ယဥ်သီရိလှိုင်(ဆောင်း)
"မေ "
"ဟင် နင် "
"ငါ့ဆီကနေဘာလို့ထွက်ပြေးနေတာလဲမေရယ် ငါ့ကိုအဲ့လောက်တောင်မုန်းတာလား ငါနင့်အပေါ်မှားခဲ့တာငါဝန်ခံပါတယ် ငါမှားပါတယ် ငါအရမ်းမှားသွားတယ် ငါတောင်းပန်ပါတယ် ဒါမယ့် ဒါမယ့်နင့်ကိုငါတကယ်ချစ်တာပါမေရယ် ယုံပေးပါ "
**မေသိလိုက်ပါပြီ ဒါကအမေ့လက်ချက်ဆိုတာ အမေမှန်ပါတယ် မေကသာတကိုယ်ကောင်းဆန်ပြီး ကိုယ့်တယောက်တည်းအတွက်တွေးခဲ့တာ
"...."
"မေ တခုခုပြောပါဦး အဲ့လိုငြိမ်မနေပါနဲ့ ငါတို့မှာကလေးလေးရှိနေပြီလေ ကလေးမျက်နှာကိုထောက်ပြီးတော့ဖြစ်ဖြစ် "
"ကလေးကိုနင်လဲပိုင်ပါတယ် လာတွေ့ပါ ငါခွင့်ပြုတယ်"
"တ တကယ်နော်မေ ပျော်လိုက်တာမေရယ် ငါလေ ခနလောက်ချီလို့ရမလား သားလေးကို"
***ထူးလွင်ရဲ့ပျော်နေတဲ့မျက်နှာနဲ့ သားလေးရဲ့ထူးလွင်ကိုမစိမ်းသက်တဲ့အမူရာတွေကိုမေကြည့်ရင်းမျက်ရည်ကျမိသွားတယ် ဘာကြောင့်လဲဆိုတာမေတယောက်သာသိပေလိမ့်မည် မေ့စိတ်ထဲအတွေးတခုကတော့နေရာယူသွားပါပြီ မိန်းမတယောက်မှာဘယ်လောက်ဘဲမာနတွေမာန်တွေရှိနေပါစေ သူတို့မှာသားသမီးရှိလာတဲ့အခါ အဲ့ဒီမာန်မာနတွေခဝါချပြီး ကိုယ့်သားသမီးပျော်ရွှင်မယ့်လမ်းကိုရွေးကြပါတယ် ဒါဟာအမေတွေမှာသာရှိတဲ့မေတ္တာပါ
"ဒေါ်လေး ဒေါ်လေး မေရော "
"ဘုန်းကြီးကျောင်းသွားတယ် ကလေးပါ ပါသွားတယ်လိုက်သွားပါလား ဘာကိစ္စရှိလို့လဲ"
"သားနာမည်ပေးဖို့လားဒေါ်လေး"
"အေးဟုတ်တယ် ညနေမှပြန်လာမယ်ပြောသွားတယ် ရွာထဲရောက်တုန်းငါ့မြေးကိုအလည်လိုက်ပို့လိုက်ပါဦးဟယ်"
"ဟုတ်ဟုတ်ဒေါ်လေး "
**မေပြောင်းလဲနေပါပြီ အကျင်စရိုက်တွေပြောင်းသလို ထူးလွင်အပေါ်မှာလဲပြောင်းလဲလာပါပြီ
"ပေပေ .."
"ဟိတ်ဘယ်လဲ ဦးတော် ဒီကိုကြည့် ဦးတော်"
"ပေပေ...ဟင့်"
"အော် နင့်ကိုတွေ့လို့ကို ဘာလာလုပ်တာလဲ အမေပြောလိုက်တာလား"
"အင်း သားနာမည်လာတောင်းတာမှတ်လား"
"ဟုတ်တယ် မနက်ကျရင်အလုပ်ပိုရှုပ်မှာလေ တခါတည်းဘုန်းဘုန်းကိုလည်းပင့်ရင်းနဲ့"
"ဒေါ်လေးက သားကိုအလည်ပို့လိုက်ပါဦးတဲ့ လိုက်ပို့လိုက်ဦးမယ်ဒီနားဟိုနားပေါ့ "
"အဝေးကြီးမသွားနဲ့နော် ကလေးကနေသိပ်ကောင်းသေးတာမဟုတ်ဘူး"
"နင်ရောလိုက်ခဲ့လေ "
"တော်ပြီ နင့်အမေနဲ့မတွေ့ချင်ဘူး"
"လာပါ ကိုတယောက်လုံးရှိတယ် အမေကတောင်ဟိုနေ့ကမုန့်ဖက်ထုပ်လာစားဦးတဲ့ ခေါ်ခိုင်းနေတာ"
**အရာအားလုံးကပြောင်းလဲသွားပါပြီ အချိန်ကလူကိုကုစားပေးနိုင်သလို လူကိုလဲပြောင်းလဲပေးနိုင်ပါတယ် လူတယောက်ကိုအကြာကြီးမချစ်နိုင်သလိုအကြာကြီးလည်းမမုန်းနိုင်ပါဘူး
****
"မေ ဒီဘက်ကိုကျောက်ကျောပန်းကန်"
