ ထိရောက်တဲ့ ပေါင်းသင်းဆက်ဆံရေးကနေ ဖြစ်ပေါ်လာတယ်လို့ ဆိုထားပါတယ်။ ကိုယ့်ရဲ့လူမှုကွန်ယက်ကို ချဲ့ထွင်နိုင်ပြီး personal brand တစ်ခုကို တည်ဆောက်နိုင်စေမယ့် နည်းလမ်းကောင်းများစွာကို ဒီစာအုပ်မှာ လေ့လာရမှာဖြစ်ပါတယ်။

ဒီစာအုပ်ကို 2005 ခုနှစ်မှာ ပထမဆုံးအကြိမ် စတင် ထုတ်ဝေခဲ့ပြီး ကမ္ဘာ့စီးပွားရေးလောကရဲ့ လမ်းညွှန် စာအုပ်တစ်အုပ်လို ဖြစ်လာခဲ့ပါတယ်။ ဒီစာအုပ်ဟာ အမေရိက, UK, ပြင်သစ်, ဂျာမနီ, စပိန်, အိန္ဒိယနဲ့ ရုရှားတို့အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်ခဲ့ပြီး၊ New York Times, USA Today Dallas Morning News တို့လို အထင်ကရ သတင်းစာတွေကလဲ ချီးမွမ်းခဲ့ကြတာကို တွေ့ရပါတယ်။

၄။ Never Split the Difference

PDF - https://t.me/black_white_Library/17170

Never Split the Difference စာအုပ်ဟာ နေ့စဥ်ဘဝရဲ့ အရေးကြီး စကားပြောဆိုမှုတွေကို ဘယ်လို ထိန်းချုပ်ကိုင်တွယ်ရမယ်ဆိုတာ လမ်းညွှန်ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

၅။ How To Deal With Difficult People

PDF - https://t.me/black_white_Library/17015/17425

လူသားတွေဟာ အများနဲ့စုပေါင်းနေထိုင်ရတဲ့ သတ္တဝါတွေပါ။ ဘဝခရီးလမ်းတစ်လျှောက်မှာ သဘောကောင်းတဲ့လူတွေနဲ့ပဲ အမြဲတမ်း ဆုံတွေ့ရမှာမဟုတ်ဘဲ ကိုယ့်စိတ်ကို မသက်မသာဖြစ်စေပြီး စိတ်ဒုက္ခရောက်စေတဲ့လူတွေနဲ့လည်း မလွှဲမရှောင်သာ ဆက်ဆံရပါလိမ့်မယ်။

ကိုယ့်ဘဝရဲ့ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတွေဟာ ကိုယ်ပေါင်းသင်းဆက်ဆံနေရတဲ့လူတွေအပေါ်မှာ အများကြီးမှီတည်နေပါတယ်။

သဘောကောင်းတဲ့လူတွေ၊ ကိုယ် နှစ်သက်သဘောကျတဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ စိတ်ချမ်းသာစရာကောင်းပေမဲ့၊ တစ်ခါတလေမှာ အဆိုးမြင်စိတ်များတဲ့လူတွေ၊ အပြစ်တင်တတ်တဲ့လူတွေ၊ ဒေါသကြီးတဲ့လူတွေနဲ့လည်း မလွှဲမရှောင်သာ တွေ့ကြုံ ရတတ်ပါတယ်။

အပြင်မှာ ခဏတွေ့တဲ့လူတွေကို ဂရုမစိုက်ဘဲ ကိုယ့်လမ်းကိုယ်လျှောက်လို့ရပေမဲ့ ကိုယ့်ရဲ့မိဘ၊ ညီအကိုမောင်နှမနဲ့ မိတ်ဆွေသူငယ်ချင်းတွေထဲမှာ အဲဒီလို ပေါင်းသင်းရခက်သူတွေပါလာတယ်ဆိုရင်တော့ မဆက်ဆံဘဲနေလို့ မရတော့ပါဘူး။

ဒီတော့ ကိုယ့်ဘက်ကသာ ဆက်ဆံရခက်တဲ့လူတွေရဲ့ စိတ်နေသဘောထားနဲ့၊ အကျင့်စရိုက်တွေကို နားလည်ထားမယ်ဆိုရင် သူတိုနဲ့ရင်ဆိုင်ရတာ ပိုမိုလွယ်ကူသွားမှာပါ။

ဒီနေ့လေ့လာရမဲ့ How to Deal With Difficult People စာအုပ်မှာ ပေါင်းသင်းဆက်ဆံရခက်တဲ့လူတွေ နဲ့ ရင်ဆိုင်ပုံရင်ဆိုင်နည်းတွေအကြောင်း ထဲထဲဝင်ဝင် လေ့လာဖြစ်ပါတယ်။

