Author's Profile Photo

SarPhat Author

19/07/2024

လမ်းမဲ့ရထားရှည်လျားအမှောင်(ဇာတ်သိမ်း)

5 mins read
Art
လမ်းမဲ့ရထားရှည်လျားအမှောင်(ဇာတ်သိမ်း)'s photo


**လမ်းမဲ့ရထား ရှည်လျားအမှောင် ***


ဇာတ်သိမ်းပိုင်း


မောင်လူသစ်


လားရှိူးမြို့က အရမ်းအေးတာရယ်၊ဆောင်းတွင်းဆို အရိုးကွဲမတတ်အေးတယ်၊ မနက် ကိုးနာရီ၊ ဆယ်နာရီနဲ့ နေက သိပ်မထွက်ချင်ဘူး။.ညအိပ်ရင် အနွေးထည် အထပ်ထပ်၊ စောင်ထူကြီးတွေ အထပ်ထပ်နဲ့ အိပ်ကြရတယ်။


မိုးတွင်းဆိုရင်လည်း မိုးက သုံးလေးရက် စွေချင်စွေနေတတ်သေးတယ်၊ မိုးအေးနာက ပိုဆ်ုးသေးတယ်။ ပြောရရင်တော့ ရာသီဥတု ဆိုးဝါးပြင်းထန်တဲ့ဒေသမျိုးပေါ့။


အဲသလို အေးတဲ့ဒေသမျိူးမှာ မနက်စောစောစီးစီး ဆ်ုင်ကယ်စီးရတဲ့ဒုက္ခကလည်း အတော်ကြီးတယ်။ ဆ်ုင်ကယ်စီးနေရင်း လေကတိုးတော့ နဂိုအေးတာနဲ့ရောပြီး.တစ်ကိုယ်လုံး.အေးစက်တောင့်တင်းပြီး.သွေးခဲမတတ်ပါပဲ။


အဲဒီလိူ ဒုက္ခရောက်ပေမဲ့ စျေးသည်ဘဝဆိုတာ ငွေမြင်ရတယ်၊ပါးစပ်စို၊အူစိုတယ်၊ ကိုယ့်ဘဝကိုယ်ပိုင်တယ်၊ ပန့်းရံလုပ်တာထက် အများကြီးသာတယ်။ ဒါကြောင့်လည်း အေးအေးက ဒီဘဝကို ရအောင် ကြိုးစားယူလာခဲ့ရတာ။


အေးအေးကို အခုလိူ ဆိုင်ကယ် စျေးသည်ဖြစ်လာအောင် အရာရာ ကူညီပေးတာက မလှဌေး ပါပဲ။ မလှဌေးက ဟိုး အညာ လွင်တီးခေါင် အပူတောကနေ ဆင်းရဲလွန်းလို့ လင်မယားနှစ်ယောက် ခါးဝတ်ခါးစားနဲ့ လားရှိူးကို ရောက်လာခဲ့ကြတယ်။ ရောက်ခါစက ပလုံကောက်ကြရသေးတယ်။ နောက်တော့ ပန်းရံလုပ်တယ်။


လားရှိူးမှာ နေရင်း လေးငါးနှစ်လောက်ကြာတော့ ကလေးနှစ်ယောက်ရတယ်။ ကလေးနှစ်ယောက် ရခါမှ မလှဌေးရဲ့လင်တော်မောင်က သူများ မိုင်းရှူးဆိုလို့ မိုင်းရှူးကိူ သွားလိုက်တာ သုံးလလောက်အရမှာ မိုင်းရှူးမှာတင် ဖျားသေသွားတယ်။


မလှဌေးလည်း လင်မရှိတော့ပေမဲ့ လားရှိူးက လွဲပြီး ဘယ်မှသွားစရာမရှိတော့ လားရှိူးမှာ ပေကပ်နေရင်း ပန်းရံဘဝကနေ ဆိုင်ကယ်နဲ့လည်ပြီး ဘုရားပန်းရောင်းတယ်။ နောက်တော့ ဘုရားပန်းထက် တွက်ခြေကိုက်တဲ့ ဆိုင်ကယ်စျေးသည် ဘဝကိုရောက်သွ့ားတယ်။


