Leo(Nann)❤️
ဒီနေ့မှာတော့ leoဖတ်ခဲ့ဖူးတဲ့စာအုပ်တွေထဲကမှ
Gone with the wind(လေရူးသုန်သုန်)
ဆိုတဲ့စာအုပ်လေးကို ဖတ်ကြည့်ကြဖို့ recommend
ပေးချင်ပါတယ်ရှင့်။
ဒီဝတ္ထုလေးရဲ့မူရင်းရေးသားသူကတော့
အမေရိကန်စာရေးဆရာမ မာဂရက် မစ်ချယ်ဘဲဖြစ်ပါတယ်။
Gone with the wind ဝတ္ထုဟာဆိုရင်
အမေရိကန်ပြည်တွင်းစစ်ကိုနောက်ခံထားပြီး
ပုံဖော်ထားတဲ့စိတ်ဝင်စားဖွယ်ဝတ္ထုတစ်ပုဒ်လည်းဖြစ်တာမို့ လက်မလွှတ်သင့်ပါဘူးနော်။
ဒီဝတ္ထုကို ဆရာကြီး မြသန်းတင့်ကမြန်မာဘာသာသို့ပြန်ဆိုထုတ်ဝေခဲ့ပါတယ်။
ဝတ္ထုကြီးတစ်ပုဒ်လုံးကို ပထမပိုင်း နှင့်ဒုတိယပိုင်းဆိုပြီး ၂အုပ်ထွက်ရှိထားပါတယ်ရှင့်။
စစ်ကြီးအတွင်းက ပြည်သူတို့ရဲ့ ဘဝအခြေအနေကို သာမန် သမိုင်းတစ်ခုအဖြစ်ရေးထားတာမဟုတ်ဘဲ
လူငယ်တို့၏အချစ်ရေး၊ မျိုးချစ်စိတ်အကြောင်းနှင့်ကပ္ပလီနှင့်လူဖြူတို့ကြားကဆက်ဆံရေးကို စိတ်လှုပ်ရှားစွာဖတ်ရှုရမှာဘဲဖြစ်ပါတယ်။ ဇာတ်လိုက်ကျော်မလေး စကားလက်အိုဟာရာရဲ့ ဘဝအချိုးအကွေ့တွေကို လှလှပပပုံဖော်ထားတဲ့ ဒီဝတ္ထုဟာဆိုရင်
ခမ်းနားတာတော့အမှန်ပါဘဲ။
ခေတ်ပျက်ကြီးမှာပရိယာယ်သုံးပြီး ဉာဏ်ရှိရှိ စီးပွားရှာတတ်တဲ့ ရတ် ဘတ်တလာနဲ့စကားလက်တို့တွေ့ကြပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို
ရင်တလှပ်လှပ်နဲ့ဖတ်ရှုသွားရမှာပါ။
ပြည်တွင်းစစ်ဖြစ်နေချိန်ကို ဇာတ်လမ်းယူထားတာကြောင့်
leoတို့ရဲ့ လက်ရှိမြန်မာနိုင်ငံအခြေအနေတွေနဲ့ထပ်တူကျနေတာမို့ ပိုပြီးရွေးချယ်ဖတ်ရှုသင့်တာပေါ့ရှင်။
ဝတ္ထုကောင်းလေးတစ်ပုဒ်မို့ဖတ်ကြည့်ဖို့တိုက်တွန်းလိုက်ရပါတယ်။
------------------------------------
အားလုံးကိုအစဥ်လေးစားလျှက်
Leo
Keep Reading