Author's Profile Photo

စာအုပ်

20/07/2024

မင်း(နင်) ဘာစောက်သုံးကျလဲ

1 min read
Culture

မင်း(နင်)က ဘာကောင်မို့လို့လဲ။


အရမ်းရိုင်းတဲ့ စကားလုံးပါ။ငယ်ရွယ်တဲ့ အချိန်မှာ လူတိုင်းမေးခံရတဲ့မေးခွန်းလိုမျိုးပါ။


ကျွန်တော်လည်း ဘာကောင်မှဟုတ်မနေတော့ မေးခံနေရတုန်းပါ။


ကျွန်တော်တို့ အတွက်အဲ့မေးခွန်းက လက်ရှိကာလ မှာ အဖြေမရှိပါဘူး။


နောင် ၅နှစ် ၁၀နှစ်ကသာ ကျွန်တော် တို့ရဲ့လုပ်ရပ်တွေက အဖြေပါ။


ဟုတ်ပါတယ်။ ကျွန်တော် တို့တွေ မိသားစုထဲမှာ သားသမီးနေရာကနေ တာ၀န်မကျေခဲ့တာတွေ ဆိုးခဲ့တာတွေ ရှိကောင်းရှိကြပါတယ်။


ဥပမာ ၁၀တန်းကျတာတို့ ဘွဲမရတာတို့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျသွားတာဘဲဖြစ်ဖြစ် အခြေအနေ​တွေမျိုးစုံပေါ့။ မိဘတွေအမြင်နဲ့ကြည့်ရင် အမှားတွေပေါ့။


စောက်သုံးမကျမှုတွေက လူတိုင်းမှာ ရှိကြပါတယ်။

လူတွေဘဲ  ပြီးပြည့်စုံ စင်းလုံးချော နေတာမျိုးမရှိပါဘူး။ဘယ်သူမှ အမြဲမှန်ကန်တာတွေ လုပ်နေကြတာမဟုတ်ပါဘူး။


လူတိုင်းကတော့ သူ့နေရာနဲ့သူ အသုံး၀င်အောင်လုပ်နေကြတာ ချည်းပါဘဲ။


ကျီးကန်းကို ရေကူးခိုင်းလို့ မရသလို လိပ်ကိုလည်း ပျံခိုင်းလို့ မရပါဘူး။


လူတိုင်းကတော့ ကိုယ်နိုင်တဲ့အားနဲ့ တန်တဲ့ ၀န်တွေထမ်းနေကြတာပါဘဲ။


ကိုယ်အတွက် အရမ်းဖိအားများတယ်လို့ ခံစားနေရတဲ့ပြသာနာတွေကလဲ သင့်တကယ်ဖြေရှင်းနိုင်လို့ ရောက်လာကြတာပါ။


မင်းဘာစောက်သုံးကျလဲ ဆိုတဲ့စကားကို လောလောလတ်လတ် ဖြေရှင်းနည်း တစ်ခုရှိပါတယ်။


အလုပ်၀င်သင့်တဲ့ အရွယ်ဆို


အလုပ်ရှာပြီး အလုပ်လုပ်ပါ။


အလုပ်လုပ်ရင် လူ့အမြင်တွေ တဖြေးဖြေး ပြောင်းလဲလာပါလိမ့်မယ်။


ကိုယ့်ကိုယ် ကို ယုံကြည်ချက်ရစေပါတယ်။

ငါ ကိုယ်ဟာကိုယ် တာ၀န်ယူနိုင်ပါလားဆိုပြီး။

အဲ့ယုံကြည်ချက်လေး ခိုင်မာလာရင် ကိုယ်တိုးတက်ဖို့ပိုလိုလားလာပါလိမ့်မယ်။


အဲ့ဒီလစာလေးနဲ့တော့ ပျော်ငွေ့မနေဖို့တော့ လိုပါလိမ့်မယ်။ ကိုယ်နေထိုင်ချင်တဲ့ဘ၀ ပုံစံ က ဒီအလုပ်ဆက်လုပ်နေရင် ဖြစ်နိုင် မဖြစ်နိုင် မေးဖို့တော့လိုပါလိမ့်မယ်။ ဖြစ်နိုင်တယ်ဆိုရင် ဆက်လုပ်ပါ မဖြစ်နိုင်ဘူး ထင်ရင်...



ကျောင်းတက်နေတဲ့ အရွယ်ဆို

စာမေးပွဲ တွေမှာ အမှတ်ကောင်းကောင်း ရအောင်လုပ်ပြလိုက်ပါ။


ကိုယ်လုပ်နေတဲ့ အရာတွေအတွက် သင့်သလို ကြိုးစားပြလိုက်ပါ။ကိုယ့်အတွက် ကိုယ်ကြိုးစားပါ။

တခြားသူအတွက်တော့ အထင်ကြီးအောင်လုက်ပြနေဖို့ မလိုပါဘူး။



စာဖတ်သူများကို အစဥ်လေးစားလျှက် စာအုပ်...

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