စျေးရောင်းရင်းနဲ့ပဲ အိမ်ပိုင်လေးဖြစ်လာတယ်။ အညာသူကနေ လားရှိူးသူဖြစ်သွားတယ်။စျေးရောင်းလည်လာပြီး ဖေါက်သည်လည်းများလာတယ်။ စျေးရောင်းရင်း လူရည်လည်းလည်လာတယ်။


မလှဌေးရဲ့ ရောင်းသက်က ကြာနေတော့ ရောင်းကွက်ကလည်း အတော်ကျယ်တယ်။ သူ့ဆိုင်ကယ်မှာ စီးသူကို မမြင်ရလောက်အောင် ကုန်စိမ်းကုန်ခြောက်အထုတ်တွေက ပြွတ်သိပ်ပြီး ပဒေသာပင် သီးနေတယ်။



ရောင်းသက်ကြာတော့ ဘယ်နေရာမှာ ဘာကို သွားရောင်းရင်ဘယ်လိူစွံမယ်ဆိုတာကိူ မလှဌေးက သိနေတယ်။ အဲသလို ဝါရင့်နေတဲ့ မလှဌေးက အေးအေးရဲ့ စျေးသည်ဘဝအတွက် လက်ဦးဆရာ ပေါ့ ။


မလှဌေးတို့လို အမျိူးသမီးစျေးသည်တွေနဲ့ အမျိူးသားအချို့ကတော့ ကိုယ့်နယ်မြေနဲ့ကိုယ် လားရှိူးမြို့တွင်း မြိုပြင် ရပ်ကွက်တွေကို လှည်ပတ်ရောင်းချကြပေမဲ့ မြို့

တွင်းစျေးကွက်ကို အားမရဘဲ ရပ်ဝေးကိူ တစ်ညအိပ်စျေးသွားရောင်းကြတဲ့ အမျိူးသားတွေလည်းရှိကြသေးတယ်။


အဲသလိုရပ်ဝေးစျေးသည်အမျိူးသားတွေက စျေးသွားရောင်းရင်လည်း ကိုယ့်အုပ်စု နဲ့ကိုယ် ဆယ်ယောက် လောက်တစ်အုပ်စု အုပ်စုဖွဲ့ပြီးသွားရတယ်။ အပြန်လည်း အုပ်စုလိုက်ပြန်ကြရတယ်။


ဆိုင်ကယ်နဲ့အုပ်စုလိုက်စျေးသွားရောင်းကြတဲ့ အမျိူးသားတွေက လားရှ်ူးကုန်စိမ်းတန်းက်ု ညဦးကတည်းက သွားပြီး သူတို့လို အပ်တဲ့ ကုန်စိမ်းမျိူးစုံ၊ ကုန်ခြောက်မျိူးစုံနဲ့ အသား ငါးတွေကို သူတို့ဝယ်နေကျဖေါက်သည်တွေဆီကနေ ဝယ်ရတယ်။ အားလုံးက ကြွပ်ကြွပ်အိတ်တွေနဲ့ ထုတ်ပိုးထားပြီးသားပဲ။


သူတို့စျေးဝယ်ပြီး ၊သူတို့ဆိုင်ကယ်တွေမှာ ချိတ်ဆွဲထည့်သွင်းပြီးချိန်ဟာ မနက် သုံးနာရီကျော်လောက်၊လေးနာရီလောက်ပေါ့၊ စျေးသည်တွေဟာ အများအားဖြင့် သိန်းနီကိုသွားရောင်းကြတာရှိတယ်၊ ကွတ်ခိုင်ကိူ သွားကြတဲ့ အုပ်စု ရှိတယ်။


လားရှိူးကနေ မနက် သုံးနာရီလောက် အုပ်လိုက်ကြီး ထွက်လာကြတဲ့ ဆိုင်ကယ် စျေးသည် အုပ်စု ကြီးဟာ သူတို့လိုရာ ကွတ်ခိုင်တို့၊ သိန်းနီတို့ကို မနက် ခုနှစ်နာရီ၊ ရှစ်နာရီလောက်ဆ်ုရင် ရောက်သွားကြပြီ။


အဲလိုရောက်သွားပြီဆိုရင် ကိုယ်သွားရောင်းရမဲ့ နေရာအသီးသီးဆီကို ကိုယ်စီ ကိုယ်စီ လမ်းခွဲထွက်သွားကြပြီ။ အစွန်အဖျား တောရွာတွေအထိ သွားရောင်းကြတာ တနေကုန်တယ်။


တနေကုန်ပတ်ရောင်းကြပြီး ညနေ ပြန်ဖို့ ဆုံရပ်ကို သတ်မှတ်ထားကြတယ်။ စျေးရောင်းပြီး ဆုံရပ်ကို ညနေ လေးနာရီကျော်လောက်ပြန်ဆုံကြတယ်။ စုပြီး လားရှိူး က်ု ပြန်လာကြတယ်။ အပြန်လမ်းကျတော့ လမ်းမှာ ဆိုင်ကယ်ရောလူပါ ဆီဖြည့်ကြတာပေါ့။


သူတို့လားရှ်ူးပြန်ရောက်တော့ ည ဆယ့်တစ်နာရီ ၊ဆယ့်နှစ်နာရီထိုးပြီ။ ကိုယ့်နေရာကိုယ်ပြန် အိပ်ကြတာရယ်။ အရမ်းပင်ပန်းသလို ပိုက်ဆံလည်းရတယ်။ စျေးတစ်ရက်သွားရောင်းပြီး နောက်ရက် သွားရောင်းကြပြန်တာပဲ။

ပင်ပန်းပေမဲ့ ပိုကိဆံ ရတော့ ပင်ပန်းတယ်လို့လည်း မထင်ကြတော့ဘူးပေါ့။



အဲသလို ရပ်ဝေးကိူ သွားရောင်းတာက အမျိူးသားတွေပါ။ အမျိူးသမီးတွေ မလုပ်ကြဘူး။ အမျိူးသမီးတွေက မြို့တွင်းစျေးသည်ပဲ လုပ်ကြလေ့ရှိတယ်။


မလှဌေးက စျေးရောင်းတာလည်းကြာပြီ၊ လားရှ်ူးမှာ အခြေကျပြီး လားရှ်ူးသူလည်းဖြစ်နေပြီ။ အေးအေးက သူ့ကို အားကျတယ်။ တချိန်ကျရင် မလှဌေးလို စျေးရောင်းရင်း အိမ်ပိုင်ရမယ်လို့ စိတ်ကူးထားတယ်။


အမှန်က ကိုယ့်သဘောနဲ့ကိုယ် ဆိုင်ကယ် စျေးသည်လုပ်လို့ မဖြစ်ဘူး။ ဘယ်နေရာ ဘယ်ရပ်ကွက်ကို ၊ဘယ်နေရာကို သွားရောင်းရမှာတုန်း။ အကြောင်းမသိရင် ရွာလည်သွားမယ်၊ ဘာမှမရောင်းရဘဲ အရင်းပြုတ်သွားမယ်။


လားရှိူးမြို့ကြီးက အကြီးကြီး၊ ရပ်ကွက်ကြီးတွေကလည်း အကျယ်ကြီးတွေ၊ လူတွေကလည်း အများကြီး ဆိုပေမဲ့ ဆိုင်ကယ်စျေးသည်တွေဟာ သူ့အပိုင်နဲ့သူ ခြေချင်းလိမ်နေကြတယ်။ ဘေးလူဝင်ဖို့မလွယ်ဘူး။


အေးအေးကို မလှဌေးက သနားလို့ အစစအရာရာ ကူညီသင်ကြားပေးတယ်။ လက်တွဲခေါ်ပေးတယ်။ သူရောင်းနေကျ စျေးကွက်ထဲကနေ အေးအေးအတွက် နယ်မြေနဲ့ဖေါက်သည်ကို ဖဲ့ပေးတယ်။ ဒါကြောင့်သာ အေးအေးခမျာ ဆိုင်ကယ်စျေးသည် ဖြစ်လာရတာ။


ပထမတော့ အူလည်လည်ဖြစ်နေပေမဲ့ တစ်ပတ် ဆယ်ရက်လောက်ကြာတော့ အတော်ကလေး အသားကျလာတယ်။.သွားရဲလာရဲ ဖြစ်လာတယ်။ လမ်းတွေလည်း.ကျွမ်းလာတယ်။ ဆိုင်ကယ်စီးလည်း.ကျွမ်းလာတယ်။ စျေးသည်သဘာဝ နှုတ်သွက်လျှာသွက်လည်း ဖြစ်လာတယ်။ တစ်လအတွင်းမှာ မလှဌေးက. အေးအေးကို ကိုယ့်ခြေထောက် ကိုယ်ရပ်နိုင်အောင် လေ့ကျင့်ပေးလိုက်တာရယ်။ အေးအေး တကယ့်စျေးသည် ဖြစ်သွားရပြီပေါ့။


