ယဥ်သီရိလှိုင်(ဆောင်း)
"ညီမ ညီမ မလုပ်နဲ့လေ "
"ထိုးလိုက်လေမေ ငါ့ကိုနင်သတ်ချင်နေတယ်မလား အဲ့ဓားလောက်ကငါ့အတွက်တော့စာမဖွဲ့ဘူး ထိုးလိုက်စမ်းပါ"
"သမီး စိတ်လျော့ အဲ့လိုမလုပ်ရဘူး ချလိုက်ဓားကို"
"နင် ငါ့သားမျက်နှာထောက်နေလို့ မဟုတ်ရင်နင့်ကိုသတ်မှာ"
"သတ်လိုက်ပါ သတ်လိုက် သေရဲတယ် နင်သတ်တာဆိုဆယ်ခါပြန်သေရဲတယ်မေ "
"ဒီမှာကို့လူ ပြန်လိုက်ပါတော့ မင်းရဲ့သားကိုတွေ့ချင်သေးတယ်ဆိုပြန်လိုက်ပါ"
" ခင်ဗျားနဲ့မဆိုင်ဘူး ဝင်မပါနဲ့ "
*********
"ညီမ ဘယ်လိုစဉ်းစားထားလဲ ကလေးနဲ့သူ့အဖေကိုဘယ်လိုမတွေ့အောင်ထားနိုင်မှာလဲ"
"အဲ့တာတွေမသိဘူး သူ့ဆီကအောက်တန်းစားစိတ်ယုတ်မာတဲ့စိတ်တွေသားဆီကူးလို့မဖြစ်ဘူး နောက်ပြီး သူတို့အမျိုးတွေနဲ့ပက်သတ်ရမှာ အရွံဆုံးဘဲ"
"အော်ညီမရယ် အခုချိန်မှာဒီလိုအတွေးတွေမတွေးစမ်းပါနဲ့ ဖြစ်ပြီးတာတွေကဖြစ်ပြီးပြီ ညီမအဲ့လိုတကိုယ်ကောင်းဆန်လို့မရဘူးလေ သူလည်းကလေးအဖေကလေးကိုပိုင်ဆိုင်ခွင့်ရှိတယ် ဥပဒေအရဆိုညီမရှုံးလိမ့်မယ် သူက ကလေးကိုကောင်းကောင်းပြုစုစောင့်ရှောက်ဖို့ငွေကြေးအလုံလောက်ရှိတယ် အဲ့တော့"
"ဘာလဲ ညီမက ကလေးကိုကောင်းကောင်းမမွေးနိုင်ဘူးထင်လို့လားအကိုညီမကိုအထင်သေးတာဘဲ ယောက်ျားတယောက်မပါဘဲညီမဒီကလေးကိုရအောင်မွေးမယ်"
"အော် ခက်တယ်ညီမရယ်"
မိန်းကလေးတယောက်အဖို့ ဒီလိုစကားပြောလိုက်တာဟာမာနတခုအတွက်လို့ထင်ကောင်းထင်နိုင်ပေမယ့်ဒါဟာသူ့ရဲ့အားနည်းမှုအထီးကျန်မှုတွေအဆင်မပြေမှုတွေကို ဖုံးကွယ်တဲ့အနေနဲ့ပြောလိုက်တာပါ တကယ်တမ်းမှာ လောကဓံကိုတယောက်တည်းရင်ဆိုင်ဖို့ဆိုတာခက်ခဲလွန်းပါတယ်
****
"သမီး မောင်ဇေယျာပြောတာမှန်တယ် စဉ်းစားပါဦးသမီးရယ်ကလေးရဲ့ရှေ့ရေးကိုတွေးပြီးဖြစ်ဖြစ် "
"ဟင့်အင်း သမီးဆုံးဖြတ်ချက်ကိုမပြောင်းဘူး အမေ"
...
