SarPhat Author
ဒီနေ့အတွက် ခေါင်စဥ်းများစွာနဲ့ ကဗျာနဲ့အက်ဆေးများကို အဝဖတ်ရှူဖို့အတွက် အကောင်းဆုံးကြိုးစားထားပါတယ်။
အတိတ် နေ့စွဲ 7.7
ချစ်မိတဲ့အတိတ်က တစ်စုံတစ်ရာကိုလွမ်းတဲ့အခါမှာ
ဘယ်လိုစိတ်တွေနဲ့ တစ်ယောက်ထဲ ချန်ထားခဲ့ရက်သလဲ။ ဒီလိုမျိုး စဥ်းစားမိရင်း အသက်မဲ့ခန္ဓာတစ်ခုနဲ့ ကြေကွဲနေရတယ်။ အနားမှာ မရှိတော့တဲ့ နေ့ရက်တွေကို ပြန်လည် တမ်းတမိရင်း ညသန်းခေါင်မှာ ရေတွက်ခဲ့တဲ့ ကြယ်ပွင့်ကလေးတွေက ကောင်းကင်တစ်ခွင်တွင် မျက်စိတစ်ဆုံးပါပဲ ။ ဝေဟင်မှာ ဆွေးတယ်။ ပြန်မဆံနိုင်တဲ့ သံသရာ ဝဲဂယက်ထဲပစ်ချသွားတယ်။ တစ်ခါပြန်တွေးမိပြီး မင်းကသိပ်ရက်စက်တာပဲ။
ပြန်မလာခြင်းများကို စောင့်ခဲ့တယ်
ငါတို့ ဘယ်နေရာမှာ လွဲခဲ့ကြတာလဲ။ ငါတို့ဘယ်နေရာမှာ မှားခဲ့ကြတာလဲ ။ ငါတို့ဘယ်နေရာမှာ ပြောင်းလဲသွားကြတာလဲ။ မင်းရောငါရော သတိမထားမိလိုက်တဲ့အချိန်တွေမှာ တိမ်တွေက ခွဲလို့ ဝေးသွားရတဲ့အဖြစ်မျိုး။ တစ်ယောက်တစ်လမ်း သွားခွင့်ရှိမနေတဲ့အခါ ငါတို့ဟာ မဆုံသောဖူးစာတွေဖြစ်ခဲ့ကြသလို ပြန်မလာခြင်းများကိုလည်း စောင့်ခဲ့ဖူးတယ်။
သမီးလေးရေ
လောကကြီးမှာ အပေါ်ယံဆက်ဆံတဲ့သူတွေများလာတဲ့အခါ တစ်ယောက်ထဲနဲ့ လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်အောင် ကြိုးစား။ကြိုးစားနေတဲ့အခါ လဲကျသွားရင်လည်း ပြန်မထနိုင်တဲ့အချိန် တက်နင်းသွားကြမဲ့ လူတွေမို့ ပြန်ထနိုင်အောင် ထပ်ကြိုးစား။အရမ်းလည်း မငိုနဲ့ အရမ်းလည်း စိတ်မညစ်နဲ့ ။ သမီးလေးက ကမ္ဘာကြီးအတွက် လူသားတစ်ယောက်ဆိုပေမယ့် ကမ္ဘာကြီးက သမီးလေးအတွက် အားအင်မမျှတဲ့ တိုက်ပွဲတစ်ခုပေါ့။
အရာရာတွေးတက် မြင်တက်ဖို့ကြိုးစား။ပင်ပန်းလာတဲ့အခါ ခါတော်မှီ အနားယူ။ ဘဝကတိုရတယ်ထင်ပေမယ့် ကြိုးစားနေသူအတွက် နေ့ရက်တိုင်းက ရှည်လျားလှတယ်။
ကမ္ဘာ မှာ အေးချမ်းချင်တယ်
တစ်ခါတစ်လေ စိတ်အေးလက်အေး တိတ်ဆိတ်စွာနေချင်တယ်။လူတွေရဲ့အဝေးမှာနေပြီး သာယာသော မနက်ခင်းရဲ့အသာကို အဝခံစားကြည့်ချင်တယ်။ညတွေဆို ဖြစ်လွယ်ပျက်လွယ်အရာတွေ မတွေးပဲအိပ်စက်ချင်တယ်။ ကော်ဖီခွက်လေးနဲ့အတူတစ်ယောက်ထဲ စိတ်ပျော်လက်ပျော် ငေးမှိုင်ချင်တယ်။ ဘဝမှာ လူအများကြီးနဲ့နေရတာထက် တစ်ယောက်ထဲ နေရတာကို ပိုလိုအပ်တယ်။ အပူပင်တွေကြားထဲမနစ်မျောချင်ဘူး ကျွန်တော် ကမ္ဘာ မှာ အေးချမ်းချင်တယ်။
ဖြစ်လွယ် ပျက်လွယ် အတိတ်
ဘယ်တော့မှ မရောက်ဖြစ်တော့မယ့် ရင်ခွင်တွေရှိမယ်။
ဘယ်တော့မှမဆုံနိုင်တော့မယ့် လမ်းတွေရှိမယ်။
သတိရတဲ့အချိန် ပြေးတွေ့လို့မရတဲ့နေ့ရက်တွေရှိမယ်။
အဖြစ်အပျက်တစ်ခုပေါ့ကွာ အတိတ်ဆိုတာကလည်း
လွမ်းချင်တဲ့အခါလွမ်းသလို ငိုတဲ့အခါငိုမယ်။
- Joy (ဘုန်းမိုးသွန်း)
Keep Reading