Author's Profile Photo

Moe

18/07/2024

သွေးပျစ်ခြင်းအကြောင်း

1 min read
Health
General Knowledge
သွေးပျစ်ခြင်းအကြောင်း's photo


သွေးထဲမှာ သွေးနီဥ၊သွေးဖြူဥ၊သွေးဥမွှားနဲ့သွေးရည်ကြည်ဆိုပြီးရှိပါတယ်ရှင့်။
သွေးနီဥဖြစ်ဖြစ်၊ သွေးဖြူဥဖြစ်ဖြစ်၊သွေးဥမွှားပဲဖြစ်ဖြစ်၊သွေးရည်ကြည်ထဲကပါဝင်ပစ္စည်းတွေပဲဖြစ်ဖြစ် ပုံမှန်ရှိသင့်တာထက် ပိုများလာတာနဲ့ သွေးပျစ်တာဖြစ်လာနိုင်ပါတယ်ရှင့်။

သွေးပျစ်တာကနေရောဂါတွေအများကြီးဖြစ်လာနိုင်ပါတယ်ရှင့်။
ကင်ဆာရောဂါတွေ၊သွေးတိုးရောဂါ၊နာတာရှည် အဆုတ်ရောဂါနဲ့မွေးရာပါ နှလုံးရောဂါစတဲ့ရောဂါတွေကိုဖြစ်နိုင်ပါတယ်ရှင့်။

သွေးပျစ်ခြင်းက သွေးလွှတ်ကြော၊ သွေးပြန်ကြော၊ဆံချည်မျှင်သွေးကြောတိုင်းမှာ ဖြစ်နိုင်ပါတယ်ရှင့်။
တချို့ကဘာရောဂါ လက္ခဏာမှ မခံစားရဘဲ သွေးစစ်ရင်းတွေ့တာလည်း ဖြစ်နိုင်ပါတယ်။

လက္ခဏာတွေက

ခေါင်းမူးခြင်း၊
ခေါင်းကိုက်ခြင်း၊
တက်ခြင်း၊
သတိလစ်ခြင်း၊
နားအူခြင်း၊
ထုံကျင်ခြင်း၊
လှုပ်ရှားမှုအားနည်းလာခြင်း၊
အမြင်အာရုံတဖြည်းဖြည်းကျလာခြင်း၊ရုတ်တရက်မမြင်ရတော့ခြင်း၊
ရင်ဘတ်အောင့်ခြင်း၊
ဗိုက်အောင့်ခြင်း၊
ခြေထိပ်လက်ထိပ်များ နာကျင်ခြင်း၊ခြေထောက်သွေးကြောပိတ်ခြင်း၊
ရေနွေးချိုးပြီးတဲ့အခါ အသားယားလာခြင်းတွေဖြစ်တတ်ပါတယ်ရှင့်။

ကာကွယ်ဖို့..

ဆရာဝန်ညွှန်ကြားချက်အတိုင်း သွေးကျဲဆေးတွေသောက်ရပါမယ်ရှင့်။
ဆေးလိပ်၊အရက် ရှောင်ရပါမယ်ရှင့်။
အဆီအစိမ့်များတာတွေကိုလည်းရှောင်ရပါမယ်ရှင့်။

#Moe

Keep Reading

"World Brain Day"မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာDoorway Effectလူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။