၆။ Acting With Power

PDF - https://t.me/black_white_Library/17015/17423

လူတွေက "ပါဝါ" ဆိုတာကို အရမ်းထူးချွန်ထက်မြက်တဲ့ သူတွေသာ ပိုင်ဆိုင်နိုင်တဲ့ အရာတစ်ခုလို့ ထင်နေတတ်ကြပါတယ်။ ဒါပေမဲ့ ပါဝါဆိုတာ နေရာတိုင်း, လူတိုင်းမှာ ရှိနေပါတယ်။ လူသားတွေဟာ တစ်နည်းမဟုတ် တစ် နည်းနဲ့ အချင်းချင်း မှီခိုနေကြရတာပါ။ လ

ူတစ်ဦးချင်းစီမှာ တစ်ခြားလူတစ်ယောက်ရဲ့ ဘဝအနေအထားကို လွှမ်းမိုးနိုင်စွမ်း အနည်းနဲ့အများရှိကြပါတယ်။ ပါဝါကို ဘယ်လိုအသုံးချရမလဲဆိုတာ ကောင်းကောင်း နားလည်ခြင်းက သူတစ်ပါးကို ကူညီတဲ့ နေရာမှာပဲဖြစ်ဖြစ်၊ ကိုယ့်ဘဝ အောင်မြင်ဖို့ပဲဖြစ်ဖြစ် အလွန်အသုံးဝင်ပါတယ်။

ဒီစာအုပ်မှာ ပါဝါကို ဘယ်အချိန်ထုတ် သုံးသင့်သလဲ? ဘယ်အချိန်မှာ ဖွက်ထားသင့်သလဲ? ကိုယ်မရဖူးတဲ့ရာထူးအာဏာကို လက်ခံရမဲ့အခါ ဘာတွေပြင်ဆင်ထားသင့်သလဲ? စတာတွေကို စုံစုံလင်လင် ရေးသားဖော်ပြထားပါတယ်။

၇။ How to Win Friends & Influence People

PDF - https://t.me/black_white_Library/17420

How to Win Friends and Influence People စာအုပ်ကို 1936 ခုနှစ်တည်းက ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ် ပြီး၊ လူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ သတိပြုလိုက်နာသင့် တဲ့ ဆောင်ရန်ရှောင်ရန်တွေကို ဒီစာအုပ်မှာ လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ တစ်ကမ္ဘာလုံးက စာဖတ်သူတွေရဲ့ ချီးကျူးဂုဏ်ပြုမှုကိုရရှိခဲ့တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ကော်ပီ ၁၅ သန်းလောက် ထိ ရောင်းချခဲ့ရပြီး စာအုပ်ထုတ်ဝေရေးသမိုင်းမှာ စံချိန်တင်ခဲ့တဲ့ စာအုပ်တစ်အုပ်လဲဖြစ်ပါတယ်။

၈။ The 48 Laws of Power

PDF - https://t.me/black_white_Library/17250

လူအများစုက အာဏာပါဝါဆိုတာကို မကောင်းတဲ့အရာတစ်ခုလို့ယူဆကြပြီး ကိုယ့်ကိုယ်ကိုယ် အားနည်းတဲ့လူအဖြစ်နဲ့ပဲ ပျော်မွေ့နေတတ်ကြပါတယ်။

တချို့ကျတော့လဲ အာဏာပါဝါဆိုတာ နိုင်ငံရေးသမားတွေနဲ့ပဲသက်ဆိုင်ပြီး သာမန်လူတွေအတွက်မလိုအပ်ဘူးလို့ ထင်တတ်ကြပြန်ပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းဟာ သမိုင်းတစ်လျှောက်လုံး ပါဝါလွန်ဆွဲမှုတွေ, ပါဝါကစားပွဲတွေနဲ့ သာ လည်ပတ်နေရတာပါ။

ဒီစာအုပ်က အာဏာပါဝါနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရေးသားထားတာကြောင့် နည်းနည်း အစွန်းရောက်တယ်လို့ ထင်စရာရှိတဲ့အတွက် စာရေးသူပြောသမျှအမှန်လို့မယူဆဘဲ မိမိတို့အသိဉာဏ်နဲ့ ဝေဖန် ပိုင်းခြားဖတ်ရှုဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီစာအုပ်မှာပါတဲ့အချက်တွေဟာ လေးနက်မှုရှိပြီး လူ့သဘာဝအမှန်ကို ထင်ဟပ်နိုင်တာကို တော့ ငြင်းလို့မရပါဘူး။

ဒီစာအုပ်တွေဖတ်ပြီး လက်တွေ့အသုံးချပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ယောက်အဖြစ် ပြောင်းလဲလိုက်ပါ။

ရောင်နီ ( Book Review Sharig )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း