SarPhat Author
ပန်းအိုးနဲ စိုက်ပျိူးလေ့ရှိကြတဲ့ "Rosy periwinkle" (Catharanthus roseus) အပင်မှ ကင်ဆာရောဂါကို ကုသဖို့အတွက် ဆေးဝါးဖော်ထုတ်ကြတယ်။ 1950 ကျော် ကာလမှာတော့ ကနေဒါနိုင်ငံက ဆေးဝါးသုတေသနအဖွဲ့က ဒေသခံတိုင်းရင်းသားတွေ ဒီအပင်ကို ဆီးချို ကုသရန် ကာလကြာကြာကတည်းက အသုံးပြုတယ်ဆို သည့်အတွက် စမ်းသပ်ရန် သုတေသန ပြုလုပ်ခဲ့ကြတယ်။
အဲ့ဒီအပင်ကရတဲ့ ကြိတ်အညှစ်အရည်ကို ယုန်တွေကို ဆေးထိုးပေးတယ်။ ယုန်တွေကို အဲ့ဒီ အရွက်တွေကျွေးကြတယ်။ သွေးထဲက အချိုဓာတ် စမ်းသပ်မှုဟာ ထူးခြားတဲ့လက္ခာ ထွေထွေထူးထူး ဘာမှမတွေ့ခဲ့။ ဒါပင်မယ့် စမ်းသပ်ခံသတ္တဝါလေးတွေတော့ သေသွားကြတယ်။
(ဘာလို့စမ်းသပ်ခံ သတ္တဝါလေးတွေသေ သွားကြတာလဲ? )
စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ "ပယ်ရီဝင်ကယ်လ်အပင်" ရဲ့ ကြိတ်ရည်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးထဲက သွေးဖြူဉတွေကို လျော့နည်း ကုန်စေတယ်ဆိုတဲ့ အဖြေကိုရလာခဲ့ကြတယ်။ ရုက္ခဗေဒ ဆေးဝါးသုတေသန ဌာနတစ်ခုကတော့ အဲ့ဒီဆေးကို သွေးကင်ဆာ ဖြစ်နေတဲ့ ကြွက်တွေကို အစမ်းပေးကြည့်တယ်။ ကြွက်တွေဟာ သက်တမ်းပိုရှည်လာကြတယ် လို့တွေ့ရတယ်။
( ပယ်ရီဝင်ကယ်လ်အပင် က ကင်ဆာရောဂါပျောက်စေနိုင်တာလား? )
ဆက်လက်ပြီး သုတေသန လုပ်ကြတဲ့အခါ 1958 ခုနစ်မှာတော့ အဲ့ဒီအပင်တွေထဲက "အယ်လ်ကလွိုက် " တစ်မျိုးဟာ သွေးဖြုဥတွေပေါ်ကို တိုက်ရိုက် သက်ရောက် စေတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ ပညာရှင်တို့က "အယ်လ်ကလွိုက်" ကို "ဗင်ဘလတ်စ်တင်း" လို့ခေါ်ဆို အတည်ပြုလိုက်ကြတယ်။ "နှစ်ဆယ့်ငါးနှစ်" အတွင်း "အယ်လ်ကလွိုက်" အမျိုးပေါင်း 70 ခန့်တွေ့ရှိတဲ့အထဲမှ "ဗင်ဘလတ်စ်တင်း" ကတော့ ပါဝင်တဲ့ရာထိုင်နှုန်းဟာ အလွန်နည်းနေပါတယ်။
မြန်မာနိုင်ငံမှာတော့ "တစ်ပင်တိုင် မြနန်း" ဆိုတဲ့ ဆေးဖက်ဝင်နွယ်ပင်တစ်မျိုးဟာ အလွန်လူသိများကြပါတယ်။ ချွင်းချက်အနေဖြင့် ဒီဘက်ခေတ်မှဆိုရင် အသက်ရွယ်ကြီးသည့် အဘိုး ၊ အဘွား အများစု၊ ဒေသခံမှလူအများစု၊ ဗဟုသုတရှိတဲ့ လူအများစုသာ ဒီနွယ်ပင်ရဲ့ အကျိုးကျေးဇူးတွေကို သိရှိတာကိုတွေ့မြင်ရပါတယ်။ ဒီခေတ်လူငယ်အများစုကတော့ အဲ့ဒီနွယ်ပင်ရှိလားလို့မေးရင်တောင် (မသိဘူးလေ...) ဆိုတဲ့အဖြေကလွဲရင် ဘာမှဖြေနိုင်မယ်မထင်ပါဘူး။
(ကြားဖြတ်အနေဖြင့် လူငယ်များကို စာဖတ်ကြပါ။ ဗဟုသုတ၊ အသိပညာတိုးပွားအောင် စာပေများကိုလေ့လာကြပါ။ စာပေဆိုတာ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတိုက်ကြီးပါ။ စာဖတ်မှ တွေးခေါ််နိုင်မယ်၊ စဉ်းစားနိုင်မယ် လို့ ထပ်ကာထပ်ကာ ပြောပြချင်ပါတယ်)
(ကဲ.............ခုနက ဆေးဖက်ဝင်နွယ်ပင်လေးအကြောင်းကို ဆက်လက်တင်ပြပေးပါမယ်)
အဲ့ဒီနွယ်ပင်ဟာ (Cissus မျိုးနွယ်ထဲကလို့ ပြောကြပါတယ်) အပင်ရဲ့ အမြစ်မှာ ထူးခြားတဲ့သတ္တိတစ်ခုရှိပါတယ်။ အဲ့တာကဘာလဲဆိုတော့ "တစ်ပင်တိုင်မြနန်းနွယ်ပင်" ရဲ့ အမြစ်ဟာ အသက်ကယ်စေနိုင်တဲ့ သတ္တိရှိတာပဲဖြစ်ပါတယ်။ ကျိူချက်သောက်သုံးလျှင် ကင်ဆာရောဂါကို ပျောက်ကင်းစေနိုင်တယ်ဆိုပြီး အခုခါမှာ ပညာရှင်များက ဆေးဖက်ဝင်အဖြစ် သုတေသန လုပ်ထားကြပါတယ်။
"သင်္ဘောရွက်" ဟာဆိုလျှင်လည်း လူသိများတဲ့ ဆေးဖက်ဝင်အပင်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ အရွက်ကို ထောင်းပြီး ညှစ်လို့ထွက်လာတဲ့အရည်ကို ကင်ဆာရောဂါသမားများ သောက်သုံးပေးပါက ကင်ဆာရောဂါကို ပျောက်ကင်းစေတယ်လို့ မြန်မာသမားတော်များမှ ရေးသားသော စာအုပ်များထဲမှ လေ့လာဖတ်ရှုဖူးပါတယ်။
♦ အကျဉ်းချုပ်အနေဖြင့် မြန်မာ့တိုင်းရင်းဆေးနည်းတွေဟာ အလွန်အရေးပါပါတယ်။ အဓိက ကဗဟုသုတရှိဖို့ပဲဖြစ်ပါတယ်။
♦ဆရာမ ဂျုး၏ အစိမ်းရောင်အမွေနှစ် မှ ကောက်နုတ်ဖော်ပြထားပါတယ်ရှင်။
♥ကျန်းမာပျော်ရွှင်တဲ့ ဘဝလေး ပိုင်ဆိုင်နိုင်ကြပါစေ♥
နန်းသွေးသစ်
Keep Reading