Author's Profile Photo

Sandi Cho

24/07/2024

ချစ်မွှေးပါအောင် ဘယ်လိုလုပ်ရမလဲ...?

1 min read
Life Style
Personal Development
18 Again
ချစ်မွှေးပါအောင် ဘယ်လိုလုပ်ရမလဲ...?'s photo


ချိုတို့ ပတ်၀န်းကျင်မှာ အမြဲကြားနေရတာ တစ်ခုရှိတယ်။ ဒီကောင်မလေးကတော့ ချစ်မွှေးပါတာ။ သူ့ကိုဆို လူတိုင်းက ချစ်ကြတယ်ပေါ့။

တကယ်တော့ ချစ်မွှေးပါတယ်၊ မပါဘူးဆိုတာက  မွေးရာပါ မဟုတ်ပါဘူး။ ချစ်မွှေးပါတယ်၊ မပါဘူးဆိုတာကို လူတွေက ဘာကြည့်ပြီး ဆုံးဖြတ်ကြတာလည်းဆိုတော့ ရုပ်ကိုကြည့် ဆုံးဖြတ်တာများပါတယ်။ ဒီကလေးကတော့ ၀၀ကစ်ကစ်နဲ့ ချစ်စရာလေး။ ဒီကလေးက လူကြီးကြီးလိုပဲ ချစ်စရာမကောင်းဘူး။ အစရှိသဖြင့် ဝေဖန်လေ့ရှိကြတယ်။

ဟုတ်ပြီ။ ကလေးအရွယ်မှာ ရုပ်ကြည့်ပြီး ဝေဖန်တာ ထားတော့။ သိတတ်တဲ့ အရွယ်ရောက်လာရင်ရော ဘာကြည့်ဝေဖန်တာလဲဆိုတော့ လူတစ်ယောက်ရဲ့ Personality ကိုကြည့် ဝေဖန်ကြတယ်။ သူတို့ဝေဖန်တာကို ချိုတို့က ဂရုစိုက်စရာလိုလို့လား မေးရင် မလိုပါဘူး။ ဒါပေမယ့် လူချစ်လူခင်များခြင်း (ချစ်မွှေးပါခြင်း) က ဘ၀ရဲ့ကောင်းချီးတစ်ခုလိုပါပဲ။ အဲလိုကောင်းချီးကို ခံစားချင်ရင်တော့ ဒီအချက်လေးတွေ try ကြည့်လို့ရပါတယ်။

> 1.ပြုံးပါ?


ချိုပြောခဲ့သလိုပဲပါပဲ။ လူတွေက သူတို့ရဲ့ပထမဆုံး အမြင်ပေါ်မူတည်ပြီးတော့ judge လုပ်တတ်ကြတယ်။ အဲတွက်အကောင်းဆုံး အကာကွယ်ကတော့ အပြုံးပါ။ ပြုံးနေတဲ့သူကို သဘောမကျ‌တဲ့သူတော့ မရှိလောက်ပါဘူး။ အဲလိုဆိုပြီးတော့ လူတိုင်းကို သွားဖြီးပြနေရမှာလား ချိုရယ်လို့မေးရင် မဟုတ်ပါဘူး။ လိုအပ်သလောက်ဆိုရပါပြီ။ အပြုံးက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တဲ့အခါမှာ အချိုသာဆုံးသော ဆက်သွယ်ရေးတံတားလေးလိုပါပဲ။

> 2.‌နှိမ့်ချတတ်ပါစေ?


ကိုယ်က ဘာကြီးပဲဖြစ်နေပါစေ တစ်ခြားသူနဲ့တွေ့တဲ့အခါ နှိမ့်ချစွာ ဆက်ဆံတတ်ဖို့က အရမ်းအရေးပါပါတယ်။ ကိုယ်ကိုယ်တိုင်လည်း မာနထောင်လွှားပြီး သူသိသူတတ်လုပ်တတ်တဲ့သူဆို ကြည့်မရတာဖြစ်ဖူးကြမှာပါ။ အဲလိုပါပဲ။ ကိုယ်ဘယ်လောက်ပဲချမ်းသာနေပါစေ၊ ဘယ်လောက်ပဲအောင်မြင်နေပါစေ ကိုယ့်ကိုနှိမ့်ချတတ်မှ လူတွေရဲ့ ချစ်ခင်မှုကို ရရှိမှာပါ။

> 3.လေးစားမှုရှိပါစေ?

