Author's Profile Photo

သော်ထက်ဇင်

19/07/2024

Telegraph Link Preview မပေါ်တဲ့ Error

1 min read
General Knowledge

ဒီရက်ထဲ Error တော်တော် တက်တယ်။

ပထမ Vpn ချိတ်မရဘူး။
လက်တော့က အားသွင်းမရဘူး။

ဝိုင်ဖိုင်ချိတ်ရပြီး ဘာမှသုံးလို့မရတဲ့
Error တက်တယ်။

နောက်ဆုံး တယ်လီဂရမ်မှာ
Link Preview မပေါ်တဲ့ Error တက်တယ်။

အပေါ်ကဟာတွေတော့ မပြောတော့ဘူး။
ဘာဖြစ်လို့ ဖြစ်မှန်းလည်း မသိလို့။

တယ်လီဂရမ်မှာ Link Preview
မပေါ်တာ ပြောမယ်။
တခြားလူတွေ ကြုံရင် အခက်မတွေ့စေချင်လို့။

ကျွန်တော်ရဲ့ Telegraph Link တွေ
တယ်လီဂရမ်မှာ Link Preview မပေါ်တာက
လင့်ရှည်လွန်းလို့ ဖြစ်တာ။

Telegraph က ပထမဆုံးရေးတဲ့
Title ကို နောက်မှာ ရက်စွဲထည့်ပြီး
လင့်သတ်မှတ်တယ်။

အဲဒီမှာ ကျွန်တော်က
အခန်း (၁၉) ချိပ်ပိတ်လက်နက်များလို့
ပထမဆုံး ရေးလိုက်တော့
လင့်က အရှည်ကြီး ဖြစ်သွားပြီး
တယ်လီဂရမ်မှာ ပြန်တင်ရင်
Link Preview မပေါ်တော့ဘူး။

Error တက်တဲ့ အကြောင်းရင်း သိသွားတော့
ကျန်တာက ဘာမှမခက်တော့ဘူး။

ပထမဆုံး Title ကို အင်္ဂလိပ်လို ခပ်တိုတိုပေးလိုက်ရင်
Telegraph Link က တိုသွားရော။

အဲဒီမှာ Error ရှင်းသွားတာပဲ။

ဘာမှသာ မဟုတ်တာ။
ကျွန်တော် တော်တော် ခေါင်းစားလိုက်ရတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"စကားချိုသာလျှင် လိုရာကိုရသည်"အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်