Author's Profile Photo

အက္ခရာ - Haruki

21/07/2024

ပျင်းနေသူလေးတို့ ဖတ်ဖို့စာ

1 min read
Life Style
Personal Development
18 Again
ပျင်းနေသူလေးတို့ ဖတ်ဖို့စာ's photo

စာဖတ်သူလေးပျင်းနေတယ်ပေါ့?

ဒီလိုပျင်းရိငြီးငွေ့စရာနေ့ရက်တွေမှာ ကိုယ်လည်းအပျင်းပြေ ရေရှည်/ရေတိုပါ အကျိုးများစေမယ့် အလုပ်ကလေးတွေ ကိုယ့်ကိုယ်ကိုယ် ပြန်ခိုင်းထားတာက အကောင်းဆုံးအကြံဉာဏ်ဖြစ်ပါလိမ့်မယ်။

ဒီတော့ အိမ်မှာနေရင်းပျင်းနေသူလေးတို့အတွက် ထိရောက်ပြီး အကျိုးများမယ့်နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်ခင်ဗျာ။

အိမ်မှာနေရင်း ပျင်းနေသူတို့အတွက် ထိရောက်ပြီး အကျိုးများမယ့်နည်းလမ်းလေးများ

> ?? - လုပ်ချင်တာလေးတွေ ချရေး ၊ ချက်ချင်းထလုပ်

အရင်ဆုံးအကြံပေးချင်တာက ကိုယ့်ဘဝမှာ တစ်နေ့တော့လုပ်ဖြစ်အောင် လုပ်လိုက်ဦးမယ်လို့တေးထားတဲ့ Goals လေးတွေကို ပြန်စဉ်းစားပြီး စာရွက်ပေါ် ချရေးလိုက်ပါ။ အခု အိမ်ထဲမှာတင်လုပ်နိုင်မယ့် အလုပ် Lists ကလေးတွေ ပြန်ဆွဲထုတ်လိုက်ပြီး ချက်ချင်းထလုပ်လိုက်ပါ။

> ??‍? - ဆံပင်ပုံစံသစ်ထား

အိမ်ထဲကနေ အပြင်မထွက်ဖြစ်တာသေချာရင် ကိုယ့်ဘာသာ ဆံပင်ညှပ်ကြည့်လိုက်ပါ။ မညှပ်ခင် Instagram တို့ YouTube တို့လို ပလက်ဖောင်းတွေပေါ်ကနေ ကိုယ့်ဘာသာဆံပင်ညှပ်တဲ့နည်းစနစ်နဲ့ Tutorials လေးတွေ ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

တကယ်လို့ အပြင်ထွက်လို့ရတယ်ဆိုရင်လည်း အပြင်ဆံပင်ညှပ်ဆိုင်ကောင်းကောင်းမှာ ဆံပင်ပုံစံသစ်ညှပ်ဖို့လည်း အကြံပေးလိုက်ပါတယ်။ ? ( ဘာကြောင့်လဲဆိုတာတော့ သိတယ်ဟုတ် )

> ? - Audio-Books နားထောင်ပါ

စာအုပ်ဖတ်တာကတော့ အကောင်းဆုံး ပျင်းရိခြင်းကုထုံးဖြစ်ပါတယ်။ စာအုပ်ကိုင်ပြီးဖတ်ရတဲ့အရသာက သိပ်ကို ချိုမြိန်ဆန်းပြားပါတယ်။ စာအုပ်တွေက ကိုယ့်ရဲ့ အပြအမူနဲ့ ဘဝပေါ် မြင်တဲ့အမြင်တွေ ပြောင်းလဲစေနိုင်ပါတယ်။ စာအုပ်ကို လက်ထဲကိုင်မဖတ်နိုင်ရင်လည်း အသံစာအုပ်တွေ Audio-Books နားထောင်နိုင်ပါတယ်။

> ?? - Skills သစ်တစ်မျိုး လေ့လာပါ

ပညာရပ်တစ်ခုခုသင်တယ်ဆိုတာ ရေရှည်အကျိုးများမယ့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။ Skills သစ်ဆိုရာမှာ ဘာသာစကားတစ်ခုခု လည်း ဖြစ်နိုင်တယ် ၊ ဂီတတူရိယာအတီးသင်တာလည်း ဖြစ်နိုင်တယ်၊ ဘာသာရပ်တစ်ခုခုလိုက်စားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်တတ်ထားရင် အကျိုးများမယ့်ကိစ္စဖြစ်သလို လေ့လာရင်းနဲ့လည်း အပျင်းပြေသွားစေနိုင်ပါတယ်ခင်ဗျာ။

? - https://t.me/Life_Explored_Channel

နွေဦးအက္ခရာ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)