လေးစားမှုဆိုတာ ဆက်ဆံရေးတိုင်းအတွက် အ‌‌ခြေခံအုတ်မြစ်တစ်ခုလိုပါပဲ။ လူတိုင်းမှာ အ‌ရည်အချင်းတစ်ခုဆီ ရှိကြပါတယ်။ ကိုယ်မတတ်တဲ့အရာတစ်ခုခု အခြားသူတစ်ယောက် တတ်ထားတာရှိပါလိမ့်မယ်။ အဲဒါ‌ကြောင့် လူတိုင်းကိုလေးစားပါ။ အဲလိုဆို လူတိုင်းကလည်း ကိုယ်ကိုလေးစာပါလိမ့်မယ်။

> 4.ပြောသင့်သလောက်ပဲပြောပါ‼️



လူတွေနဲ့ဆက်သွယ်တဲ့အခါcommunication skill က အရေးပါတယ်ဆိုတာ သိကြမှာပါ။ ဒါပေမယ့် စကားပြောဖို့ထက် နားထောင်ဖို့က ပိုအရေးကြီးပါတယ်။ ကိုယ်‌ပြောကောင်းတာနဲ့ပဲ ကိုယ်ကြီးပိတ်ပြောနေရင် အခြားသူတွေအမြင်မှာ ကိုယ့်ကို တစ်ကိုယ်ကောင်းဆန်တဲ့သူလို့ မြင်သွားနိုင်တယ်။ အဲဒါကြောင့် ပြောသင့်သလောက်ကိုပဲပြောပါ။

> 5.ရိုးသားမှုရှိပါစေ✔️


လူတွေအများစုက တစ်ခြားသူတွေရှေ့မှာတော့ သဘောကောင်းချင်ယောင်ဆောင်ကြတယ်။နောက်ကွယ်ကျတော့ သူတို့မကောင်းကြောင်းတွေပြောရတာ သဘောကျကြတယ်။ အဲလိုမလုပ်ပါနဲ့။ ဆက်ဆံရေးတိုင်းမှာ ရိုးသားမှုရှိဖို့ လိုအပ်ပါတယ်။ ကိုယ်မကြိုက်ဘူးဆို မကြိုက်ဘူးလို့ပဲ ပြောလိုက်ပါ။ နောက်ကွယ်မှ အတင်းတုပ်တာမျိုးကို မလုပ်လေ ကောင်းလေပါပဲ။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ လူချစ်လူခင်ပေါတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် အဲလိုဆိုပြီး ကိုယ့်ဘ၀ကို လူတွေရဲ့  လက်ထဲပေးလိုက်တာမျိုးတော့ မလုပ်မိစေပါ‌နဲ့။ ကိုယ့်ကို ချစ်တဲ့သူတွေရှိသလို မုန်းတဲ့သူရှိနေတာကလည်း သဘာ၀ပါပဲ။

အဲဒါကြောင့် အဓိကအနေနဲ့ဆိုရင်တော့ ကိုယ်ရဲ့ energy၊ ကိုယ်ရဲ့စိတ်ကို ကိုယ့်ဆီမှာပဲထားပါ။ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်ကိုယ်တိုင်မဆုံးဖြတ်ပဲ တစ်ခြားသူတွေရဲ့ ပါးစပ်ဖျားမှာထားလိုက်ရင် ကောင်းတာပြောရင်တော့ အဆင်ပြေပါရဲ့၊ မကောင်းတာတွေပြန်ကြားရတဲ့အခါ စိတ်ဆင်းရဲရလိမ့်မယ်။ အဲဒါကြောင့် လူချစ်လူခင်များအောင်နေတာတော့ကောင်းတယ်။ ဒါပေမယ့်ကိုယ်ရဲ့energyကို လူတွေဆီမှာ မထားလေကောင်းလေပါပဲ။

_ချစ်ခြင်းတရားနဲ့ ပြည်စုံသောလူသားများဖြစ်ကြပါစေ....?

                                  Sandi Cho?

#SandiCho
#ချစ်မွှေးဆိုတာ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး