Sandi Cho
ကိုယ့်ကိုယ်ကို ဘာလုပ်လုပ် အသုံးမကျဘူးလို့ ခံစားရတယ်။သိမ်ငယ်ရတယ်။ငါဘာလို့ ဒါလေးတောင်မလုပ်နိုင်တာလဲဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ချိုလည်း အရင်တုန်းက အဲလိုအခြေအနေကို ကြုံခဲ့ဖူးပါတယ်။
အဓိက အဲလို ကိုယ့်ကိုယ်ကို အားမလိုအားမရစိတ်ကိုဖြစ်စေတာကကိုယ်ကို သူများနဲ့ အမြဲတမ်းနှိုင်းယှဉ်နေတတ်လို့ပါ။ကိုယ်နဲ့တူတူလျှောက်လာတဲ့သူက တစ်စုံတစ်ခုကိုရသွားရင် သူကျတော့ ရနိုင်တယ်။ငါကျတော့ ဘာလို့မရနိုင်တာလဲဆိုပြီး ကိုယ့်ဟာကိုယ် သိမ်ငယ်စိတ်ဖြစ်ကြတယ်။အားမလိုအားမရဖြစ်ကြတယ်။
ဒါပေမယ့်ချိုပြောချင်တာက လူတိုင်းကtimingမတူကြဘူး။ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုရတဲ့သူရှိသလို အချိန်တစ်ခုမှ ရတဲ့သူလည်းရှိတယ်။ဘာကွာသွားလဲဆိုတော့ အချိန်တစ်ခုမှရတဲ့သူက သူရထားတဲ့အရာကို ပိုတန်ဖိုးထားတတ်တယ်။အခက်အခဲတွေကနေ သင်ခန်းစာတွေပိုသင်ယူလို့ရလို့ ပိုရင့်ကျက်တယ်။
ချိုတို့ပတ်၀န်းကျင်က ချိုတို့ကိုမွေးကတည်းက ထည့်ပေးလိုက်တဲ့ စိတ်ကလေးရှိတယ်။ကိုယ်အရာတစ်ခုခုမှာမတော်တာနဲ့ ကိုယ်လုံး၀ကျရှုံးသွားသလိုမျိုးခံစားချက်ပါ။ကိုယ်ကျောင်းစာမှာမတော်တာနဲ့ ကိုယ်ဘ၀က လုံး၀ဆင်းဆင်းရဲရဲဖြတ်သန်းရတော့မလိုမျိုး၊စာမေးပွဲလေးတစ်ခုကျတာနဲ့ ကိုယ်ကလုံး၀သုံးစားမရတဲ့သူလိုမျိုး၊အလုပ်လေးပြုတ်တာနဲ့ ကိုယ်ကထမင်းငတ်သွားမယ်ပုံမျိုးတွေ ပြောကြတယ်။အကြောက်တရားကို ရိုက်သွင်းကြတယ်။အဲဒါကြောင့် ချိုတို့စိတ်ထဲမှာ ကြောက်ကြတယ်။ကိုယ်ကျရှုံးသွားမှာကို၊ကိုယ် သူများနဲ့အမှီမလိုက်နိုင်မှာကို ကြောက်ကြတယ်။
အကြောက်တရားရှိတာကောင်းပေမယ့် လွန်ကဲရင်တော့မကောင်းဘူး။ကျရှုံးမှုတွေကနေ သင်ခန်းစာယူပြီး ပြန်ထနိုင်ခဲ့ကြတဲ့သူတွေအများကြီး။အချိန်တစ်ခုထိကြိုးစားခဲ့ရပေမယ့် ကြိုးစားမှုရဲ့ ရလဒ်ကို စံစားနေရတဲ့သူတွေအများကြီးပါ။အဲဒါကြောင့် မကြောက်ပါနဲ့။ကျရှုံးသွားမှာကိုရော တစ်ခြားသူတွေနဲ့အမှီမလိုက်နိုင်မှာကိုရောမကြောက်ပါနဲ့။
ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေတဲ့ အခြေအနေကိုရပ်ချင်ရင်self awareness ရှိဖို့လည်း အရေးကြီးပါတယ်။ကိုယ့်ကိုယ်ကို ပိုပြီးတော့ နားလည်လာမယ်၊ကိုယ်စိတ်အခြေအနေတွေကို ပိုပြီး သတိထားနေမယ်ဆို သူများနဲ့နှိုင်းယှဉ်တတ်တဲ့ အကျင့်လည်း ပျောက်သွားပါလိမ့်မယ်။
self awarenessရှိဖို့ဆိုရင် ကိုယ်ရဲ့ စိတ်ခံစားချက်တွေ၊အတွေးတွေကို သေချာစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ကိုယ်ခေါင်းထဲကိုမကောင်းတဲ့အတွေးတစ်ခု၀င်လာတာနဲ့ အဲဒါကိုထုတ်ပြစ်လိုက်ပြီး ကောင်းတဲ့အရာလေးတွေ အစားထိုးပြီးတွေးပေးလို့ရပါတယ်။self awarenessတိုးဖို့ဆို နေ့တိုင်း ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်သင့်ပါတယ်။ငါဒီနေ့ဘာတွေလုပ်ခဲ့တာလဲ။အခွင့်အရေးသာရှိရင် ငါဘယ်လိုပြောင်းလုပ်လိုက်ချင်တာလဲ ဆိုတာတာတွေးပါ။အဲလ်ိုကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်းက မနေ့က ကိုယ်ထက်ကောင်းမွန်တဲ့ကိုယ်ကို မနက်ဖြန်မှာ မွေးဖွားပေးပါလိမ့်မယ်။
ပြီးတော့စိတ်တည်ငြိမ်ဖို့ အချိန်တစ်ခုပေးပြီး တရားထိုင်တာလေးတွေ လုပ်ပေးသင့်ပါတယ်။self awarenessရဲ့ နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ ကိုယ့်ရဲ့အောင်မြင်မှုအားလုံးအတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။အောင်မြင်မှုကြီးကြီးမားမားဖြစ်စေရာမလိုပါဘူး။ကိုယ်လုပ်ခဲ့အရာတွေဖြစ်မြောက်သွားတယ်ဆိုတဲ့အချက်က ချိုတို့ရဲ့စိတ်ထဲမှာ ကိုယ့်ကိုယ်ကို လေးစားတဲ့ စိတ်တွေကို မွေးဖွားပေးလို့ တစ်ခြားသူတွေနဲ့ နှိုင်းယှဉ်မိတာတွေလည်း မရှိတော့ပါဘူး။
နောက်ဆုံးအဓိကအချက်ကဝောာ့ စိတ်ရှည်ဖို့ပါ။
Patience is power?
မြန်မာမှာလည်း စကားပုံတစ်ခုရှိတယ်။လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်။ခရုလေးသူလမ်းသူသွားနေတဲ့ချိန် တခြားသူတွေက သူကိုဝိုင်းလှောင်ကြတယ်။ဒါပေမယ့် အချိန်တစ်ခုကြာပြီးရင် အဲလှောင်ခဲ့တဲ့သူတွေ အံဩသွားအောင်ထိကို ခရုလေးကနေရာတစ်ခုထိရောက်နေပြီ။
ချိုတို့ရဲ့ဘ၀တွေကလည်းအဲလိုပဲ။နေ့ချင်းညချင်းအောင်မြင်သွားဖို့ဆိုတာ ထင်သလောက်မလွယ်ဘူး။ပြီးတော့ လွယ်လွယ်ရတဲ့အောင်မြင်မှုက ကြာရှည်မခံဘူး။အဲဒါကြောင့်ဖြည်းဖြည်းချင်းသာကြိုးစားနေပါ။အချိန်တစ်ခုရောက်ရင် ချိုတို့က ချိုတို့မထင်ထားလောက်အောင် တိုးတက်ပြောင်းလဲလာလိမ့်မယ်။အဲဒါကိုပိုသတိထားမိချင်ရင်diaryရေးသင့်ပါတယ်။တစ်နှစ်လောက်ပဲကို ကိုယ်တော်တော်ပြောင်းလဲသွားတယ်ဆိုတာ သတိထားမိပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။တစ်ခြားသူတွေလောက်မလုပ်နိုင်ဘူးဆိုပြီးတော့လည်း အားမငယ်နဲ့။ချိုတို့ရဲ့လုပ်နိုင်စွမ်းတွေက အချိန်တစ်ခုကိုစောင့်နေတာ။အချိန်တစ်ခုကြာပြီးရင် ချိုရဲ့ စာဖတ်သူလေးတွေလည်း အောင်မြင်မှုကို ဆွတ်ခူးနိုင်လိမ့်မယ်ဆိုတာ ချိုယုံကြည်ပါတယ်....?
Sandi Cho?
#SandiCho
#ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေပြီလား
Keep Reading