Author's Profile Photo

Leo(Nann)❤️

24/07/2024

ဆေးစက်တွေရဲ့အပြုံး

2 mins read
Life Style
General Knowledge
Art
ဆေးစက်တွေရဲ့အပြုံး's photo

ကမ္ဘာတစ်ဝှမ်းမှာ ပန်းချီဆရာဖြစ်ဖို့
မွေးဖွားလာကြသူတွေ များစွာရှိပါတယ်။
၎င်းတို့ဟာ ဆေးစက်ကျရာအရုပ်ထင်တဲ့ ကားချပ်များကို လက်နှစ်ဖက်၏အကူအညီဖြင့် ပိုင်ပိုင်နိုင်နိုင်ရေးဆွဲကြရတာပေါ့။
ပန်းချီပညာရပ်မှာတော့ ရေဆေး၊ဆီဆေးရေးဆွဲနည်းတို့အပြင် ခဲပန်းချီနှင့်
မော်ဒန်အပ်ထ်(Modern art)ဟူ၍လည်း
ရှိပါသေးတယ်။မည်သို့ပင်ဖြစ်စေကာမူ
ပန်းချီဆရာတိုင်းက ခံစားပြီး ရေးဆွဲရတာချင်းတော့ အတူတူပါဘဲ။

ပန်းချီဆရာတွေဟာ စိတ်ရှည်တတ်တဲ့လူသားတွေဖြစ်တယ်။နှလုံးသားရဲ့ခံစားမှု စည်းချက်ကိုအသုံးပြုပြီး ရေးဆွဲကြတာကြောင့် အများအားဖြင့် စိတ်ပိုင်းဆိုင်ရာပျော့ပျောင်းနူးညံ့ကြတယ်။
အတွေးတိုင်းလိုလိုက စိတ်ကူးယဥ်ဆန်ကြတယ်။
ဒါကြောင့် သူတို့ဆွဲထားတဲ့ပန်းချီကားတွေမှာ စိတ်စွမ်းအင်အရင်းအမြစ်တွေ ပါဝင်နေတတ်တယ်။
ပညာရှင်အဆင့် ပန်းချီဆရာကြီးအများစုကတော့ ပုံတူပန်းချီထက် စိတ်ကူးယဥ်ပန်ချီများ၊စိတ္တဇပန်းချီများရေးခြင်းကို ပိုနှစ်သက်လေ့ရှိကြတာပေါ့။(ပန်းချီဆရာတိုင်းကိုမဆိုလိုပါ။)
ပန်းချီရေးတဲ့အခါ စည်းတွေဘောင်တွေမခတ်ဘဲ လွတ်လွတ်လပ်လပ်ရေးလိုက်ရတာက ပိုကောင်းပါတယ်။

ဥပမာ-ပုံမှန်အားဖြင့်တော့သစ်ပင်ရဲ့အရောင်ဟာအစိမ်းရောင်ပါ။သို့ပေမဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ အတွေးထဲမှာတော့ ခရမ်းရောင်အဖြစ်ရှိနေတတ်တာမျိုးပါ။ဆင်တစ်ကောင်ဟာ အပြာရောင်ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ထိုနည်းတူဘဲသူတို့ရဲ့ ပန်းချီအမြင်မှာ ကမ္ဘာကြီးကပြားချင်ပြားနေနိုင်ပါတယ်။
လူတစ်ဦးဟာ အစွယ်ပါက်ချင်ပေါက်နေမှာပါဘဲ။
ဘယ်ပုံကတော့ဖြင့် ဘယ်လိုဖြစ်နေရမယ်ဆိုပြီး ပုံသေမရှိပါဘူး။
ဘဲဥကလည်း လေးထောင့်ဖြစ်လို့ရပါတယ်။
ပန်းချီအနုပညာမှာ စည်းခတ်ထားတာမျိုးမရှိပါဘူး။

သဘာဝတရားကြီးရဲ့ စည်းချက်တွေကို
စိတ်ကူးယဥ်ဆန်ဆန်ရေးခြစ်ကြပုံတွေကို
မြင်ရသူတွေအဖို့တော့ အံ့မခန်းဖြစ်နေကြရမှာပါ။
တချို့သော ပန်းချီကားများမှာတော့
အဓိပ္ပာယ်မဖော်နိုင်လောက်အောင်
ဆန်းကြယ်ကြပါတယ်။အနုပညာကိုခံစားတတ်မှသာ သိရှိနိုင်တာမျိုးပါ။
ပန်းချီဆရာအချင်းချင်းပင် နားမလည်နိုင်လောက်တဲ့ ကိုယ်ပိုင်ဟန်တွေလည်းရှိကြပါသေးတယ်။