စျေးရောင်းရတာက ကိုယ်ပိုင်အလုပ်ဆိုတော့ လွတ်လပ်တယ်၊ စားချင်တာကို ဝဝလင်လင် စားနိုင် တယ်။ ကလေးတွေလည်း စားချင်တာစားရတော့ စိူစိုပြေပြေလေးတွေ ဖြစ်လာကြတယ်။


မလှဌေးက အေးအေးကိူ သူ့အိမ်နဲ့နီးတဲ့ အဆောင်တစ်ခုကို ပြောင်းခိုင်းတယ်။ မလှဌေးကလည်း.မုဆိုးမဘဝနဲ့ ရုန်းကန်နေရတော့ အေးအေးကို ကိုယ်ချင်းစာပြီး ကူညီစောင့်ရှောက်ပေးတဲ့သဘောပဲ။


အေးအေး တူလေး နှစ်ယောက် လည့်း.ဘုန်းကြီးကျောင်းမှာ ကိုရင်စည်းပြီး ကိုရင်ဘဝမှာ ပျော်နေကြတယ်။မူလတန်းစာတွေ၊ ပရိတ်ကြီးတွေတောင် သင်နေနိုင်ကြပြီ။ သူတို့လေးတွေက သူတို့ရဲ့ ဘဝပေးအသိအရ ရာသက်ပန် ဘုန်းကြီးဝတ်သွားတော့မယ်လို့ ဆုံးဖြတ်ထားကြတော့ အေးအေးက သူတို့အတွက် ပူစရာ မလိုတော့ဘူး။


မလှဌေးက ရည်ရွယ်ချက်ကြီးတယ်။သူဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လားရှိူးကိုရောက်လာပြီး အမျိူးမျိူးသောဒုက္ခဆင်းရဲတွေကိုခံခဲ့ရပြီးပြီ၊အခု လင်သေမုဆိုးမဘဝနဲ့ ရုန်းကန် နေပြီး ကိုယ်ပိုင်အိမ်ကလေး နဲ့ဖြစ်လာပြီ၊ လားရှိူးမှါအခြေကျနေ​ပြီ။ သူ့ကလေးတွေကလည်း လားရှိူးမှာပဲမွေးပြီး လားရှိူးဇာတိဖြစ်ပြီး ကျောင်းနေနေကြပြီ။ အခြေကျသွားပြီပေါ့။


ဒါပေမဲ့ နေပူ မိုးရွာ မရှောင် ဆိုင်ကယ်တစ်စီးနဲ့ စျေးလည်ရောင်းနေတဲ့ဘဝကကျွတ်ပြီး လားရှိူးစျေးထဲမှာ ကုန်ခြောက်ဆိုင်ဖွင့်ချင်တယ်၊ အထိုင်နေချင်တယ်။ အဲဒါကိူ မလှဌေးက ကြိုးစားနေတာ။


သူ အခြေအနေကောင်းလို့ ဆိုင်နဲ့ကန္နားနဲ့ အထိုင်ကျသွားရင် သူ အခု လက်ရှိရောင်းနေတဲ့ ဆိုင်ကယ်စျေးသည် စျေးကွက်ကို အေးအေးနဲ့လွှဲပေးခဲ့တော့မယ်။ဒါမှလည်း အေးအေးဘဝလည်း.ထူထူထောင်ထောင်ရှိသွားမယ်လို့မလှဌေးက တွက်ထားတာရယ်။


အဲသလိုနဲ့ ရာသီတွေပြောင်းပြီး တစ်နှစ်ကျော်လောက်အကြာမယ် မလှဌေးတစ်ယောက် သူ့ရည်မှန်းချက်အတိုင်း လားရှ်ူးမြို့မစျေးကြီးထဲမှာ ကုန်ခြောက်ဆိုင် ဖွင့်နိုင်သွားတယ်။ ဆိုင်ခန်းလေး ဝယ်နိုင်သွားတယ်။


