WANA THU
၁၁။ အမည် - Zero to One
PDF - https://t.me/black_white_Library/17246
Zero to One 3 Paypal, Youtube Linkedin တို့ကို တည်ထောင်ခဲ့တဲ့ ဘီလျံနာတစ်ဦးရဲ့ စီးပွားရေးလုပ်ငန်း အတွေ့အကြုံ, အတွေးအခေါ်နဲ့, အကြံဉာဏ်တွေပါဝင်ပါတယ်။
ဒီစာအုပ်က နည်းပညာမြင့် ကုမ္ပဏီတွေဟာ အနာဂတ်ကိုဘယ်လိုမှန်းဆ ပြင်ဆင်မလဲ၊ စီးပွားရေးလုပ်ငန်းတစ်ခုကို အောင်မြင် အောင် ဘယ်လိုစတင်လုပ်ကိုင်မလဲ၊ စီးပွားရေးလုပ်ငန်း မစခင် ဘာတွေပြင်ဆင်ထားရမလဲ၊ ဈေးကွက်ကို ဘယ်လိုဝင်ရောက်မလဲ၊ စတဲ့ အဖိုးတန်အကြံဉာဏ်တွေ ပေးစွမ်းထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
၁၂။ အမည် - How to Win Friends & Influence People
PDF - https://t.me/black_white_Library/17168
How to Win Friends and Influence People စာအုပ်ကို 1936 ခုနှစ်တည်းက ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ် ပြီး၊ လူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ သတိပြုလိုက်နာသင့် တဲ့ ဆောင်ရန်ရှောင်ရန်တွေကို ဒီစာအုပ်မှာ လေ့လာဖတ် ရှုရမှာ ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ တစ်ကမ္ဘာလုံးက စာ ဖတ်သူတွေရဲ့ ချီးကျူးဂုဏ်ပြုမှုကိုရရှိခဲ့တဲ့ စာအုပ်တစ် အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ကော်ပီ ၁၅ သန်းလောက် ထိ ရောင်းချခဲ့ရပြီး စာအုပ်ထုတ်ဝေရေးသမိုင်းမှာ စံချိန် တင်ခဲ့တဲ့ စာအုပ်တစ်အုပ်လဲဖြစ်ပါတယ်။
၁၃။ အမည် - The 48 Laws of Power
PDF - https://t.me/black_white_Library/17250
လူအများစုက အာဏာပါဝါဆိုတာကို မကောင်းတဲ့အရာ တစ်ခုလို့ယူဆကြပြီး ကိုယ့်ကိုယ်ကိုယ် အားနည်းတဲ့လူအ ဖြစ်နဲ့ပဲ ပျော်မွေ့နေတတ်ကြပါတယ်။ တချို့ကျတော့လဲ အာဏာပါဝါဆိုတာ နိုင်ငံရေးသမားတွေနဲ့ပဲသက်ဆိုင်ပြီး သာမန်လူတွေအတွက် မလိုအပ်ဘူးလို့ ထင်တတ်ကြပြန် ပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းဟာ သမိုင်း တစ်လျှောက်လုံး ပါဝါလွန်ဆွဲမှုတွေ, ပါဝါကစားပွဲတွေနဲ့ သာ လည်ပတ်နေရတာပါ။
ဒီစာအုပ်က အာဏာပါဝါနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရေးသားထားတာကြောင့် နည်းနည်း အစွန်းရောက်တယ်လို့ ထင်စရာရှိတဲ့အတွက် စာရေးသူ ပြောသမျှအမှန်လို့မယူဆဘဲ မိမိတို့အသိဉာဏ်နဲ့ ဝေဖန် ပိုင်းခြားဖတ်ရှုဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီစာအုပ်မှာပါတဲ့အချက်တွေဟာ လေးနက်မှုရှိပြီး လူ့သဘာဝအမှန်ကို ထင်ဟပ်နိုင်တာကို တော့ ငြင်းလို့မရပါဘူး။
၁၄။ အမည် - Steve Jobs
PDF - https://t.me/black_white_Library/17015/17252
