Author's Profile Photo

Nyein

22/07/2024

တစ်ကိုယ်ရေသန့်ရှင်း ‌ေရာဂါကင်း

1 min read
Health
General Knowledge
18 Again
တစ်ကိုယ်ရေသန့်ရှင်း ‌ေရာဂါကင်း's photo

"?တစ်ကိုယ်ရေသန့်ရှင်း ရေဂါကင်း" ဆိုတဲ့ ခေါင်းစဉ်လေးအတိုင်း
တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတဲ့ အကျင့်ကောင်းလေးကို
ကလေးဘဝကစလို့
မွေးမြူသွားကြမယ်ဆိုရင် အကောင်းဆုံးဖြစ်ပါတယ်။

ဒါကြောင့်
တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဘယ်လိုစနစ်တကျလုပ်ကြမလဲဆိုတာကို ပြောပြချင်ပါတယ်။



? ၁။နံနက်အိပ်ရာထပြီဆိုတာနဲ့ ကိုယ်ရဲ့အိပ်ရာ၊အိပ်ရာခင်းတွေကို သပ်သပ်ရပ်ရပ်ခေါက်သိမ်းရပါမယ်။

? ၂။ညစ်ပတ်၊ဖုန်တင်‌ေနတဲ့ အိပ်ရာခင်း၊စောင်၊ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါ
နေထုတ်လှမ်းတာ၊
နှစ်ပတ်တစ်ခါ လျှော်ဖွပ်သန့်စင်တာတွေကို လုပ်ရပါမယ်။


? ၃။နံနက်လင်းပြီဆိုရင်
အိမ်ခန်းတံခါးတွေကို လေဝင်လေထွက်‌ေကာင်းအောင် ဖွင့်ထားပေးရပါမယ်။

? ? ၄။မျက်နှာသစ်တဲ့အခါ ဆပ်ပြာနဲ့သစ်ရပါမယ်။
မျက်နှာအတွက် သုံးတဲ့ဆပ်ပြာကို ကိုယ်တိုက်ဆပ်ပြာနဲ့မရောဘဲ မျက်နှာသီးသန့် အသုံးပြုရပါမယ်။

?? ၅။သွားတိုက်တဲ့အခါမှာ နံနက်အိပ်ရာထတစ်ကြိမ်၊
ညအိပ်ရာဝင်တစ်ကြိမ် တိုက်ပေးရပါမယ်။
သွားတိုက်တဲ့အခါမှာ သွားတိုက်ဆေးကို အနည်းငယ်သာထည့်ပြီး ဘေးတိုက်မတိုက်ဘဲ အပေါ်အောက်ဆွဲပြီး နှံ့နှံ့စပ်စပ်တိုက်ပေးရပါမယ်။

? ၆။ကိုယ့်ရဲ့ လက်သည်းခြေသည်းတွေကို
အရှည်မထားဘဲ တစ်ပတ်တစ်ခါ သေချာဂရုတစိုက်ညှပ်ပေးရပါမယ်။

? ၇။အိမ်သာတက်ပြီးရင်လည်း လက်ကို ဆပ်ပြာနဲ့သေချာပွတ်တိုက်ပြီး ပြောင်အောင် ဆေးဖို့လိုပါတယ်။

?? ၈။ရေကိုလည်း နေ့စဉ်မှန်မှန်ချိုးသင့်ပါတယ်။
ရေချိုးတဲ့အခါမှာလည်း
အရမ်းအေးလွန်း၊အရမ်းပူလွန်းတဲ့ရေ ကို မချိုးသင့်ပါဘူး။

? ၉။အဝတ်အစားတွေ ဝတ်တော့မယ်ဆိုရင်လည်း သေချာလျှော်ဖွပ်သန့်စင်၊နေလှန်းပြီးမှ ဝတ်ရပါမယ်။


? ၁၀။ထမင်း မစားမီ၊ထမင်း စားပြီး ၊အစာ မစားမီ၊အစာ စားပြီးတဲ့ အချိန်တွေမှာလည်း လက်ကို ဆပ်ပြာနဲ့ သေချာစနစ်တကျ ဆေးကြောသင့်ပါတယ်။

? ၁၁။အပြင်သွားတော့မယ်ဆိုရင်
လက်ကိုင်ပဝါလေးကို ဆောင်သွားသင့်ပါတယ်။
လက်ကိုင်ပဝါကို
ကိုယ်ချောင်းဆိုးရင်ပဲဖြစ်ဖြစ်၊သူတစ်ပါးချောင်းဆိုးရင်ပဲဖြစ်ဖြစ် ကိုယ့်နှာခေါင်းကို အသာအုပ်ထားရင် လေကနေတစ်ဆင့် ကူးစက်ပျံ့နှံ့တတ်တဲ့ရေဂါပိုးတွေကို အထိုက်အလျောက် ကာကွယ်ပြီးဖြစ်သွားပါလိမ့်မယ်။


?နောက်ဆုံးအနေနဲ့ပြောရရင် "တစ်ကိုယ်ရေ သန့်ရှင်း ရေဂါကင်း"ဆိုတဲ့အတိုင်း
နေ့စဉ်လူနေမှုဘဝမှာ
လူတိုင်းကိုယ်စီကိုယ်စီ ကိုယ်ရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုတစိုက်ပြုလုပ်သွားကြမယ်ဆိုရင်
"ကျန်းမာခြင်း" ဆိုတဲ့ ဆုလာဘ်ကြီးကို
လက်ဝယ်ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။



#Nyein
22/7/2024(Monday)

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)