ဥဒေါင်း
ပျောက်နေတဲ့ စာလေ့လာတဲ့ ပုံစံ
ကျွန်တော် တို့ မြန်မာနိုင်ငံ ကကျောင်းသားတွေမှာ ကိုယ်ပိုင်စာလေ့လာတဲ့ပုံစံကို တွေဖို့ မနည်းအလေ့ကျင့်ကောင်းတွေ မွေးမြူရပါတယ်။
ဒီရက်ပိုင်း ကျွန်တော် စာလေ့လာစရာ တခုပေါ်လာတာနဲ့ သေချာ Self study လုပ်တဲ့နည်းကို သေချာလေးရှာပြီးဖတ်ကြည့်တော့ ကျွန်တော် အရင်က Self study လုပ်ပေ့မဲ့ ဘာလို့ မထိရောက်လည်းဆိုတာ သတိထားမိသွားပါတယ်။
ကျွန်တော် ဘာသာစကားတစ်ခုကို လေ့လာနေတာ 3နှစ်ကျော်လောက်ရှိပါပြီ ဒါပေ့မဲ့ စာမေးပွဲ3ခါဝင်ဖြေတာမအောင်ဘူးဆိုပါတော့ အားနည်းတဲ့ အရာတွေဘာလည်းဆိုတာ သေချာသိပြီ စာမလုပ်နိုင်တာ 4လလောက်ဖြစ်သွားတာပေါ့ ။
ကျွန်တော် Beginner level ကနေ စပြီး ပြန်တက်တော့ဆရာမ က တကယ်ကောင်းတာပါ။သေချာလေးပြောပြပါတယ်။ကျွန်တော် က တခုအားသန်နေတာ သတိထားမိသွားတယ် ဆရာမက ကျွန်တော် ကို အိမ်စာတွေပေးပြီး ကျက်ရမှာတွေမှတ်ပေးလိုက်ပြီး အတန်းစတဲ့နေကြရင် မေးမယ်ထင်တာပေါ့ အရင်အတန်းတွေလို့ ဆရာမက အဲ့လို ဟုတ်မနေပါဘူး။အရမ်းလည်းတွန်းအားမပေးဘူး။ ကိုယ်လိုချင်ရင်ကိုယ်ပိုကျက်ဆိုတာမျိုး အခုကျက် အခုရတာကို အားမပေးဘဲ မြင်ရင်းသုံးနေရင်းနဲ့ အလွတ်ရသွားတာကို အားပေးတာပါ။ မှတ်ဉာဏ်ထဲမှာစွဲနေအောင် ဘယ်အချိန်မေးမေး မမေ့သွားတာမျိုးပေါ့။
ကိုယ်အသိစိတ်ဓာတ်နဲ့ ကိုယ် စာလုပ်ဆိုတဲ့သဘောပေါ့။
ကျွန်တော်တို့ တွေ ကျောင်းမှာ ဆရာမက ဒါတွေကျက်ဒါတွေ စားမေးပွဲမှာပါတယ် ။ အဲ့ဒီပုံစံ လုပ်ခဲ့တာပါ။ဒီကကျောင်းသားတွေ Self study လုပ်မယ်ဆို ဘယ်စလို့စရမှန်းမသိတော့ဘူး။ကျွန်တော်လည်း တိုင်ပတ်ခဲ့ပါတယ်။ Note ကမထုတ်တတ် ကျောင်းတုန်းက ဆရာမတွေထုတ်ပေးတဲ့ Note ကိုအသင့်လေးကူးပြီး အလွတ်ကျက်ခဲ့တာဆိုတော့ အကုန်အလွတ်ကျက်ခဲ့တာပါ။
ဘာသာစကားတွေလေ့လာရင်အလွတ်ကျက်တာက နေရာတိုင်းထိရောက်မနေပါဘူး။ဘာသာစကားမှ မဟုတ်ပါဘူး တခြားသောအရာတွေလေ့လာရင်းလည်းထိုနည်းတူပါဘဲ။
ဥပမာ-Vocab, meaning တို့ဆို ဟုတ်သေး Grammar ,Kanji တို့ဆိုရင် အဲ့အရာကို နေတိုင်းထိတွေ့နေမှ မှတ်မိတာပါ။
ဘယ်ဘာသာစကားမဆို နေ့တိုင်း မြင်အောင်ကြည့်နေမှ မကြောက်ဘဲ မှတ်မိသွားတာပါ။
International school က ကလေးတွေကတော့ အဲ့လို မဟုတ်ပါဘူး။
ကျွန်တော်လည်း Google ကနေ ရှာတွေ့ ထားတာပါ။ဒီမှာ ရေးထားတာထက်ပိုသိချင်ရင် Google မှာရှာဖတ်ပါ။
Self study လုပ်မယ်ဆို