ကုန်ခြောက်ဆိုင် ရဲ့သဘာဝက နေရာနဲ့ဖေါက်သည်ပဲလိုတယ်။ ကုန်ပစ္စည်းတွေက ဆိုင်အရောက်လာပို့ကြတာရယ်။ အဟောင်းပေး အသစ်ယူစနစ်ပေါ့။.မလှဌေးတစ်ယောက် အထိုင်ကျသွားပြီလို့ ဆိုရမယ်။


မလှဌေး အထိုင်ကျသွားတော့ မလှဌေးရဲ့ ဆိုင်ကယ် စျေးသည်ဘဝက စျေးကွက်ရယ်၊ ဖေါက်သည်တွေရယ်က အေးအေးလက်ထဲရောက်လာတယ်။ မလှဌေးရဲ့ စေတနာ မေတ္တာ အမွေလို့ ပြောရမယ်။


အခုဆိုရင် အေးအေးဟာ တကယ့် ပတ်ကားဝါရင့်ဆိုင်ကယ်စျေးသည်ကြီး ဖြစ်သွားပြီ။.လှစ်လှစ်ကလေးဖြစ်သွားပြီ။ မလှဌေးလက်ထွက် ဒုတိယ မလှဌေးဖြစ်သွားပြီ။နောင်တချိန်မှာ မလှဌေးလို ဆိုင်နဲ့ကန္နားနဲ့ ဖြစ်သွားနိုင်လိမ့်မယ်လို့ အားလုံးက ထင်ကြေးပေးနေကြပြီ။


အေးအေးကပိုက်ဆံအဆင်ပြေလာတော့ ကိုရင်စည်းနေတဲ့ သူ့တူ ကိုရင်နှစ်ပါးကိုလည်း သင်္ကန်းလေး၊ ဝတ္ထုငွေလေး လှူနိုင်လာသလို သူနဲ့သူ့ကလေးတွေလည်း ပြောင်ပြောင်ရောင်ရောင် လေး ဝတ်နိုင် စားနိုင်လာတယ်။ ဆိုင်ကယ် ခပ်လတ်လတ်လေးတစ်စီးလည်း.ချိန်းန်ုင်လာတယ်။


စျေးရောင်းရတာ ပင်ပန်းပေမဲ့ ပိုက်ဆံရနေတော့ လူလည်း ရွှင်လန်းတက်ကြွပြီး တောင့်တင်းစိုပြေလာတယ်။အေးအေးဘဝ တဖြည်းဖြည်း အိုကေလာပြီလို့ ဆိုရပေမယ်။


အေးအေးဘဝ အဲသလိူအခြေကျတော့မယ်ဆိုတဲ့ အနေအထားရောက်ခါမှ အေးအေးဘဝကို အပြောင်းအလဲဖြစ်သွားစေတဲ့ အခြေအနေတစ်ရပ်ဟာ ဘွားကနဲပေါ်ပေါက်လာခဲ့တယ်။ အဲဒါကတော့ တရုတ်ပြည်ထဲ အလုပ်သွားလုပ်ရင်း ပျောက်ဆုံးသွားတဲ့ သူ့အမ ဌေးဌေး ဟာ လားရှိူးကို.ရုတ်တရက်ကြီး ပြန်ရောက်လာတာပဲ။


ဌေးဌေးလည်း ဟိုမေး ဒီစမ်းနဲ့ အေးပေးတို့ကို ရှာတွေ့သွားတာရယ်။ မသေမပျောက်ပြန်တွေ့ကြတော့ ညီအမ နှစ်ယောက်ဖက်ပြီး ငိုလိုက်ရတာ ။


ကလေးတွေကတော့ အေးအေးကိုပဲ သူတို့အမေ လို့ထင်နေကြတော့ ဌေးဌေးကို အမေလို့ မသိကြတော့ဘူး။.ဌေးဌေးခမျာလည်း သူ့သားသမီးတွေကို ဖက်ဖက်ပြီး ငိုလိုက်ရတာ။ တကယ့်ကို ကြေကွဲစရာကောင်းသလို ဝမ်းသာစရာလည်းကောင်းတယ်။


ဌေးဌေးက တရုတ်ပြည်မှာ တရုတ်တစ်ယောက်နဲ့ညားပြီး အခြေကျနေပြီ။ သူ့လင်တရုတ်က လယ် ဧက နှစ်ဆယ်လောက်ပိုင်တဲ့ လယ်သမား။.ဌေးဌေးလည်း.တရုတ်စကားတွေတတ်ပြီး တရုတ်မ ဖြစ်နေပြီ။ သူတို့ အိမ်ထောင်ရေး စီးပွားရေး လူမှုရေး.အားလုံး အဆင့်ပြေတယ်။