တချို့သူတွေ တွေးမိကြပါလိမ့်မယ်။
အရောင်တွေလျှောက်သုတ်ထားတဲ့ ပန်းချီကားက ဘာ့ကြောင့်သန်းပေါင်းများစွာတန်ရတာလဲ
အစရှိသဖြင့် တွေးနေနိုင်ပါတယ်။
သာမန်မျက်စိနဲ့ ကြည့်ရုံနဲ့မမြင်နိုင်တဲ့
အနုပညာပြကွက်တွေပါနေတာကြောင့်
သိန်းချီတန်ကြေးရှိနေတာပါ။

ပန်းချီကို တကယ်ရှူးသွပ်တဲ့အခါ ထမင်းမေ့၊ဟင်းမေ့ပင် ဖြစ်နေတတ်ပါတယ်။
ပန်းချီဆရာအများစုဟာ ပန်းချီဆွဲတဲ့အခါ ပြင်ပပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်သွားတာကြောင့်
စကားနည်းလာတတ်ကြတာပေါ့။
သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲမှာပျော်ပြီး
အနုပညာတွေကိုဖန်တီးရတာလည်း
မမောနိုင်ပါဘူးတဲ့။

ပန်းချီဆရာတစ်ယောက်အပျော်ဆုံးအချိန်
ဟာ ပန်းချီကားရောင်းရလို့ပိုက်ဆံရတဲ့အချိန်မဟုတ်ပါဘူး၊ပရိတ်သတ်က လာကြည့်ရှုကြပြီး တော်လိုက်တာလို့
လာချီးမွမ်းတဲ့အချိန်လည်းမဟုတ်ပါဘူး။
ပန်းချီတစ်ချပ်ကို ပိုင်ပိုင်နိုင်နိုင်အဆုံးသတ်ပြီးနောက် ပန်းချီကားထက်မှာ သူတို့ရဲ့လက်မှတ်(sign)လေးရေးထိုးလိုက်ရတဲ့အချိန်ပါဘဲ။အဲ့ဒီ signဟာဆိုရင်ဖြင့် "ငါဟာ
masterpiece(ဂန္တဝင်မြောက်လက်ရာ)တစ်ခုဖန်တီးလိုက်နိုင်ပြီ" ဆိုတဲ့အဓိပ္ပာယ်ပါ။

ပန်ချီရူး(ပန်းချီကိုစွဲလမ်းသူ)တစ်ဦးအတွက်ကတော့ ဆေးစက်တွေ၊စုတ်တံတွေ၊ကင်းဗက်(ပိတ်ကား)တွေဟာ သူ့ရဲ့အဖော်သူငယ်ချင်းတွေပါဘဲ။
ပန်းချီတစ်ချပ်ပြီးသွားတိုင်းမှာ ဆေးစက်လေးတွေရဲ့အပြုံးကိုမြင်နိုင်မှာတော့ အသေအချာပါဘဲ။
------------------------------------
အထက်မှာဆိုရင် ပန်းချီဆရာတွေဟာ
ဘယ်လောက်တောင် ပန်းချီအပေါ်ရူးသွပ်ကြတယ်ဆိုတာရယ်၊
ပန်းချီဟာ ပုံတစ်ချပ်သာမကဘဲ အနုပညာဖြစ်တယ်ဆိုတာရယ်လေးကို
ဖော်ပြပေးထားတာဘဲဖြစ်ပါတယ်။
စာရေးသူကိုယ်တိုင်မှာ ပန်းချီနှစ်သက်သူမို့
အခုလိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
Leoနဲ့ဝါသနာတူပြီး ဆေးစက်တွေကို
သဘောကျသူတွေ ရှိလိမ့်မယ်လို့လည်း
ထင်ပါတယ်။အမှားပါလျှင်လည်းဝေဖန်ထောက်ပြပေးကြပါဦးရှင့်။
Leoရဲ့tg acc @nanthirihlai သို့လာရောက်ဝေဖန်အကြံပြုနိုင်ပါတယ်။
အားလုံးကိုဖိတ်ခေါ်ပါတယ်။
အစဥ်လေးစားလျှက်......
Leo

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်