စတိဗ်ဂျော့ဘ် (Steve Jobs) ဟာ ဒီနေ့ခေတ်မှာ လူတိုင်းအသုံးပြုနေတဲ့ iphone, iPad, iPod နဲ့ Mac ကွန်ပြူတာတွေကို တီထွင်ခဲ့သူပါ။ သူ့ဟာ ပါရမီရှင် တစ် ဦးဖြစ်သလို၊ နားလည်ရခက်ပြီး ရူးသွပ်တဲ့ စိတ်နေ စိတ်ထားမျိုးတွေလဲ ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ Steve Jobs ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ရေးသားထားတဲ့ ပထမဆုံး အတ္ထုပ္ပတ္တိ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဂျော့ဘ်ရဲ့ ငယ်ဘဝ, Apple ကုမ္ပဏီကို တည်ထောင်ပုံတွေအပြင် လူသိနည်း တဲ့ ဂျော့ဘ်ရဲ့ ဘဝစာမျက်နှာတွေကိုပါ လေ့လာဖတ်ရှုကြရမှာ ဖြစ်ပါတယ်။
၁၅။ အမည် - The Mamba Mentality
PDF - https://t.me/black_white_Library/17254
The Mamba Mentality 3 NBA ဘတ်စကတ်ဘောပြိုင်ပွဲရဲ့ ဒဏ္ဍာရီသူရဲကောင်း Kobe Bryant (ကိုဘီဘရိုင်ယန်) ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ စာအုပ်ဖြစ်ပါတယ်။အောင်မြင်တဲ့အားကစားသမားတစ် ယောက်ရဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်တွေပါဝင်တဲ့ ဒီ စာအုပ်ထဲမှာ သူ့ရဲ့အားကစားသမားဘဝတစ်လျှောက်လုံး က အတွေ့အကြုံတွေနဲ့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ တိုးတက်ရ င့်ကျက်မှုတွေကို လေ့လာကြရမှာပါ။
Kobe ဟာ ဒီလိုအောင်မြင်မှုမျိုးကို ဘယ်လိုများရယူခဲ့တာလဲ? ဒီလို အောင်မြင်မှုကြီးမားလွန်းတဲ့ ဘတ်စကက်ဘော ကစားသမားတစ်ယောက်ရဲ့ နောက်ကွယ်ကဇာတ်လမ်း ကရော ဘယ်လိုရှိမလဲ? စတဲ့မေးခွန်းတွေကို ဒီစာအုပ်မှာ Kobe ကိုယ်တိုင် ရှင်းလင်းဖော်ပြပေးထားပါတယ်။
၁၆။ အမည် - 12 Rules for Life
PDF - https://t.me/black_white_Library/17256
ဒီစာအုပ်ဟာ လူတိုင်းရဲ့ ဘဝမှာ ကြုံတွေ့ကြရမဲ့ အရေးကြီးဆုံးပြဿနာတွေကို ဘယ်လိုကိုင်တွယ် ဖြေ ရှင်းသင့်တယ်ဆိုတာ နည်းလမ်း ၁၂ ခုနဲ့ လမ်းညွှန်ပေး ထားတဲ့ စာအုပ်ဖြစ်ပါတယ်။
စာရေးဆရာဟာ စိတ်ပညာ, အတွေးအခေါ်နဲ့ သမိုင်းပညာရပ်တွေကို သူ့လူနာတွေရဲ့ အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး သင့်ဘဝအတွက် တန်ဖိုးရှိ တဲ့ အကြံဉာဏ်တွေ ပေးထားတာကြောင့်၊ အရွယ်မရွေး ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
၁၇။ အမည် - What I Know For Sure
PDF - https://t.me/black_white_Library/17258
ဒီစာအုပ်ဟာ အမေရိကန်ရဲ့ နာမည်ကျော် အစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်တဲ့ Oprah Winfrey (အော်ပရာဝင်းဖရေး) ရဲ့ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
အော်ပရာဝင်းဖရေးဟာ ကလေးဘဝက လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ အကြိမ်ကြိမ်ခံခဲ့ရပြီး၊ ဆယ်ကျော်သက်အရွယ်မှာတင် ကိုယ်ဝန်ရခဲ့သလို၊ မူးယစ်ဆေးရဲ့ သားကောင်လဲ ဖြစ်ခဲ့ဖူး ပါသေးတယ်။ အဲဒီလိုကြမ်းတမ်းတဲ့ ဘဝကနေ ကမ္ဘာ ကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်အောင် ကြိုးစားဖို့ဆိုတာ တော်ရုံ စိတ်ဓာတ်မျိုးနဲ့တော့ မလွယ်ကူပါဘူး။
