Author's Profile Photo

SarPhat Author

19/11/2023

Intermittent Fasting သို့မဟုတ် အချိန်အကန့်အသတ်နှင့် အစာစားခြင်းက ကျန်းမာစွာဝိတ်ကျရဲ့လား။

1 min read
Life Style
Health
General Knowledge
Intermittent Fasting သို့မဟုတ် အချိန်အကန့်အသတ်နှင့် အစာစားခြင်းက ကျန်းမာစွာဝိတ်ကျရဲ့လား။'s photo

ကျွန်မက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာလှပခြင်းကို အင်မတန်အားပေးပြီး အနီးနားကသူငယ်ချင်းတွေကိုလည်း အများအားဖြင့် အကြံပြုရတာ နှစ်သက်ပါတယ်။

အခုလည်း ဆောင်းပါးတွေရေးပြီး ဝေမျှရတာကို သဘောကျတာကြောင့် ဆက်တိုက်ဝေမျှလာတာ ခန္ဓာကိုယ်ဝိတ်ထိန်းတဲ့အကြောင်းတွေ၊ စိတ်နဲ့ ဆက်နွယ်နေတဲ့ ကျွန်မတို့ ခန္ဓာကိုယ်အသွင်အပြင်၊
ကိုယ်သင်းရနံ့နဲ့ Lifestyle တွေကို ရှေ့ကဆောင်းပါးတွေမှာ မျှဝေပေးခဲ့ပြီး ဖတ်ရှုအားပေးကြတာ ကျေးဇူးတင်ပါတယ်။

ဒီနေ့ကတော့ ဝိတ်ချနေတဲ့ အမျိုးသမီးလေးတွေကြားဖူးနေကြဖြစ်မယ့် Intermittent Fasting နဲ့သက်ဆိုင်တဲ့အချက်အလက်လေးတွေကို မျှဝေပေးချင်ပါတယ်ရှင်။

အားလုံးသိတဲ့အတိုင်း ကျွန်မဝိတ်ချခဲ့တဲ့အလျောက် အဲ့ဒီဝိတ်ချတဲ့ကာလမှာ အချိန်အကန့်အသတ်နဲ့ပဲအစားစားတာက တကယ်ကိုထိရောက်ခဲ့ပါတယ်။

Intermittent Fasting (IF) ဆိုတာဘာလဲ။

ကဲ ဒါဆို Intermittent Fasting ဆိုတဲ့အကြောင်းကို ဆက်လက်ဖတ်ရှုလိုက်ရအောင်။ (Intermittent Fasting) IF က ကျွန်မခေါင်းစဥ်မှာ ဖော်ပြခဲ့သလို အချိန်အကန့်အသတ်နဲ့အစားစားခြင်းလို့ လွယ်လွယ်မှတ်ယူနိုင်ပါတယ်။

အရင်က ဝိတ်ချရင် ဘယ်အရာစားရမယ်။ ဘယ်အရာရှောင်ရမယ် စသည်ဖြင့် ရွေးချယ်ကြသလို အခုခေတ်မှာတော့ IF နဲ့စပြီးဝိတ်ချလာကြပါပြီ။

လွယ်ကူပေမယ့် ထိရောက်ခဲ့တဲ့ IF Method ။

ကျွန်မတုန်းက သုံးခဲ့တဲ့ IF Method က ၁၈း၆ ဖြစ်ပါတယ်။ ၁၈ နာရီအစားမစားပဲ ၆ နာရီအတွင်းအစားစားတာဖြစ်ပါတယ်။ ကျွန်မက ည ၁၁ ဝန်းကျင်အိပ်လေ့ရှိတာမို့ ၁၈း၆ နည်းလမ်းနဲ့စားရတာမခက်ခဲခဲ့ပါဘူး။

ညအိပ်ပြီး မနက်နိုးလာတဲ့အခါ ၁၀ နာရီဆို ကျွန်မ မနက်စာစားလေ့ရှိပါတယ်။ အဲ့ဒီနောက် နေ့လည်စာကို ၁ နာရီဝန်းကျင်မှာစားပြီး ညနေ ၄ နာရီလောက်မှာ အဆာပြေတစ်ခုခုစားကာ ညစာရှောင်လိုက်ပါတယ်။

အဲ့နည်းလမ်းနဲ့ တစ်ပတ်လောက်ကြာတဲ့အခါ ဝိတ်အတော်ကျသွားတာကို သိသိသာသာမြင်ရပါတယ်။

အစား ၃ နပ်စားနေလျက်နဲ့ ဝိတ်ချခဲ့တာဆိုတော့ တော်တော်အဆင်ပြေခဲ့တယ်လို့ဆိုရပါမယ်။
ပထမရက်တွေမှာတော့ ညစာမစားဖြစ်တာက ဗိုက်ဆာသလိုထင်ရပေမယ့် နေသားကျတော့ သိပ်မစားချင်တော့ပါဘူး။

ဘေးထွက်ဆိုးကျိုးရောရှိနိုင်လား။

ကျွန်မသုံးခဲ့တဲ့နည်းလမ်းကတော့ အရမ်းပြင်းထန်တဲ့ နည်းလမ်းမဟုတ်တာကြောင့် အထိအခိုက်နည်းနိုင်ပေမယ့် အချို့သော IF နည်းလမ်းတွေက ၃၆ နာရီအစာဖြတ်တာအထိရှိတာကြောင့် ကိုယ့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အလိုက် ကျန်းမာရေးနဲ့ ချိန်ညှိလုပ်ဆောင်နိုင်ပါတယ်။

ကဲအခုဆို ကျွန်မအတွက်လည်း အသုံးဝင်ခဲ့တဲ့ IF နည်းလမ်းလေးကို တီးမိခေါက်မိရှိသွားကြမယ်လို့ ထင်ပါတယ်။ နောက်ရက်တွေမှာလည်း ကျန်းမာလှပခြင်း ဗဟုသုတတွေထပ်မံမျှဝေသွားပါမယ်ရှင်။

Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း