WANA THU
Book Name - The Secret ( စိတ်စွမ်းအားရဲ့ လျှို့ဝှက်ချက် ဥပဒေသ
Author - Rhonda Byrne
PDF - https://t.me/black_white_Library/17015/17353 ( ဘာသာပြန်အနှစ်ချုပ် )
ဒီစာအုပ်ရဲ့ စာရေးသူ Rhonda Byrne (ရွန်ဒါဘာန်း) ဟာ ဩစတြေးလျ အမျိုးသမီးစာရေးဆရာဖြစ်သလို တယ်လီဗေးရှင်းပရိုဂျူဆာတစ်ယောက်လည်း ဖြစ်ပါတယ်။ စာရေးသူဟာ ဖခင်ဆုံးပါးသွားတာ၊ လူမှုဆက်ဆံရေးအဆင်မပြေတာတို့လို လောကဓံတွေကြောင့် ဘဝတစ်ကွေ့မှာ စိတ်ထောင်းကိုယ်ကြေ ဖြစ်ခဲ့ရဖူးပါတယ်။
ဒါပေမဲ့ သူမရဲ့သမီးက လွန်ခဲ့တဲ့နှစ် တစ်ရာကျော်လောက်ကထွက်ခဲ့တဲ့ “The Science of Getting Rich” ဆိုတဲ့စာအုပ်ကိုပေးဖတ်ခဲ့ပြီးနောက်မှာတော့ အဲဒီစာအုပ်ထဲကနေ ဘဝရဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီလျှို့ဝှက်ချက်ကတော့ ဒီစာအုပ်မှာလေ့လာရမဲ့ "The Law of Attraction" လို့ခေါ်တဲ့ ဆွဲငင်မှုဆိုင်ရာဥပဒေသတစ်ခုပါပဲ။ သမိုင်းတစ်လျှောက်က ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဒီလျှို့ဝှက်ချက် အကြောင်း နားလည်ကြသူတွေဖြစ်တယ်လို့ စာရေးသူ ဘာန်းကဆိုပါတယ်။
ဘာန်းဟာ ဒီလျှို့ဝှက်ချက်ကို ဝေမျှပေးချင်တာကြောင့် အဖွဲ့ သားတွေနဲ့အတူ မှတ်တမ်းဗွီဒီယိုတစ်ခု ရိုက်ကူးဖန်တီးခဲ့ကြပါတယ်။ သူတို့ဟာ ရက်သတ္တပတ် ခုနှစ်ပတ်အတွင်းမှာ ဒီလျှို့ဝှက်ချက်အကြောင်းဆွေနွေးပို့ချပေးမဲ့ ဆရာ 55 ယောက်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။
ဒီဆရာတွေထဲမှာ အတွေးအခေါ်ပညာရှင်တွေ၊ ဆရာဝန်တွေ၊ စိတ်ပညာရှင်တွေ နဲ့ ဘာသာရေးခေါင်းဆောင်တွေလို နယ်ပယ်အသီးသီးမှာ အောင်မြင်ထင်ရှားသူတွေ ပါဝင်ပါတယ်။ ရှစ်လအကြာမှာ တော့ ဘာန်းတို့ရဲ့အဖွဲ့ဟာ “The Secret” လို့ခေါ်တဲ့ ဗွီဒီယိုပရို ဂရမ်တစ်ခုကို ထုတ်လွှင့်နိုင်ခဲ့ကြပါတယ်။
ဒီဗွီဒီယိုဟာ တစ်ကမ္ဘာလုံးကလူတွေကို ရိုက်ခတ်သွားခဲ့ပြီး ကောင်းမွန်တဲ့သက်ရောက်မှုတွေ ရှိခဲ့တာကိုတွေ့ရပါတယ်။ ဒီဗွီဒီယိုကြောင့် စိတ်ကျရောဂါ သက်သာသွားသူတွေ၊ နာတာရှည်ရောဂါ ပျောက်ကင်းသွားသူတွေ၊ ရာထူးတိုးသွား သူတွေ၊ ကိုယ်လိုချင်တဲ့ ကြွယ်ဝချမ်းသာမှုရရှိသွားသူတွေ စ သဖြင့် အကောင်းဘက်ကို ပြောင်းလဲသွားသူတွေ အများကြီး ရှိကြောင်း ပြန်လည်ကြားသိခဲ့ရပါတယ်။
ကမ္ဘာတစ်လွှားက တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေ၊ ချာ့ဂ်ကျောင်းတွေနဲ့ ကျန်းမာရေးဌာနတွေဟာလည်း သူတို့ရဲ့ ကျောင်းသားတွေ၊ လူနာတွေ၊ တပည့်တပန်းတွေကို ဒီလျှို့ဝှက်ချက်အကြောင်း ဝေမျှပေးကြပါတယ်။ ဒီဗွီဒီယို အောင်မြင်အပြီးမှာ စာရေးသူဟာ ဆရာ 24 ယောက်ကိုစုစည်းပြီး ဒီနေ့လေ့လာရမဲ့ The Secret စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ပါတယ်။
The Secret စာအုပ်ရဲ့ အနှစ်ချုပ်မှတ်စုကို အခန်း (၄) ခန်း ခွဲပြီး ရေးသားထားပါတယ်။
ပထမခန်း : ဆွဲငင်ခြင်းဥပဒေသ (The Law of Attraction)
ဒုတိယခန်း : စကြဝဠာကြီး၏ ဖန်တီးမှုလုပ်ငန်းစဉ်
တတိယခန်း : ငွေကြေးနှင့် ဆွဲငင်မှုဥပဒေသ
စတုတ္ထခန်း : ကျန်းမာရေးနှင့် ဆွဲငင်မှုဥပဒေသ
မြန်မာမှာလည်းနာမည်ကြီးပြီး တစ်ကမ္ဘာလုံးကျော်ကြားခဲ့တဲ့စာအုပ်မလို့ ဖတ်ရှုဖို့ တိုက်တွန်းပါရစေနော်။
ရောင်နီ ( Book Review Sharing )
Keep Reading