ဒီစာအုပ်မှာ အော်ပရာဝင်းဖရေးရဲ့ စိတ်ဓာတ်နဲ့ ခံယူချက် တွေအပြင် သူမရဲ့ လောကဓံကို ရင်ဆိုင်ပုံရင်ဆိုင်နည်း တွေကိုပါ လေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။ ဒီစာအုပ်ဟာ စာဖတ်သူတိုင်းကို စိတ်ဓာတ်ခွန်အားဖြစ်စေပြီး၊ အခက်အခဲတွေကြားမှာ ရုန်းကန်ရှင်သန်နိုင်စွမ်းရှိဖို့ အထောက်အကူပေးမဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
၁၈။ အမည် - Jab, Jab, Jab, Right Hook
PDF - https://t.me/black_white_Library/17264
ဒီနေ့ခေတ်မှာ လူတွေဟာ ဆိုရှယ်မီဒီယာကိုစွဲလမ်းလာ ပြီး လူတိုင်းနီးပါး အသုံးပြုလာကြတာကြောင့် အွန်လိုင်း ပေါ်က ဒစ်ဂျစ်တယ်မားကတ်တင်းလုပ်ငန်းတွေဟာ မရှိမ ဖြစ်အရေးပါလာပါပြီ။ဒါကြောင့် ဆိုရှယ်မီဒီယာကြိုးဝိုင်း ပေါ်မှာ အကောင်းဆုံးလက်သီးတွေကို ဘယ်လိုပစ်သွင်းရ မလဲ? မတူညီတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို ဘယ်လိုအသုံးချရမလဲ? စတာတွေကို ရေးသားဖော်ပြထားပါတယ်။
၁၉။ အမည် - The Tipping Point
PDF - https://t.me/black_white_Library/17268
ဒီစာအုပ်ကတော့ ကြီးမားတဲ့ အလှည့်အပြောင်းတွေဟာ ဘယ်ကနေ အစပြုသလဲဆိုတာကို ဖော်ပြထားတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။
ကုန်ပစ္စည်း Brand တွေ နေ့ချင်းညချင်း နာမည်ကြီးသွား ရခြင်းရဲ့ အကြောင်းရင်းတွေက ဘာတွေလဲ?
ရေစီးကြောင်း (trend) တွေကို ဘယ်သူတွေက စတင် သလဲ? ကိုယ့်ရဲ့ သတင်းစကားကို လူတွေကြားထဲ စိမ့်ဝင် ရောက်ရှိအောင် ဘယ်လိုလုပ်မလဲ? အစရှိတဲ့ မေးခွန်း တွေကို ဒီနေ့လေ့လာရမယ့် The Tipping Point ဆို တဲ့ စာအုပ်ထဲမှာ အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။
၂၀။ အမည် - Ikigai
PDF - https://t.me/black_white_Library/17211
Ikigai ဆိုတာဟာ ဂျပန်ဘာသာနဲ့ဆိုရင် "ဘဝရဲ့တန်ဖိုး၊ ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်" လို့ အဓိပ္ပါယ်ရပါ တယ်။
စာဖတ်သူတွေရော မနက်မနက်အိပ်ယာထနေရခြင်းရဲ့ အကြောင်းပြချက်ကို စဉ်းစားကြည့်ဖူးပါသလား? စာဖတ် သူတွေ နေ့စဉ်အသက်ရှင်နေရခြင်းရဲ့ ရည်ရွယ်ချက်ကရော ဘာများဖြစ်မလဲ? လူအများစုကတော့ ဒီမေးခွန်း တွေကို ရုတ်တရက်ဖြေနိုင်ကြမှာမဟုတ်ပါဘူး။
ဒီနေ့လေ့လာရမယ့် Ikigai စာအုပ်မှာတော့ ဂျပန်လူမျိုး တွေရဲ့ ikigai သဘောတရားကိုအသုံးပြုပြီး ဘဝရဲ့ တန်ဖိုးနဲ့ ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်တွေကို ဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ကဲ"... ဖတ်စရာစာအုပ်တွေပုံနေပြီဟုတ်?
ရောင်နီ ( Book Review Sharing )
Keep Reading