"အင်းခန ကြက်ဖရေဒါလေးကမ်းပေးပါလား "
"အေးပေး ဟေ့ရောင်ငထူးရော့ "
"ဟော အကို"
"ညီမ နေကောင်းတယ်နော် ဒေါ်လေးရော ဟာ ဒီကောင်ကြီးထွားလိုက်တာ လာပါဦးကွ"
"ပေပေ...ကြောက်..ဟင့်"
"အေးအေး ဘာမှမဖြစ်ဘူး ဦးဦးလေ "
"အော်ညီ အကိုတောင်ဟိုနေ့က ဆိုင်ရောက်သေးတယ် တော်တော်မြန်တယ်နော်လက်စသတ်တာ "
"ဟုတ်တယ်အကို ကျွန်တော်တို့ siteဘက်ကတော်တော်မြန်တယ် ဟိုဘက်ကနဲနဲကြာနေတာ အဲ့တာစောင့်ရင်းနဲ့ခနပြန်လာတာလေ သားလည်းရက်၁၀၀ပြည့်ဆိုတော့"
"အကို ခေါက်ဆွဲစားမလား လာလေပြင်ထားတယ် နင်ရောတခါတည်းဝင်စားလေငထူး ခနနေဘုန်းကြီးကြွတော့မှာ သားလာမေမေ့ဆီ"
"အင်း ဆွဲပြီဟေ့ လာအကို"
**အေးအေးဆေးဆေးစကားပြောနေကြတဲ့သူတို့နှစ်ယောက်ကိုကြည့်ရင်း မေတယောက်ပီတိဖြစ်နေမိတယ် ပြသနာတိုင်းမှာအဖြေဆိုတာရှိစမြဲပါဘဲ အဓိက ကအလျင်စလိုမဆုံးဖြတ်ဘဲစိတ်အေးအေးထားပြီးဖြေရှင်းတတ်ဖို့ဘဲလိုပါတယ်
"ကဲ ကလေးနာမည်ကတော့ရပြီဒကာမကြီးနဲ့ဒကာကြီးကရော ဘယ်တော့မဂ်လာရက်သတ်မှတ်မှာလဲ ဘုန်းဘုန်းဘယ်တော့ကြွရမလဲ"
***တချို့အရာတွေမှာပြသနာကိုတခြားလူကဝင်ဖြေရှင်းပေးတဲ့အခါပိုမိုလွယ်ကူသွားတတ်ပါတယ်
ခေါင်းငုံ့ကာပြုံးနေတဲ့မေ့ကိုကြည့်ကာ ထူးလွင် မေ့ရဲ့လက်ကိုဖွဖွလေးကိုင်ရင်း ပြောလိုက်တာကတော့
"မေ့ရဲ့သဘောပါဘဲဘုရားတဲ့ "
**တချို့အရာတွေကမမှားသင့်ဘဲမှားသွားတာတွေရှိပါတယ် အဲ့ဒီအမှားကိုအချိန်မှီအမှန်ပြင်နိုင်တဲ့အခါ လူတယောက်မှာသင်ခန်းစာဆိုတာရသွားတတ်ပါတယ် နောက်တခုက အရာရာတိုင်းကိုမလျော့တွက်မိဖို့တခုပေါ့ မီးတောက်လေးတခုကငြိမ်ငြိမ်လေးနေနေရင်ဒီအတိုင်းလေးနဲ့ငြိမ်းသွားတတ်သလိုပလက်စတစ်လိုလောင်စာတွေထည့်တဲ့အခါ အညှိုးတကြီးတောက်လောက်နေတဲ့မီးပွားကြီးဖြစ်သွားနိုင်ပါတယ် တခါတရံမှာအဲဒီမီးပွားလေးကိုရေနဲ့ဝိုင်းလောင်းကြတဲ့အခါ ချက်ချင်းဆိုသလိုသုံးမရတော့တဲ့အရာတခုဖြစ်သွားနိုင်ပါတယ် ကိုယ်ကမီးတောက်လေးတခုဖြစ်နေတဲ့အခါ လိမ္မာပါးနပ်ပြီး မငြိမ်းနိုင်တဲ့မီးတောက်လေးဖြစ်ဖို့ အကူအညီအနေနဲ့ ဖယောင်းတိုင်တွေအများကြီးလိုပါတယ် မေကဘယ်လိုမီးတောက်လေးလဲဆို ငြိမ်းပြီးသွားမှကျန်ရှိနေတဲ့မီးစအကျွင်းကျန်လေးကို ဖယောင်းတိုင်လေးနဲ့အားယူရင်းရပ်တည်နေတဲ့မီးတောက်လေးတခုပါ
ပြီးပါပြီရှင့် လိုအပ်ချက်တွေကိသည်းခံဖတ်ပေးကြတဲ့တဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးပါရှင့်
ချစ်သောreadersလေးတွေ?
Keep Reading