ယဥ်သီရိလှိုင်(ဆောင်း)
မေ့ရဲ့ဘဝကတော့အရင်လိုချောမွေ့မနေတော့ပါဘူး ပတ်ဝန်းကျင်ရဲ့ပြောစကားတွေကို နားထဲရောက်စပြုနေပါပြီ
"ဟဲ့ ဟိုတယောက်အကြောင်းကြားမိလား မာနတထောင်နဲ့ ဘယ်သူ့မှလူမထင်တဲ့ကောင်မလေ "
"ဘယ်သူလဲ အော် မေနန္ဒာကိုပြောတာလား ကြားသားဘဲ အခုသာဘာမှမဖြစ်သလိုနေတာပါအေ ဗိုက်ထွက်လာမှ ဟိုလူကယ်ပါဒီလူကယ်ပါဖြစ်မှာမြင်ယောင်သေး "
"ဟုတ်ပဟယ် ငထူးကလည်းအဲ့လောက်အဆိုးကြီးမဟုတ်ပါဘူး သူ့ဟာနဲ့သူတော့ဥစ္စာပေါရုပ်ချောဆိုတာလေးရှိပါတယ် မူးလာရင်သာ "
"ဟဲ့ ဟိုမှာလာပြီ"
....
"မေ နင့်အကြောင်းပြောနေကြတယ် "
"အဲ့တာဘာဂရုစိုက်ရမှာလဲ လျှာရိုးမရှိတိုင်းပြောနေတာ အားအားယားယား"
"ဟဲ့ နင်ဘယ်သူ့ကိုပြောတာလဲ"
"ဘယ်သူ့ကိုပြောတယ်ထင်လဲ "
"ကောင်မ ရုပ်ကိုက နင့်ကိုနင်ဟုတ်လှပြီထင်နေလား လူကြည့်တော့မကြာခင်ဗိုက်ထွက်မယ့်ကောင်မကများ ကလေးအတွက်တော့သနားပါတယ်အေဘယ်သူ့အဖေခေါ်ရမှန်းမသိ "
"နင့်ပါးစပ်ကိုပိတ်ပြီး သွားလိုက်တော့နော် နောက်မှငါ့အဆိုးမဆိုနဲ့ "
"မပိတ်တော့ဘာလုပ်ချင်လဲ"
"ဘာလုပ်ချင်လဲဆိုတော့ ကဲ "
"ဟမ် ကောင်မ နင်ကများ နင်ကငါ့ကိုရိုက်တယ်ပေါ့ ဟင် သေစမ်း"
"ညီမ ညီမ မလုပ်နဲ့ "
"ဖယ် လွှတ် ကျွန်မကိုလွှတ် "
....
"ဘယ်လိုဖြစ်ရတာလဲညီမရယ် ကိုယ့်ကိုကိုယ်ထိန်းမှပေါ့ကွာ ကလေးမှမဟုတ်တော့တာဘဲ ရန်ဖြစ်ရမှာလား ပြပါဦး ဘယ်နားနာသွားလဲ"
"ကျွန်မဆီမလာနဲ့လိုပြောထားတာရှင်မကြားဘူးလား ကိုဇေယျာဖြိုး "
"ကြားတာပေါ့ကွာ ကိုကအကန်းမှမဟုတ်ဘဲ ညီမကိုမတွေ့ဘဲမနေနိုင်တာ ဘယ်လိုလုပ်ရမှာလဲ"
"ဟို တခုလောက်ဝင်ပြောပါရစေအကို မေပြောသလိုလုပ်လိုက်ပါ အခုဆိုတရွာလုံးကမေ့ကိုရှေ့တင်တမျိုးကွယ်ရာတမျိုးပြောနေကြတာ အကိုသာမေနဲ့အခုလိုတွဲသွားတွဲလာတြွ့နေရင် အကို့ကိုလည်းတမျိုးထင်ကြလိမ့်မယ်"
"ဘယ်လိုထင်ထင်ညီမရယ်အကိုဂရုမစိုက်ပါဘူး မေ ကို့ကိုကြည့်ပါဦးကွယ် ဘယ်လို ဘာလို့ငိုနေရပြန်တာလဲမေရယ်"
"ကျွန်မတောင်းပန်ပါတယ် ရှင်သာကျွန်မနားရှိရင်ကျွန်မ "
"ညီမလေး စိတ်မရှိရင်ခနလောက်"
"အာဟုတ် ဟုတ်ကဲ့ မေ ငါဟိုနားမှာစောင့်နေမယ်နော်"
"မေ ကိုပြောတာလေးစဉ်းစားပေးပါကွယ် မေသာအဆင်ပြေမယ်ဆိုရင်ကိုနဲ့လက်ထပ်ရအောင်နော်"
"ဘယ်လိုစဉ်းစားရမှာလဲအကို ကျွန်မကအရင်လိုမဟုတ်တော့ဘူး အကိုမလုပ်ခဲ့တဲ့ကိစ္စတခုအတွက်ဘာကြောင့်များတာဝန်ယူချင်နေရတာလည်းအကိုရယ်"
"မေ့ကိုချစ်လို့ပေါ့မေရယ်"
......
"ဝေါ့ အဟွတ် ဟွတ် ဝေါ့"
"သမီး ရရဲ့လား ဟင် လေတွေအန်နေတာလား အိုဖြစ်ရလေ"
"အမေ့ ...."
"တိတ် တိတ် အချိန်တန်ရင် ဒါတွေဖြစ်မယ်ဆိုတာကြိုသိတာဘဲမလားသမီးရယ် ဘာမှအားငယ်စရာမလိုဘူး အမေတယောက်လုံးရှိတယ်"
....
***မေ့ရဲ့ဗိုက်လေးမှာ တဖြည်းဖြည်းပူလာတာကြောင့် အိမ်ပြင်မထွက်တော့ဘဲ အိမ်ထဲမှာဘဲတကုပ်ကုပ်နဲ့ အလုပ်တွေလုပ်နေတော့တယ် တကယ်တမ်းမိန်းမတယောက်မှာ အားငယ်တဲ့ချိန်ဆိုတာတကယ်ရှိပါတယ် ဘယ်လောက်ဘဲသန်မာနေချင်ယောင်ဆောင်နေပါစေ မိန်းမဟာမိန်းမပါဘဲ
"ဒေါ်လေးရေ ဒေါ်လေး မေရှိလား "
"အေးရှိတယ်လေ လာ "
"ဟာ မေဘာတွေလုပ်နေတာလဲဟ "
"မလုပ်ပါဘူးကြက်ဖရယ် မန်ကျည်းရွက်ချွေပေးနေတာ အခုနောက်ပိုင်းချွေတာတွေဘဲဝယ်ကြတော့တာလေ နင်ရောဘာတွေလုပ်နေတုန်း မတွေ့တာရြာတော့ငါ့သူငယ်ချင်းကြီးတော်တော်ခန့်လာတာဘဲ နော်အမေ"
"ဟုတ်ပ ပြီးရင်နင့်သူငယ်ချင်းနဲ့ခြံထဲမန်ကျည်းရွက်သွားခူးပေးလိုက်ဦး "
"ပြီးပြီဒီမှာက အမလေး ကျွတ်ကျွတ်"
"ဟဲ့ရလားဖြည်းဖြည်းထလို့ညည်းကိုပြောတယ် ရရဲ့လားအေ ငါသွားလိုက်မယ်"
"ရတယ်အမေ ကိုပေါက်စအတိုးလာပေးလိမ့်မယ် အမေယူထားလိုက်နော် စာရင်းထဲမှာရှိတယ်ယူရမှာက "
"အေးအေး"
....
"မေ နင့်ကြည့်ရတာအားမရှိသလိုဘဲ အစားလေးဘာလေးဂရုစိုက်စားစမ်းပါ ဒီအချိန်ကအားပြည့်နေရမှာနင်မွေးဖို့ဘယ်လောက်လိုသေးလဲ "
"အမေပြောတာတော့သိပ်မလိုတော့ဘူးတဲ့ရက်ပိုင်းဆိုလား မသိပါဘူး "
"အေးလေ မလိုတော့ဘူးဆိုအားပြည့်နေမှ နင်ဘာစားချင်လဲပြော "
"အမယ် တယ်ဟုတ်နေပါလား ဘာလဲ နိုင်လာတာလား "
"နင်ကလည်းဟာ ငါ့တွေ့တာနဲ့နိုင်လားဘဲ ငါ့မှာလဲငါ့အလုပ်နဲ့ငါရှိပါတယ်ဟ "
"ဟုတ်ကဲ့ပါရှင့် ကျွန်မမသိလို့ပါရှင့် ဟားဟား"
"ဟားဟား ဟား မေ နင်သိလား နင်မရှိတည်းကငါတို့တွေဆီမှာခြောက်ကပ်သွားတာ ရဲတောင်လာဖမ်းပါလာဖမ်းပါခေါ်နေရတယ်လှုပ်လှုပ်ရှားရှားဖြစ်သွားအောင်လို့ "
"ဟုတ်လား အဲ့လောက်တောင် ဖြစ်ရတယ်ကြက်ဖရယ် အော် နင်မေးလို့ဝယ်ကျွေးခိုင်းရမယ် ဟိုဘက်ရွာက မုန့်ဖက်ထုပ်လေနင်သိတယ်မလား ငါစားနေကျ အဲ့တာစားချင်တယ် ဝယ်ပေးမလား"
"ဒါပေါ့ အခုစားမလား သွားဝယ်ပေးမယ် အဲ့လိုလေးပြုံးနေစမ်းပါမေရယ် အော် မခူးနဲ့နော်ငါခူးပေးမယ် ခနဘဲစောင့် ဆိုင်ကယ်ပါတယ်"
"အေးပါ သွား စောင့်နေမယ်"
......
**ထူးလွင်တယောက်မေကိုယ်ဝန်ရှိနေတယ့်သတင်းကြားကြားခြင်း ကလေးအတွက်ဆိုပြီးသူကိုယ်တိုင်မွေးစရိတ်ရှာဖို့မြို့တက်သွားတာ မနေ့ကဘဲပြန်ရောက်တယ် ရောက်ရောက်ချင်းမေ့ဆီလာခဲ့ပေမယ့် မေကအိပ်ပျော်နေတာကြောင့်ဒီနေ့ထပ်လာပြန်ပါတယ်
"အား ကျွတ် ကျွတ် နာလိုက်တာ အမေ့ အမေရေ အမလေး နာလိုက်တာ ဘယ်သူရှိလဲ "
ဗိုက်နာနေသော်လည်း ကိုယ့်အားကိုမကိုးရင်မရတာကြောင့် အားတင်းပြီးခြံဝထိရောက်အောင်တရွတ်တိုက်သွားခဲ့တယ် မွေးခါနီးလို့ရေမွှာတောင်ပေါက်နေပြီပေါ့လေ
"အား တယောက်ယောက် ဘယ်သူရှိလဲ ဟူး ဟူး"
"မေ မေ ဘာဖြစ်တာလဲ ဗိုက် ဗိုက်နာတာလား လာ ငါချီမယ် "
"နင် ငထူး အား ငါ့ကိုမထိနဲ့ ဖယ်စမ်း အမေရေ အား နာလိုက်တာ "
"ဒေါ်လေး ဒေါ်လေး မြန်မြန်လာပါ မေ မွေးတော့မယ်ထင်တယ် လုပ်ပါ "
"အေး သွားသွားလက်သည်သွားခေါ် မြန်မြန်သွား "
"အား...အမေ့ ကလေးက မလှုပ်တော့ဘူး အမေရေ လုပ်ပါဦး အမေ "
အပိုင်း (၉)နောက်ရက်တင်ပေးပါ့မယ်ရှင့်
ချစ်သော readers လေးတွေ?
Keep Reading