SarPhat Author
၁။ ပြန်မလာတော့ဘဲ မင်းဟာ တစ်ခြားအရပ်မှာ စိတ်ပျော်လက်ပျော် ။စိတ်မောလက်မော အတိတ်ထဲမှာ စောင့်နေတဲ့သူက ပြန်မလာခြင်းများကို ချစ်ခဲ့သည်။
၂။ တစ်စုံတစ်ယောက်ကို စွဲလမ်းလာတဲ့အခါ မြင်ဖူးနေကျနေရာတွေကို ငေးကြည့်နေမိတယ်။ ကြားဖူးနေကျ အသံတစ်သံ မြင်ဖူးနေကျ အပြုံးကလေး ဘာမှထပ်တူမကျတော့တဲ့အခါ ကျွန်တော်ဒီနေရာကနေ လှည့်ထွက်လာတယ်။ရင်မှာလွမ်းတယ် စိတ်မှာဆွေးတယ် နှလုံးသားတော့ အဝီစိလိုအက်ကွဲကြောင်းတွေနဲ့။
၃။ ချစ်ခြင်းမေတ္တာလို့ စိတ်ထဲက တမ်းတလိုက်ရင် သူ့မျက်နှာပဲ ပြေးမြင်နေမိတယ်။ ချစ်ရတာ အန္တရာယ်များနေတာလား ဒါမဟုတ် လွမ်းရတာက အန္တရာယ်များနေတာလား။အကြောင်းပြချက်မရှိ ကျွန်တော်ပြိုလဲနေတယ်။
၄။ တကယ်ချစ်တတ်လာတဲ့အခါ ဘယ်သူမှ မခွဲလည်း တိမ်တွေလို လေထုရဲ့တွန်းကန်မှုကြောင့် ဝေးသွားရတာပါပဲ။ မနေ့က မြင်ခဲ့တဲ့ကောင်းကင်။ ဒီနေ့အညိုရောင် တိမ်တွေ ဖုံးလွှမ်းနေတယ်။ မျက်ဝန်းမှာလည်း မိုးတွေရွာနေတယ် ။ ရင်ခွင်တစ်စုံဟာ စိတ်ပျက်လက်ပျက်ပေါ့။
၅။ မင်းအဆင်ပြေရဲ့လားတဲ့ ။ ဘဝပျက်တာကလွဲရင် တခြားဒဏ်ရာတွေမရခဲ့ပါဘူး။ ဒဏ်ရာတွေနဲ့အတူ
ဘဝတွေပါသွားမယ်။ အတူရှိခဲ့ကြတဲ့ နေ့ရက်တွေပါသွားမယ်။ ခန္ဓာတစ်ခြမ်း ကမ္ဘာတစ်ခြမ်းနဲ့ အထီးကျန်ခြင်းတွေ ဖြစ်ချင်ဖြစ်နေမယ်။
၆။ ပင်လယ်ပြင်ကြီးထဲ ရွက်လွင့်ထားတယ်။ မိန်းကလေးတစ်ယောက်ကို ရှာမယ်။ ပြီးရင် ကမ္ဘာမှာ သိပ်ချစ်ရတဲ့အကြောင်း အဝေးရောက်တိမ်လွှာတွေကို ပြောပြမယ်။ ဒီလိုကြောင့်သာ စိတ်ရှိတဲ့အတိုင်းဖြစ်လာမယ့် သံသရာတစ်ခုကို ငါလိုအပ်တယ်။
၇။ တစ်ခုခုကို လိုအပ်တယ်လို့ ငါမပြောတော့ဘူး။ စိတ်အဟောင်းကြီးနဲ့ ရယ်စရာတွေက ကုန်ဆုံးသွားတတ်တယ်။ ထပ်ခါထပ်ခါ ကြည့်ဖြစ်နေတဲ့ ဇာတ်လမ်းတစ်ခုလို ငါ့စိတ်တွေလည်း လတ်ဆတ်မနေတော့ဘူး။
၈။ တစ်စုံတစ်ယောက်ကို အမြဲခေါ်ပြောနေချင်မိတဲ့ စိတ်တွေ ငါ့ခန္ဓာမှာ တပ်ဆင်ထားတယ်။ တစ်ချို့ခံစားချက်တွေက ရင်ထဲမှာထည့်ထားရင်းနဲ့ ရင်ထဲမှာပျောက်ကွယ်သွားတတ်တာမျိုး တစ်စုံတစ်ယောက်သိဖို့ လိုအပ်တယ်။
၉။ ဒိီနှစ်ထဲ ကမ္ဘာကြီးကို ကိုယ်စားပြုထားတဲ့ အသည်းကွဲကဗျာတွေ ပိုများလာတယ် ။ ငှက်ကလေးတွေလည်း အရင်နေရာမှာ မပျော်တော့ နောက်ထပ်နေရာအသစ်ရှာကြရတော့တာပဲ။ အမှောင်ကျနေတဲ့ ကောင်းကင်တစ်ခွင်မှာ လမ်းပျောက်နေတဲ့ ကြယ်တွေ ဘယ်သူ့ရင်ခွင်မှာ ခိုလှုံနေမလဲ။ စိတ်ပူတာ......
- Joy (ဘုန်းမိုးသွန်း)
Keep Reading