၁။ တိကျသေချာပြီး ဖြစ်နိုင်တဲ့ Goal တွေသတ်မှတ်။(ဘာလိုလေ့လာတာလဲ အမှတ်ဘယ်လောက်ရချင်တာလဲ ဘယ်နှစ်လအတွင်း အစရှိတာတွေပေါ့ ကိုယ်လိုချင်တဲ့ အရာပေါ့)
၂။Goals တွေထဲကမှ ကိုယ့်အတွက်အရေးကြီးဆုံးဟာအရင်လုပ်။
၃။ကိုယ်လေ့လာမဲ့ ဘာသာရပ်စာမေးပွဲအကြောင်းလေ့လာ။(ဘယ်လို မေးခွန်းပုံစံလည်း အမှတ်ပြည့်ဘယ်လောက်လည်း အောင်မှတ်က ဘယ်လောက်လည်း အစရှိတာတွေလေ့လာပါ)
၄။ ကိုယ်လိုချင်တဲ့ Score တစ်ခု ရမှတ်တစ်ခုသတ်မှတ်။
၅။စာလုပ်တဲ့နေရာကို သေချာသတ်မှတ်။
(စားပွဲလေး သေချာသတ်မှတ်ထားပါ။ အိပ်ရာထဲမှာ စာမလုပ်ပါနဲ့။ အခုဆို ခေါက်စားပွဲလေးတွေရှိတော့အိမ်ကျဥ်းလည်း အဆင်ပြေမှာပါ။)
၆။ဖုန်းက Noti အသံတွေပိတ်ထားပါ။
(ဖုန်းတို့ Pc တို့နဲ့စာလုပ်တယ်ဆို ကြည်မဲ့အရာ နားထောင်မဲ့အရာ တွေကို သေချာ သတ်မှတ်ထားပါ။ ဖုန်းနဲ့လုပ်စရာ ရှိတာလုပ်ပြီးရင် အဝေးတစ်နေရာမှာ ထားလိုက်ပါ။ နားမလည်တဲ့စာလုံး တွေရင် မှတ်ထားပြီး စာလုပ်ပြီးမှ အေးဆေး ရှာကြည့်ပါ။)
၇။တစ်နေ့ လေ့လာမဲ့ အချိန်သတ်မှတ်ပါ။
၁နာရီ ဆို၁နာရီဆိုပြီး
၈။နားချိန်လေးပေးပါ။25မိနစ်စာလုပ် 5မိနစ်နား 50 မိနစ်စာလုပ် 10မိနစ်နား။
၉။လုပ်ပြီးသားစာတွေကို ကိုယ်တိုင်စာမေးပွဲလို ပြန်စစ်ပါ။
၁၀။မတူတဲ့ ဘာသာတွေကိုလေ့လာပါ။
လေ့လာတာ ဘာသာများတယ်ဆို အခုနာရီဝက်က Math လုပ်တယ်။ နောက်နာရီဝက်ကို တခြားဟာပြောင်းလေ့လာလိုက်ပါ။
၁၁။သင်ထောက်ကူတွေသုံးပါ။
Flash cards , Study guide , စတာတွေသုံးပါ။
၁၂။နေ့တိုင်း စာလုပ်ပါ။လေ့လာပါ။
၁၃။လုပ်ထားတာတွေကို ပြန်နွေးပါ။
6ရက်လေ့လာထားတဲ့ ဟာတွေကို ကျန်တစ်ရက်မှာ ပြန်နွေးပါ။
၁၄။အသံထွက်ဖတ်ပါ။
၁၅။နားတိုင်းရေသောက်ပါ။
အိပ်ရေးဝဝ အိပ်ပါ။
ပထမဆုံးလုပ်တဲ့ရက် ခက်ခဲပါလိမ့်မယ်။ ဖိအားအရမ်းပေးပြီး မလုပ်ပါနဲ့ ကျွန်တော် တို့က ပျော်ချင်လို့ တိုးတက်ချင်လို့ ဒီအရာတွေလုပ်တာလေ။ဖိအားတွေ ဖြစ်ချင်ဇောတွေနဲ့ဆို ပျော် ဖို့မကောင်းတော့ဘူး။စာလေ့လာရတာကို ကြောက်သွားလိမ့်မယ်။ နည်းနည်းဘဲလုပ်ပြီး ရက်တွေအများကြီးစုလိုက်ရင် Improve ဖြစ်တာတွေ့ပါလိမ့်မယ်။ မလောနဲ့။ ဖြေးဖြေးနဲ့ မှန်မှန်သာလုပ်။ဘာလုပ်လုပ် ပျော်နေဖို့လိုတယ်။
လျှောက်တဲ့လမ်းတွေ မြန်ဖို့ မလိုဘူး။မှန်ဖို့လို့တယ်။ Crd to original author
စာဖတ်သူများကိုအစဥ်လေးစားလျှက် စာအုပ်...
Photo Crd Pinterest
Keep Reading