"ဗျို့ ဒေါ်လေးသန်း "
"အေး ဘယ်သူလဲဟေ့ "
"ကျွန်တော်ပါ "
***သူကြီးရဲ့အတွင်းရေးမှူးဖြစ်သည် ရပ်ရွာရဲ့တော်တော်များများ သာရေးနာရေးတွေမှာကူညီပေးတဲ့သူပေါ့ အတွင်းရေးမှူးဆိုတော့ထုံးစံအတိုင်းလာဘ်ပေးလာဘ်ယူကတော့ရှိသည်
"အော်လာလေ ဘာကိစ္စလဲကွယ့်"
"ဒါနဲ့မေနန္ဒာရှိလား ရှိရင်သူ့ကိုခေါ်လိုက်ပါ သူ့ကိစ္စဆိုတော့လေ"
***ဒေါ်သန်းကြည်စိတ်ထဲထင်နေတာဖြစ်လာတော့မည် ဘုရားတရားတရင်းသမီးဖြစ်သူကိုလှမ်းခေါ်လိုက်လေသည်
"သမီးရေ မေ လာခဲ့ဦး ဒီမှာဧည့်သည်ရောက်နေလို့"
"ဟုတ်အမေ ခနနော် လာပြီ"
****
"အော်အတွင်းရေးမှူးပါလား ဘာကိစ္စများလဲ"
"ဒီလိုပါ ဟိုဘက်ရွာက ကိုထူးလွင်ကိုသိမယ်ထင်တယ် မမမေနန္ဒာနဲ့လည်းဆက်ဆံရေးတချို့ရှိခဲ့တယ်ပြောပါတယ် အခုကမမေနန္ဒာဆီမှာသူ့ရဲ့သွေးသားရှိနေပြီဆိုတော့"
"လိုရင်းကိုပြောပါ"
"ဟုတ်ကဲ့ သူ့ရဲ့ဆန္ဒကတော့ကလေးကိုသူတို့ဘက်ပြုစုစောင့်ရှောက်ချင်တယ်လို့ပြောပါတယ် ဒါမှမဟုတ် မမမေနန္ဒာတို့နှစ်ဦးပေါင်းသင်းဖို့ပေါ့"
"ကျွန်မကလက်မခံဘူးဆိုရင်ကော"
"လက်မခံရင်တော့ဥပဒေအရသွားရမှာပါဗျာ "
***မေ့စိတ်ထဲမျိုသိပ်ထားတဲ့ ဒေါသတွေထိန်းမရဖြစ်လာပါပြီ
"ဘယ်လိုဥပဒေလဲမသိပေမယ့် ကျွန်မသူနဲ့မပေါင်းနိုင်သလိုကလေးကိုလဲမပေးနိုင်ပါဘူး ဒါကျွန်မပြောနိုင်တာအကုန်ပါဘဲ ကိစ္စမရှိတော့ရင်ပြန်ပါတော့ "
"ကျွန်တော်လာတာအကုန်လုံးအဆင်ပြေဖို့ပါ အမဘက်ကဒီလိုဆိုကျွန်တော့ဘက်ကလဲသက်ညှာဖို့မလိုတော့ဘူးထင်တယ် မနက်ဖြန်မနက်ကလေးကိုလာခေါ်ပါမယ်အဆင်သင့်ပြင်ထားလိုက်ပါ"
"ဘယ်လို"
"ခွင့်ပြုပါဦး"
**အိမ်ပေါ်ကဆင်းသွားတဲ့ အဲ့ဒီလူရဲ့နောက်ကျောကိုကြည့်ရင်းမေတယောက်မှင်သက်နေမိတယ် မတန်ကြာမှ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး
"အမေ အမေ သမီးဒီညဒီရွာကထွက်သွားချင်တယ်သားကိုအခေါ်မခံနိုင်ဘူး သူ့လက်ထဲမထည့်နိုင်ဘူးအမေ"
"မဟုတ်တာသမီးရယ် ဘာတွေလုပ်မလို့လဲမဟုတ်တာတွေမလုပ်ပါနဲ့ ညှိနှိုင်းလို့ရပါတယ်ကွယ်"
***မေ မတည်ငြိမ်နိုင်ပါ ဘယ်သူ့စကားမှနားထဲမဝင်နိုင်ပါ ကလေးအနှီးတွေအကျီတွေသိမ်းကျုန်းထည့်ရင်း မျက်ရည်အချို့ကိုပြန်သိမ်းနေလေတယ်
မေဟာ အားနွဲ့လျက် အားတင်းချင်ယောင်သန်မာချင်ယောင်ဆောင်နေတဲ့မိန်းမတယောက်ပါဘဲ
"သမီး စဉ်းစားပါဦးကွယ် မောင်ထူးလွင်နဲ့အမေစကားပြောပါမယ်"
"အမေ့ကိုကန်တော့ခဲ့ပါတယ်အမေ ....."
**ဒေါ်သန်းကြည်မှာမျက်ရည်ကျရုံကလွဲဘာမှမတတ်နိုင်ချေ အိမ်ကနေကျောခိုင်းထွက်သွားတဲ့သမီးနဲ့မြေးကိုကြည့်ရင်း အကြံတခုရလိုက်လေတယ်
နောက်အပိုင်းကဇာတ်သိမ်းပိုင်းလေးပါရှင့်
ချစ်သောreadersလေးတွေ?
Keep Reading