အခုလည်း အခြေအနေပေးတုန်း.ဌေးဌေးက သူ့ကလေးတွေကိူ လာခေါ်တာတဲ့။ အေးအေးကိုလည့်း ခေါ်သွားမယ်။.ဟိုမှာ တရုတ်တစ်ယောက်နဲ့ အိမ်ထောင်ရက်သား ချပေးမယ်။.ညီအမ နှစ်ယောက် မခွဲမခွါနေကြမယ်ပေါ့။


ကိုရင်စည်းနေတဲ့ အကြီးကောင်လေးနှစ်ယောက်က သူနို့အမေ ဌေးဌေးနဲ့ လိုက်မသွားကြဘူး။.သူတို့က ဘုန်းကြီးဝတ်ကြမယ်ဆိုပြီး ကျန်နေရစ်ခဲ့တယ်။


ကျန်တဲ့ သမီးလေး.သုံးယောက်ကိုတော့ ဌေးဌေးက ခေါ်သွားတယ်။ အေးအေးကလည်း ထည့်ပေးလိုက်တယ်။ အေးအေးက သူ့အမနဲ့ လိုက်မသွားဘူး။ လားရှိူးမှာပဲ ကျန်နေရစ်ခဲ့တယ်။ ဌေးဌေးလည့်း သူ့ညီမကိုခေါ်မရလို့ ငိုပြီး ပြန်သွားရရှာတယ်။


အခုဆိုရင် အေးအေး တစ်ယောက် တည်းပဲကျန်တော့တယ်။ သံယောဇဥ်တွေက သူ့ကို ခွဲခွာသွားကြပြီ။ ဒီ သံယောဇဥ်မီးတွေက သူ့ တစ်ဘဝလုံးကိူ လောင်မြိုက်ခဲ့တယ်။ သံယောဇဥ်ကိူ နောက်ထပ် သူ မလိုလားတော့ဘူး။ ကြောက်တယ်။


ဌေးဌေးနောက်ကိူ လိုက်သွားပြီး တရုတ်ပြည်မှာ တရုတ်ကိုလည်း မယူချင်သလိူ ဗမာပြည်မှာ နေခဲ့ပြီး ဗမာကိူလည်း မယူချင်ဘူး။ ရှမ်းကိုလည်း မယူချင်ဘူး။ ဘာသောကကိုမှလည့်း မလိုချင်တော့ဘူး။


လူမှန်းသိကတည်းက လောင်မြိုက်ခဲ့ရတဲ့ဘဝကိူ စိတ်ကုန်တယ်။ ဒီဘဝကို ငြီးငွေ့တယ်။ အေးအေး ဆုံးဖြတ်လိုက်ကာ ရှင်းတယ်။


မလှဌေးက. အေးအေးဆုံးဖြတ်ချက်က်ု သဘောကျတယ်။.သူပဲ အစစအရာရာ တာဝန်ယူပြီး အေးအေးကို သီလရှင်ဝတ်ပေးလိုက်တယ်။


အေးအေးဘဝဟာ အခုမှ တကယ့် အေးငြိမ့်းခဲ့ရပါပြီ။

ပူပြင်းလောင်မြိုက်မှုတွေ ချုပ်ငြိမ်းခဲ့ရပြီ။


အေးအေးဘဝဟာ လမ်းမရှိတဲ့ရထားလို ကမောက်ကမ ဖြစ်ခဲ့ရတယ်၊ ဘဝအမှောင် ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ရတယ်။ အခုတော့ အေးအေး.လမ်းတွေ့သွားပြီ။ အလင်းတွေ့သွားပြီ။ အလင်းလမ်းမပေါ်မှာ ဆက်လက် လျှောက်လှမ်းသွားနိုင်တော့မယ်လေ ။ ။


ပြီးပါပြီ


မောင်လူသစ်

၁၉. ၇. ၂၀၂၄

Keep Reading

Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်းနှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်ညမင်္ဂလာ (Movie Review)၂၁ရာစု မြန်မာ​ခေတ်ပြိုင် ပန်းချီ - ၁မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)လွင့်မျောနှင်းစက်များ❝ဈေးရောင်းခြင်း အနုပညာ❞ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃)